ပိုင်ကျုံ ရေတံခါး တို့ စွမ်းအား ။
Power of Paing Kyone
ဟံသာဝတီပဲခူးနယ်မြေထဲက
ဆည်မြောင်းအလုပ်တစ်ခု ပါ။
ကွယ်လွန်သူ ဆရာသမား ရှာမှရှား မြစ်ဝကျွန်းပေါ် ရေအင်ဂျင်နီယာ ပညာရှင်ကြီး အကြံပေး ဆရာသမား ကြီး ဦးထွေးမြင့်ရဲ့ နည်းပေး လမ်း ပြမှုတွေနဲ့အတူ ၊ မိမိ ကိုယ်တိုင် တီထွင်ကြံဆ ဖန်တီး စီမံ တည်ဆောက်ခဲ့တဲ့ ပဲခူးဆည်မြောင်း ပိုင်ကျုံ ရေတံခါးပါ ။
ရေတံခါး အကြောင်း ကို တစ်ရုံးတည်းနေ လုပ်ဖေါ်ကိုင်ဖက် အင်ဂျင်နီယာ တေးရေးတေးဆိုဂီတပညာရှင် စံသွင်( နမ္မတူ) က ရေးပေးတဲ့သီချင်းကို mtv ရုပ်သံ သီချင်းဗီဒီယို ဒါရိုက်တာ ကိုစိန်လင်း(ကွယ်လွန်) ဖန်တီးထားတဲ့ ရုပ်သံ သီချင်းကို ယနေ့ ပန်းချီ ဝင်းမြင့်မိုးနဲ့ညှိပြီး အမျိုးသားဇာတ်ရုံက်ိုခနငှားခါ သူက သူ့ရဲ့နောက်ခံပန်းချီကားနဲ့အတူ ဆက်တင်ဆင်ပေးပြီး တယောကိုတင်ငွေ အဖွဲ့နဲ့ သီချင်းဗီဒီယို ရိုက်ခဲ့ ပြီး ၊ ရေတံခါးဖွင့်လှစ်ပွဲ နေ့တွေမှာ မြန်မာ့အသံက ထုတ် လွှင့် ပြသ ခဲ့ပါတယ်။
စိတ်ကြိုက် ဖန်တီးခဲ့တဲ့အတိုင်း စိတ်တိုင်းကျ ရခဲ့တဲ့ သီချင်း တစ်ပုဒ် ဖြစ်တယ် ။အောက် မြန် မာ ပြည် မြေ နိမ့်ပိုင်းဒေသတွေ အတွက် ရေဘေးကာကွယ်ရေး ၊ရေငန်ထားရေး ၊ ရေချိုသိုလှောင်ရေးတွေလုပ်ပေးပြီး ဒေသခံ လယ်သမားတွေ အတွက် စါးနပ်ရိပ်ခါ ဆန်စပါး စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ရေး ဆည်မြောင်း က လုပ်ပေးခဲ့တဲ့ အလုပ် တစ်ခုပါ ။
ကြာခဲ့ပါပြီ ။ ၂၀၀၃ ခုနှစ် ။
ပဲခူးမှာဒီနေ့အထိ အကျိုးပြုနေလျက်ပါ ။
ရာသက်ပန် အမှတ်တရ အလုပ် တစ်ခု ဖြစ်ပြီး ၊ လယ်သမားတွေကို ရေရှည် အကျိုးပြုနေတဲ့ အလှူ တစ်ခုပါဘဲ ။
ဒေသခံ လ်ယ်သမားတွေအတွက် စားနပ်ရိက္ခါ ဆန်စပါး စိုက်ပျိုးဖြစ်ထွနိးရေးအတွက် တည်ဆောက်ပေးခဲ့တာပါ။
ထပ်ပြီး ကိုစံသွင်နဲ့တိုင်ပင်ခါ အင်္ဂလိပ်လို ပြောင်းလဲ ဖန်တီး ခါ မြန်မာ့ အသံ အင်္ဂလိပ်ပိုင်းအစီအစဉ် ပေါ်စ ကာလ မှာ MRTV အတွက်ထပ်လုပ်ပေးခဲ့သေးတယ် ။
အဲဒီအချိန်တွေကတည်းက ဆည် မြောင်းအလုပ်တွေလဲ မအား ရအောင် လုပ်နေ ခဲ့ ရင်း အနုပညာ အလုပ်တွေကိုလဲ လုပ်ချင်ရာတွေလုပ်နေနိုင်ခဲ့ပါတယ် ။ကံကောင်းခဲ့ပါတယ် ။
ခုလဲ တွေးချင်ရာတွေးရေးချင်ရာရေး လုပ်ချင်ရာတွေ လုပ်နေဆဲပါဘဲ ။
သံသရာ ယူသွားမဲ့အလုပ်ဘဲ လုပ်ဘို့ ကျန်ပါတော့တယ် ။
လုပ်ဘို့ လိုနေသေးတယ်။
အေးမြင့် ( ညောင်တုန်း )
၂၆/၃/၂၀၂၂