မှတ်ဖွယ် မှတ်ရာ
စာပဒေသာ ( ၄၂ )
တွေးမိတွေးရာ ရေးမိရေးရာများ ။
ကျန်းမာရေး အတွက်
ရှေးလူကြီးသူမ များချ မှတ်ထားခဲ့သော စကားများ နဲ့
သင့်ကျန်းမာရေးအတွက်
သန့် ၄ သန့်
ဆီး၊ ဝမ်း ၊ သွေး ၊ လေ ။ များအကြောင်း ။
ဒီ ၄ မျိုး က အလုံးစုံ သန်ံစင် နေရင် ၊
သင့်ကျန်းမာရေး ကောင်းနေပြီ။
မကြာမီက ဆေးရုံဆေးခန်း တစ်ခုမှာ
မိမိရဲ့ ဆီးနဲ့ သွေး ကို ဆေးစစ်ခဲ့တဲ့
ရခဲ့တဲ့
ရလဒ်တွေကို ပြန်သုံးသပ်ကြည့် တွေးမိ ရေးချ မိပါတယ် ။
၁။ ဆီး
ဆီးက ဆီး စစ်စစ် သာ ဖြစ်ရမယ် ။
ဆီီးထဲ မှာ ခန္ဓာကိုယ်တွင်း၊ ကိုယ်ထဲကအခြားပစ္စည်းဘာတစ်ခုမှ မပါရဘူး။
ဆီးဆိုတာ စားလိုက် သောက်လိုက်တဲ့ အစာနဲ့ အရည် တွေ ကို ခန္ဓာကိုယ်ထဲက ၊ကလီစာ မျိုးစုံ က ဝါးမျိုချေဖျက်ပြီး၊ နောက်ဆံုးရောက်လာတဲ့ခန္ဓာကိုယ်ထဲက ထုတ်ပစ်ရမဲ့အရည်၊ သေး ရည် ၊ အညစ်အကြေးတွေ ပါ။
အစာချေဖျက်ပုံအဆင့်ဆင့် ။
အစာ ထဲပါလာတဲ့ အရည်မျိုးစုံကို ပါးစပ်က ရှေးဦးစွာ ဝါးမျို ပြီးတဲ့အခါ ၊ လည်ချောင်းကတစ်ဆင့် အစာအိမ်ထဲရောက်လာပါ တယ် ။ ရောက်လာတဲ့ အစာနဲ့အရည်တွေကို အစာအိမ်က ပထမအဆင့် ချေဖျက် ခါ လိုတဲ့အစာအဟာရတွေ ကို
အစာအိမ်ကစပြီး ပထမအဆင့် အနေနဲ့ စုပ်ယူထားလိုက် ပြီးနောက် .၊ အူထဲဆက် ဆင်းသွားစေပါတယ် ။
ကြားမှာ အဆုတ်က အောက်စီဂျင် အငွေ့ ထုတ်ယူ လည်ပတ်စေတယ် ။
အသဲက အစာထဲပါလာ တဲ့ မလိုလားတဲ့အဆီ တွေစစ်ထုတ်ပေးတယ် ။
အဆုတ်တွေ ၊အသဲတွေ ၊ နဲ့အတူ ပန်ကရိယခေါ် မုန့်ချို ရည် စစ်တဲ့ ကလီစာက အချိုတွေစစ်တယ် ။
ဆိုင်ရာ အလုပ်တွေလုပ်နေကြတဲ့ ကလီစာ အသီးသီးကို ဖြတ်သန်းပြီး နောက်မှာ အစာဖတ်တွေ အရည်တွေက အူထဲရောက်သွားကြတယ် ။
ပထမ အူသိမ် အသေး ကကျ ဉ်းတယ် ။ ။ပြီးတော့ နောက်ဆံုး အူမ ကြီးရောက်တယ် ။ ကျယ်တယ် ။
အလုပ်ကိုယ် စီ လုပ်နေ ကြ တဲ့ ကိုယ် တွင်း ကလီစာတွေ ပါ ။
ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ကိုယ် တွင်းကလီစာတွေက ပြင်ပကမ္ဘာ လောက ကြီးမှာရှိနေတဲ့စက်ရုံကြီးတွေအတိုင်း ပါဘဲ ။
သူ့. အခန်းကန္ထ အလိုက် အလုပ်ကိုယ်စီ နံ့ သူ့အလုပ်သူ လုပ်နေခဲ့ ကြပါ တယ် ။.
မိခင်ဝမ်း က ထွက် လာချိန် လူဖြစ်လာချိန်ကစလို့ ၊ အသက် ဝင်လာတဲ့မွေး လာရာကနေ ၊ မွေး ကတည်းက နောက်ဆုံး အသက်ဝိညာဉ် ချုပ်ငြိမ်းခါ အသက် ရှူ ရပ်သွားတဲ့အချိန်အထိ ၊ ကိုယ် တွင်းကလီစာတွေက ကိုယ့်အလုပ် ကိုယ် လုပ်နေခဲ့ကြပါတယ် ။
နှစ်ပေါင်း ၇၀ကျော် ၈၀ ကျော် ၉၀ကျော် ၁၀၀ နီးပါးခန့်အထိ ပင် ကလီစာတွေအလုပ်လုပ်နေနိုင်ကြတယ် ။ ပြင်ပကမ္ဘာက စက်ရုံတွေလို အချီန်ကြာနှစ်ကြာလာထဲ့အထါ အလုပ်လုပ်ရတာ မျာူလာတဲ့အခါ ယိုယွင်းလာ ခါ ပျက်လာတော့တာပေါ့ အင်ဂျင်နီယာစကားနဲ့ပြောရရင် Wear and Tear ကြာလာလို့ ပထမ ယိုယွင်းလာခါ ၊ နောက်တော့ ကျိုး ပဲ့ပျက်စီးလာမယ် ။ မပြင်ဘဲထား ရင် ကျိုးပဲ့ပျက်တော့တာပေါ့ ။
ကျန်းမာရေးအတွက် သဘာဝက ပေးထားတဲ့ လူ့ ခန္ဓာကိုယ်ထဲက ၊ ကလီစာတွေနဲ့ ကျွန်တော်တို့တစ်တွေရဲ့ လူ့ဘဝပါ။
ဆီးသန်ုစင်ရေးလုပ်တဲ့ကလီစာတွေ ကဘာလဲ ။
အစာတွေ အဖတ်တွေ အရည်တွေ အူကတစ်ဆင့် ဖြတ် သန်းစီးဆင်းသွားတဲ့ အခါ ၊
အူသိမ်၊ အူမ၊ ထဲမှာ ၊ အူ တွေရဲ့ နဲရံ တွေကတစ်ဆင့် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အဟာရဓာတ် တွေကို ထပ်မံ စုတ်ယူကြ ပြီး နောက် မှာ ၊ ကျန်နေသေးတဲ့ အနည်း ငယ်သော အဖတ်တွေ ( ကျင် ကြီး) နဲ့ အရည်တွေ ( ကျင်ငယ် ရေ) က အောက်ပိုင်း မှာဆက်စပ်နေတဲ့ ဆီးကျောက် ကို ရောက်တဲ့အခါ နောက်ဆုံးတစ်ခါ ထပ်စစ်ပြီး ထုတ်ပေးလိုက်တဲ့ ခန္ဓာအတွက်မလိုအပ်အသုံးမဝင်တော့တဲ့အရည် တွေကို စွန့်ထုတ်ပစ်နိုင်ဘို့ ဆီးအိမ်၊ ဆီးအိတ် ဆီးရေလှောင်ကန်ထဲမှာခေတ္တခန သိမ်းပေးထားတယ် ။
ဆီးအောင့်တယ် ဆို တာ ဆီးအိမ် ဖြစ်တဲ့ ဆီးရေလှောင်ကန်ပြည့်နေလို့ ရေလွှဲ ပေါ်က် ရေလျှံ ေ ပေါက် ဆီးပြွန် ကနေထုတ်ဘို့ အချက်ပြတာပါ ။ ဆီးအောင့်နေပြီ။ ဆီးအိမ်ထဲမှာဆီးတွေပြည့်နပြီ။
အချိန်မှီ အချိန်မှန်မထုတ်ရင် ကောင်းနေတဲ့ဆီးအိမ် နဲ့ ဆက်နေတဲ့ကျောက်ကပ် ပါ တစ်စုံတရာ ထိခိုက် မှာဘဲ။ ထိ နိုင်ပြီ ။
ကျွန်တော်ဆရာဝန်မဟုတ် ။
တွေးကြည့်တာပါ။
အင်ဂျင်နီယာပြီပြီဆည်တမံရေလှောင်ကန်လိုမျိုး ဆက်စပ်ပြီး စဉ်းစား တွေးကြည့်မိတာပါ။
အမှားအမှန် ကို မိတ်ဆွေ ဆရာဦဝန် များနဲ့ အတူ ဆရာသမား လူကြီးသူမများနဲ့ သိရှိကြတဲ့ မိတ်ဆွေများ ထောက်ပြ အမှား ပြင်ပေးကြပါ။
ခုရက်ပိုင်းကျွန်တော်ဆေးစစ်လိုက်တာ ဆီးထဲမှာ သွေးဖြူ ဥတွေ မတရားများနေတယ်။ သွေးနှီ ဥတွေလဲ အသင့်အတင့်များနေတယ် ။ အနယ် အဖတ်နဲ့ ဆိုင်သလားမသိဘူး ။Creatine လဲ အတန်အသင့်များနေတယ် .။
သေချာအောင် ဆီးကိုပုလင်းအကြည်ထဲ ဆီး ကို ထည့် ပြီးမီးထိုးကြည့်တာ ဆီးရေထဲမှာတိမ် တိုက်တွေလို လွင့်မျောနေတဲ့ အနယ် ပုံ တွေ့ရတယ် ။ . ဆီးနဲ့ကျောက်ကပ်နဲ့ပတ်သက်တဲ့ ရောဂါ တစ်မျိုးမျိုးရှိနေနိုင်ပြီ လားမသိဘူး ။ယူဆမိ ပါတယ် ။
သေချာတာက ကျွန်တော်က ဆီး ချို ဖြစ်မှန်းသိတာ ၂၀၀၉ ခုနှစ် ပင်စင်ယူပြီး နောက်မှာ အားသွား ၊ နားသွား လို့ဆေးစစ်ဖြစ်ခဲ့ လိုက် တယ်၊ ၂၀၀၉ မတ်လ ခန့် က ဆီးချိုရှိမှန်းပထမဆံုးစသိခဲ့ရတယ် ။ ဆီးချိုနဲ့ကျောက်ကပ် ဆက်စပ် မှုရှိနေကြောင်း ကျန်းမာရေးစာတွေ သတင်းတွေအရအကြမ်းပြင်း တော့ သိထားခဲ့ တယ် ။
ကျွမ်းကျင်ရာလိမ္မာ အလွန်မှန်တဲ့မြန်မာစကား အတိုင်း လိုက်ရမှာပါ ။
ဆေး ပညာရှင် ဆရာတန်တွေထဲ က ဆီးနဲ့ကျောက်ကပ် ပါရဂူ ဆရာဝန်တွေရှာပြီး ပြသစစ်ဆေးဘို့လို မယ် ထင် ပါတယ် ။ လူ့ခန္ဓာကိုဠ် ရဲ့ ကျန်းမာရေး ပြသနာတွေက ဆရာဝန်တွေသာသိပြီး သူတို့သာ အဖြေရှာတတ် ဖြေရှင်းတတ်တာပါ ။
တွေးမိတွေးရာ တွေ ရေးချကြည့်တာပါ။
၂။ဝမျး ။
“ဝမ်း တစ်လုံး ကောင်းခေါင်းမခဲ “ တဲ့ ။
မြန်မာ စကားသိပ်မှန်တယ်။
ကျွန်တော့်အဘို့ ဝမ်းနုတ်ဆေးဆိုတာ ဘာမှန်း မသိ ။
အသက်၇၀ ကျော် အဘိုးအရွယ် ရောက်နေတဲဲ့ အထိ ၊
ဘဝတစ်လျောက် လုံးမှာ ဝမ်း နုတ်ဆေးကို မသုံးဘူးခဲ့ ။
မတွေ့ဘူး ၊ မမြင်ခဲ့ဘူးပါ။ ဘာမှန်းမသိပါ။
ရှေးလူကြီးသူမတွေ ပြောခဲ့ရေးခဲ့ ချမှတ်ထားခဲ့တဲ့
မြန်မာစကားတွေက သိပ်မှန်တယ်။
နောက်တစ်ခု ဝမ်းသွား တဲ့ အကျင့် နဲ့ ဆက်စပ် ပတ်သက် တဲ့ စကားတစ်ခု က
“ မျက်စေ့ အကျင့်၊ ဝမ်းအချင့်တဲ့ “ ။
မှန် လိုက်တာ ။
မျက်စေ့
မျက်စေ့ ကိုငယ်ကတည်းက ညောင်တုန်းမှာ ၁၉၆၅/ ၁၉၆၆ ခုဣျစ် တွေ ၊ ၁၀ တန်းကျောင်းသားအထိ နေခဲ့စဉ် အိမ်မှာ အဖိုးက လျှပ်စစ်မီး မသုံး ခဲ့ ဘူး ။
သဘာဝ အလင်းရောင်နဲ့ ။ ညမှာ လျပ်စစ်မီးမဟုတ်ဘဲ ရေနံဆီ မီးခွက် ၊မီးအိမ်နဲ့ နုနယ်သေးတဲ့မျက်စေ့နဲ့ စာတွေအများကြီးဖတ်ခဲ့ တယ်။ အလင်းနဲနဲနဲ့ ညမှာ ကျောင်းနေစခလးဘဝ ကစလို့ ၊ ၁၇နှစ်သား လူငယ် အရွယ် အထိ စာဖတ်ခဲ့တဲ့ မျက်စေ့အကျင့် ကြောင့်များလား လို့ထင်မိနေတယ် ။
ကြီး လာတော့ စက် မှုတက္ကသိုလ်ရောက် ။ ဆည်မြောင်းအလုပ်ဝင် လုပ်နေရင်း နယ်သာလန်မှာ ပညာတော်သင် နဲ့ စာသွားသင်တာကတစ်နှစ် ။အလုပ်ထဲမှာလဲ အမြဲ စာရေးစာဖတ် တွေလုပ်ခဲ့ရ. ။ ဝါသနာပါလို့ အပြင်စာတွေလဲဖတ်နေသေး ။ အင်တာနက် ပေါ်လာတော့လဲ အင်တာနက်ထဲက စာတွေ အများအပြားနေ့တစ်ဓူ ဝရေးနေဖတ်နေခဲ့ တာ ဒီနေ့အထိ ။
ကံကောင်းတယ် ဘဲ ပြောရမလား. ။
ဒီနေ့ထိတိုင် မျက်မှန် မတပ်ရသေးဘူး ။ ဘဝတစ်လျောက်မှာ မျက်မှန်တပ် ပြီးစာဖတ်ရတာမရှိသလာက်ဘဲ။
ချွင်း ချက်တော့ နဲနဲပါးပါး ရှိပါတယ် ။
သမရိုးကျ လူအများဖတ်နိုင်တဲ့ စာလုံးမသုံးဘဲ ၊ ပုံမှန် ပုံနှိပ်စာလုံး ကြီး မဟုတ်ဘဲ စာလုံးသေးသေးလေးတွေ ပိစိကွေးစာလံုးသေးလေး တွေ ဖတ်မရအောင် ပုံနှိပ် ထားတာတွေကတော့ဖတ် လို့ မရရင် ဒီဂရီနဲတဲ့ သာမန် ရိုးရိုး ခလေးကစားစရာ သာသာ စာဖတ်မျက်မှန်လေးနဲ့တော့ ဘာစာတွေပါလိမ့် လို့စပ်စုချင် သိချင်လို့ တခါတရံ မှာ တော့ သုံးရပါ တယ် .။နည်းပါတယ် ။
. ပုံမှန် စာတွေကိုသာ ဖတ်နေတာ မျက်မှန်မပါဘဲခုချိန်ထိဖတ်လို့ရနေလျက်ပါ ။စာရေးစာဖတ် တွေမျက်မှန်မပါဘဲ လုပ်နေလျက်ပါ။
။အင်တာနက် နဲ့ ကွန်ပြူတာတွေပေါ်လာပြီး ကတည်းက Laptop တွေ Tablet ကျောက်သင်ပုံး တွေ လက်ကိုင်ဖုန်းသေးသေးလေးတွေအပေါ် မှာ စာရေးစာဖတ် လုပ်လာ နေခဲ့တာ ဆယ် နှစ်ဆယ်မိုးကျော် မကတော့တာ ဒီနေ့ထိ တိုင်ပါဘဲ။ မျက်မှန် မပါဘူး ။
ဝမ်း မီး
လူတစ်ယောက် ပုံ မှန် ကျန်းမာရေးအတွက် ဝမ်းကောင်းဘို့ကလဲ့ အဓီ က လိုအပ် ပါ တယ် .။
မှန်လွန်းတဲ့ မြန်မာ စကားတွေဘဲဆက်ပြော ရပါအုံးမယ် . ။
“ အစားမတော်တစ်လုပ် “ တဲ့ ။
“ အသွားမတော် တစ်လှမ်း “ တဲ့ .
ရုတ်တရက်
“ သတိ မမူ ဂူမမြင်” မြန် မာစကား လို
မှားသွားရင် လူကို ချက်ခြင်း ဒူက္ခပေးနိုင်တာတွေကို
ရှေးလူကြီးသူမတွေ ပြောခဲ့ရေးခဲ့တာ တွေ။
သိပ်မှန်တယ် ။
အစားမှားရင် ဝမ်းပျက်တတ်ကြတာ
တစ်ခါတစ်ရံမှာ လူတိုင်းဖြစ်တတ်ကြပါတယ် ။
ကျွန်တော်လဲ တစ်ခါတရံ မှာဖြစ်ခဲ့ဘူးတာပါဘဲ ။
၃။ သွေး ။
ကျွန်တော်တို့ရဲ့ ခန္ထာကိုယ်ကြီး တစ်ခုလုံး ခေါင်းကနေ စလို့
မြန်မာစကား “ ခြေဆုံး ခေါင်းဖျား “ “ ခြေဆုံး ခြေဖျား “ အထိ တစ်ကိုယ်လုံးက သွေးနဲ့အသက်ရှင်နေ ကြ ရတာပါ။
သွေးနဲ့လည်ပတ်နေရ တဲ့ ခန္ထာကိုယ်ကြီးကို သွေးလွှတ် ပေးရုံသာမက လွှတ်လိုက်တဲ့သွေး တွေ ပြန်ယူ ရတဲ့အလုပ်တွေ နာရီမိနစ် စက္ကန့်နဲ့အမျှ တရစပ်မနေမနား ။ မနားတမ်း ဘဝတ
သက်လံုး အရေးအကြီးဆံုး အလုပ် တွေလုပ်နေကြတဲ့ ကလီစာတွေက အသဲနှလုံး လို့ သိနေ ကြ တဲ့ နှလုံး သားနဲ့ အတူ ဆက်စပ်နေကြတဲ့ ကြီးကြီးငယ်ငယ် သွေး ကြော တွေမျိုးစံုပါဘဲ ။ သွေးကြောမကြီးနဲ့ သွေးကြောမျှင်ငယ် လေးတွေပါဘဲ.
ယခုထိ ကံကောင်းနေသေးတယ် ပြော ရမလားဘဲ ။
မောခြင်းပန်းခြင်း ၊ နှလံုးတုန် ရင်ခုန်ခြင်းတွေ မဖြစ် သလောက်ပါဘဲ.။
ပြောစရာ တစ်ခုတော့ရီတယ် ။ သွေးခုန်နှုန်းက စစ်လိုက်တိုင်း လူသာမန် တွေ ပုံမှန်ရှိသင့်တဲ့ ၇၀ အထက် ၈၀ နီးပါး ၉၀ ပတ်ဝန်းကျင်းတိုင်းလို့ ရနေပြီး တစ်ခါတစ်ရံ ၁၀၀ နီးပါးရောက်ခဲ့ဘူးတယ် . ။
အသက်ကြီးလာလို့ ၊ သွေးချို ဆီးချို ရှိနေလို့လားတော့ မပြောတတ် ပါဘူး ။ မသိပါဘူး ။
၄။ လေ
အသက်ရှူ သွင်း ရှူထုတ်နေတဲ့ ၊ အောက်စီဂျင် လေအကြောင်း ။
ဒီနေ့ထိတော့ အဆုတ်နဲ့ဆက်စပ်ပတ်သက်လို့ အသက်ရှူမဝတာ ၊ အသက်ရှူကြပ်တာ မရှိခဲ့ဘူးပါဘူး ။
အသက်ရှူနေတဲ့ လေကလဲ လေကောင်းလေသန့်
ဖြစ်ဘို့လိုတယ် ။
အိမ်မှာကတော့ ခြံပြင်ကကြည့်ရင် အိမ်မမြင်ရ အိမ်ပျောက်တဲ့အထိ သစ်ပင်တွေ နှစ် ရှည်ပင်တွေစိုက်ထားတော့ ပြင်ပက
ဝင်လာတဲ့လေတွေ စစ်ပြီးဖြစ်နေတယ်။ မိမိရဲ့ ကိုယ် ပိုင် ဆင်ခြေပါ။
အပြင်မှာ နွေရာသီပူ ပြင်းနေချိန်၊ ခြစ်ခြစ်တောက် ပူလောင်နေချိန် တွေမှာ ကျွန်တော့ အိမ်တွင်းအိမ်ပြင်မှာမပူဘူး .။ သစ်ပင်အရိပ်တွေတစ်အိမ်လံုးပေါ် နီးပါး နဲ့ တစ်ခြံဝင်းလုံးနီးပါး နံနက် ပိုင်း ၊နေ့လည်ပိုင်း၊ညနေခင်း တစ်နေကုန်နီးပါး သစ်ပင်ရိပ်တွေ အမ်ပတ်လည်မှာ ရွေ့လျား ဖုံးလွမ်းနေပါတယ် ။ အသက်ရှူ ရမဲ့ လေကောင်းလသန့်နဲ့ဆက်စပ်နေမယ်ထင်တယ် . ပြင်ပကဇြတ်သန်းတိုက် ခတ်လာတဲ့လေတွေ ကို အပင်တွေအရွက်တွေက စစ်ပေးနေမယ် လို့ ယူဆမိ ပါတယ် ။
မြန်မာစကား
“ ဘယ်သူမပြု မိမိ မှု “ ပါဘဲ ။
စိတ်ဝင်စား ဝါသနာပါလို့သာ အိမ်ပတ် ဝန်းကျင်မှာ အရိပ်ရ အပင်စုံ ကို စိုက် ဖြစ်ခဲ့တာ ၁၀ နှစ် ေ ကျာ် အ ကြာ မှာ အိမ်ပတ်ခြာလည်မှာ အရိပ်တွေ မြိုင် မြိုင် ရနေပါပြီ.။
အသက်ရှူတဲ့လေမဟုတ် ဘဲစကားပြောတဲ့လေကတော့ လေပေါသလားမပြောနဲ့။
ကျွန်တော်က ေ တွး ချင်ရာေတွး ၊ရေးချင်ရာေ ရး၊ လုပ်ချင်ရာတွေ လုပ်လာနေခဲ့ လိုက်တာ ၊
ကမ္ဘာ့ ကိုဗစ် ရန် ဘေးကာလ ၂၀၂၁ နှစ်လယ် /၂၀၂၂နှစ်ဆန်း ကာလ တစ်လျောက် တစ် နှစ်အတွင်းမှာ
စာပုဒ်ရေ ၁၀၀ ရေးတင်ခဲ့ မိ ပြီး ၊ မိမိ အတွေ့အကြံု ေ တွနဲ့ ၊ ဗဟုသုတ မျိုးစံု မှတ်ဖွယ် မှတ်ရာ စာဒေသာ မျိုးစုံ ကို ဖြန့်ဝေခဲ့ပြီးပါပြီ ။
ယခု လဲ
ရင်ထဲရှိတာ မနေတတ်လို့ မိမိကျန်းမာရေးနဲ့ ဆက်စပ် လို့ ေ တွ့ ရှိ ၊သိရှိ ထားတာတွေကို ဖွင့်ချ ၊
ရေးချလိုက်မိပြန်ပါပြီ ။
ကျန်းမာရေးအသိ သတိများနဲ့ဆက်စပ်၍
ဆွေးနွေး အ ကြံပြု ပေး ကြစေ လို ပါ သည် ခင် ဗျား ။
အေးမြင့် ( ညောင်တုန်း )
၂၉/၃/၂၀၂၂
————







ရည်ညွှန်း
Facebook ( ၂၉/၃/၂၀၂၂ ) လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပေါ်လာတဲ့
ကိုချ မ်း မျှဝေထားတဲ့
“ လူတစ်ယောက်ကျန်းမာချင်ရင် “
ကျန်းမာရေးသတင်းစကား ။ နဲ့
ကျန်းမာရေးအတွက်ဆောင်ရျောင်ရန် များ ။
လူတစ်ယောက်ကျန်းမာချင်ရင် –
- ဝမ်းနှုတ်ဆေးမစားဘဲ ဝမ်းမှန်သူ ဖြစ်ရပါမယ်။
- ဆီးရွှင်ရွှင် သန့်သန့်သွားနိုင်သူ ဖြစ်ရပါမယ်။
- အရည်အချင်းမီသော သွေးပိုင်ရှင် ဖြစ်ရပါမယ်။
ဒီလိုဖြစ်ဖို့က ဆီး၊ ဝမ်း၊ သွေး၊ လေ ညီညွတ်မျှတဖို့ လိုပါတယ်။ ညီညွတ်မျှတရာမှာလည်း သန့်သန့်စင်စင်လေးဖြစ်ဖို့ လိုပါတယ်။
ဒါကြောင့် –
- လေ သန့်ရမယ်။
- သွေး သန့်ရမယ်။
- ဆီး သန့်ရမယ်။
- ဝမ်း သန့်ရမယ်။
လေသန့်အောင်စွမ်းဆောင်မယ်။
- ကရမက်ရည်ကျဲကျဲလေး လိမ်းအိပ်ပါ။
- ညှော်နံ့တွေ ရှောင်ပါ။
- အသက်ရှူလေ့ကျင့်ခန်းလေး ပုံမှန်တစ်နေ့နှစ်ကြိမ် ပြုလုပ်ပေးပါ။
သွေးသန့်အောင်ပြုပြင်မယ်
သွေးသန့်ဖို့အတွက် ကန်စွန်းရိုးနီကို စားရပါမယ်။ ကန်စွန်းရိုးနီဟာ အဆိပ်ကို နိုင်တယ်ဆိုတာလည်း ကြားဖူးမှာပါ။
အဆိပ်မိလာတဲ့ခွေးလေးတွေကို ကန်စွန်းရိုးနီသတ္တုရည်လေးနဲ့ ထန်းလျက်လေးပါးစပ်ထဲထည့် ခြေထောက်ကနေ ဇောက်ထိုးဆွဲပြီး ပတ်ချာလှည့်လိုက်ရင် အန်ထွက်လာမယ်။ နောက်ထပ် သတ္တုရည်နဲ့ ထန်းလျက်ထပ်ကျွေးလိုက်ရင် အသက်မသေဘဲ ပြန်ရှင်နိုင်ပါတယ်။
ဒါကြောင့် ကန်စွန်းရိုးနီနဲ့ သွေးကို ပြင်တဲ့နေရာမှာ –
- ကန်စွန်းရိုးနီ ၁၅- ၂၀ ပင်လောက်ကို သန့်စင်ပြီး တောက်တောက်စင်းပါ။
- ရေမြုပ်ရုံထည့်ပြီး ပြုတ်ပါ။
- ပွက်ပွက်ဆူလာရင် ကန်စွန်းရွက်အိသွားပြီး အရောင်ဖြူသွားပါလိမ့်မယ်။ ပြုတ်ရည်က ကော်ဖီရောင် ပြောင်းသွားပါလိမ့်မယ်။
- အဖတ်ကို စစ်ယူပါ။ သုပ်စားနိုင်ပါတယ်။ ပြုတ်ရည်ထဲကို ထန်းလျက်တစ်ခဲနဲ့ ဆားလှော်အနည်းငယ်ထည့်ပြီး မီးမျှဉ်းမျှဉ်းလေးနဲ့ တစ်ပွက်နှစ်ပွက်ဆူအောင် ပြန်တည်ပါ။ အဲသည့်ပြုတ်ရည်ကို မနက်တစ်ခွက်၊ ညတစ်ခွက် သောက်ပါ။
ဆီးသန့်အောင် ဆောင်ရွက်မယ်
- ဆီးအောင့်မထားပါနဲ့။
- အထူးသဖြင့် မနက်လေးနာရီလောက်မှာ သွားချင်တဲ့ဆီးကို အောင့်မထားပါနဲ့။ အောင့်ထားပါက ဆီးပုပ်ပြီး အဆိပ်ပြန်ဖြစ်ကာ ဒုက္ခပြန်ပေးပါယ်။
- ကျောက်ဖရုံသီးအစိမ်းကို ကြော်ချက်၊ ဟင်းချို၊ အသားနဲ့ ရောနှောကာ ချက်စားပါ။
- ဆေးကုလားမ ဖျော်ရည်သောက်ပါ။
- အုန်းနုဇွန်းခြစ်ကို ရက်ခြားသောက်ပေးပါ။
ဝမ်းသန့်ဖို့အောက်ပါတစ်ခုခုစားသောက်ပါ။
- မန်ကျည်းမှည့်ချဉ်ချိုလေးကို ထန်းလျက်နဲ့ ဖျော်သောက်ပါ။ (ဆီးချိုသမားများလည်း သောက်သုံးနိုင်ပါတယ်။) ချဉ်ချိုအရသာ ပြဌာန်းဦးစီးရပါမယ်။
- ဒိန်ချဉ်လည်း သောက်သုံးနိုင်ပါတယ်။ ထန်းလျက် မများရ၊ ရေခဲ မထည့်ရ၊ ဒိန်ချဉ်အရသာ ကဲပါစေ။
- ဖီးကြမ်းငှက်ပျောသီးမှည့်၊ ငှက်ပျော်ချဉ်မှည့်လေးလည်း စားနိုင်ပါတယ်။
(၂၁) ရက်တော့ လုပ်ဆောင်ပေးပါ
အထက်ကပြောခဲ့တဲ့ သန့်လေးသန့်ဖြစ်အောင် ၂၁ရက်လောက် နေထိုင်စားသောက်ပြီးရင် ဖောယောင်တာတွေ ကျသွားပါလိမ့်မယ်။ လေ၊ သွေး၊ ဆီး၊ ဝမ်း လေးမျိုးလုံး သန့်သွားရင် ကျောက်တည်တာကို ကာကွယ်ပြီးသား ဖြစ်သွားပါပြီ။
ထပ်မှာချင်ပါတယ်။
- အသက်ရှူလေ့ကျင့်ခန်းကို မှန်မှန် လုပ်ပေးပါ။
- ရေချိုးတိုင်း အခါးရွက်ပြုတ်ရည်လေးနဲ့ ချိုးပေးပါ။
- ရေချိုးပြီးတိုင်း ကရမက်ကို တစ်ကိုယ်လုံး လိမ်းပါ။
ဆရာဦးရန်အောင်။
ဤစာကိုမေတ္တာဖြင့်ပြန်လည်၍ထပ်ဆင့်မျှဝေလိုက်ပါသည်ခမျာ
ကိုချမ်း




