သာသနာ့ရောင်ဖုံး မြို့ရွှေ ညောင်တုန်း ဟု တင်စားခေါ်ကြတဲ့ ၊ဇာတိမြေ ညောင်တုန်း မြို့ ရဲ့ သက္ကရစ် ၂၀၂၂ ခုနှစ် မှာ ကျရော က် တဲ့ ၊နှစ် ၁၀၀ ပြညိ့ ၊ ရာပြည့် ပွဲ သဘင် ၂ ရပ်.။

တှေး မိတှေးရာ

ရေး မိရေး ရာ ( ၁၀၀ )

ရာပြည့်ရာကျော်ဆရာတော်ကြီး
————–
ဘဒ္ဒန္တ ဩသဓာဘိဝံသ
အဘိဓဇမဟာရဌဂုရု
အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက
ပုဏ္ဏမာရာမဈေးကျောင်းတိုက်၊ ညောင်တုန်းမြို့။

( ညောင်တုန်း မြို့မှ လူငယ် ဓာတ်ပုံပညာရှင် နိုင်ထွန်းအောင် မှ ဓာတ်ပုံ ဖြင့် ပူဇော်ပါသည် ။ )

မှတ်ဖွယ် မှတ်ရာ၊ စာပဒေသာ ( ၄၂ )

( ဘာသာ ရေး )

သာသနာ့ရောင်ဖုံး မြို့ရွှေ ညောင်တုန်း ဟု တင်စားခေါ်ကြတဲ့ ၊ဇာတိမြေ ညောင်တုန်း မြို့ ရဲ့ သက္ကရစ် ၂၀၂၂ ခုနှစ် မှာ ကျရော က် တဲ့ ၊

နှစ် ၁၀၀ ပြညိ့ ၊ ရာပြည့် ပွဲ သဘင် ၂ ရပ်.။

၂၀၂၁၊ ၂၀၂၂ နှ စ်တွေအတွင်း ၊ကိုဗစ် ကမ္ဘာ့ ကပ် ရောဂါ ဖြစ် နေတဲ့ ကပ်ဆိုး၊ ကာလ ဆိုး ကြီး ထဲမှာ တွေးချင်ရာွေ တွး းရေး ချ င် ရာ ေ တွရေး ၊လုပ် ချ င် တာ တွေ လုပ် လာ ခဲ့လိုက်တာ ။အတွေး ၊အရေး စာ ပိုဒ်ပေါင်း အပုဒ် ၁၀၀ ပြည့်လာခဲ့ပါပြီ။

ဖေ့စ်ဘွတ် လူမှု ကွန်ယက် စာမျက် နှာ ပေါ်မှာ သူက အခါ အားေ လျာ် စွာ တင်ထားတဲ့စာ ဟောင်း ေ တွ ပြန်ဖေါ် ပြတတ်သော်လဲ ပြန်ရှာရ ခက်ပါတယ် ။. ဒါ နဲ့စိတ်ကူးရပြီးရေးမိ သ မျှအေတွး အ ရေးွေကို ပြန် ရှာရလွယ်အောင် နံပတ် စဉ် ထိုး ပြီးရေးလာခဲ့ ဗ ဟု သုတ တွေ ဖြန်ဝေ လာခဲ့ တာ

ဒီ နေ့မှာ အမှတ်စဉ် ၁၀၀ ပြည့်လာခဲ့ပါ ပြီ ။

၂၀ရာစုမှာ ေမွးဖွါးကြီးပြင်း လာခဲ့ တဲ့ ကျွန်တော် ၊၂၁ ရာစုထဲအထိ ဖြတ်သန်းလာခဲ့ ရာမှာ၊

ယခုအခါ ဘဝအတွက်ထူးခြားတဲ့ရာပြ ည့် ပွဲ ေ တွ နဲ့ ကြုံတေွ့ နေရ ပါတယ် ။

၂၁ ရာစု ရဲ့ ၂၀၂၀ ပြည့် နှစ်မှာ ကြုံတွေ့ ခဲ့ရသော ရန်ကုန်တက္ကသိုလ် ရာပြည့် ၊မြန်မာ့ ရုပ်ရှင် ရာပြည့် နဲ့ ဆရာကြီး ဦးပဂျီငိုရဲ့ သူ့ရဲ့ ကြီးပွါးချမ်းရေး စာအုပ် စတင်ရေးခဲ့တဲ့ အနှစ် ၁၀၀ ပြည့် ၊ရာ ပြည့် ပွဲများ နဲ့ အတူ၊ မိမိ ရဲ့ ဇာ တိ ေ မြ ၊ သာသနာ့ရောင်ဖုံး မြို့ ညောင်တုန်း မှာ လဲ ဘာသာ သာသနာ နဲ့ဆက်စပ် ပြီး ယခု ၂၀၂၂ နှစ် ထဲ မှာ ရာပြည့်ပွဲ ၂ ရပ်နဲ့ ထပ်မံ ကြံုေ့ တွ့လာ နေ ရပါ ပြီ။

ပထမ က ။ ညောင်တုန်းမြို့မှာ နှစ်စဉ် နှစ်တိုင်းကျင်းပလာ နေခဲ့တဲ့ မြနိမာနိုင်ငံလံုးဆိုင်ရာ သု ဓမ္မာ ပရီယတ္တိပထမပြန် မေး ပွဲ ကြီး ဟာ ၂၀၂၂ ထဲမှာ နှစ်ပေါင်း၁၀၀ ပြည့်ခဲ့ တယ် ။

ဒုတိယက ။ ညောင်တုန်းက စာပြန်ပွဲ ၊ စာမေးပွဲကြီး နဲ့အ တူမွေ းဖွါ းလာခဲ့ သောညောင်တုန်း ဆရာတော်ကြီး လို့ နို င်ငံ တော်အဆင့်ထိ လူသိများတဲ့ ၊ ညောင်တုန်းေ စျး ေ ကျာ င်း တိုက်မှာ သီတင်းနေလာခဲ့တဲ့ ဆရာတော် ကြီး ဦး ဩ သဌာ ဘိဝံသ လဲ ၊မကြ ာမီ မှာ သက် တော် ၁၀၀ ပြည့် ပါ မယ် ။

(က) ညောင်တုန်းမြို့က သုဓမ္မာပရိယတ္တိ ပထမပြန် စာမေးပွဲကြီး

ညောင်တုန်းမြို့က သုဓမ္မာပရိယတ္တိ ပထမပြန် စာမေးပွဲကြီးကတော့ ကျွန်တော်တို့ငယ် စဉ် ခ လေးဘဝလူမှန်းသိတတ်စအရွယ် ကတည်းက သိ လာခဲ့တယ်.ညောင်တုန်းမြို့မှာ စာမေးပွဲ ရာ သီရောက်ရင် တစ် နိုင်ငံလံုး ကစာ မေးပွဲ လာ ရောက်။ေ ဖြ ဆို ကြ တဲ့ သံဃာများရဲ့ ဆွမ်းကွမ်းဝေရာဝစ္စ အတွက်ညောင်တုန်းမြို့ က ဘု န်းတော် ကြီး ေ ကျာင်းများမှ သံဃာတော် များက တစ်မြို့ လုံး ဆွမ်းခံ ကြွ ကြပါ တယ်။

ကျွန်တော်ကပဲခူးဆည် ြေမာင်းမှာ တာဝန်ကျစဉ် အများစုပေါင်းအလှူ နဲ့ှေရး ဟောင်း ဘုရား တစ်ဆူကို တာဝန်ယူ ပြုပြင် တည် ဆောက်ခဲ့ဘူးတယ် ။ . ကဝမြို့က ဆည် ေ မြ ာင်း ပိုင်ကျုံရေတံခါး အနီး က ကျားတက် ဘုန်း ကြီးေ က ျာင်းမှာ ပုဇဉ်း တက် ခဲ့ တယ် ။

ကျားတက်ကေ ျ ာင်း ထိုင် ဆရာတော်နဲ့၇င်းနှီးလာ တော့ ဆရ,ာတော်က တစ်ရက်မှာ မိန့်တယ် ။ ဦးဇင်းလေးတို့က သူရဲ့ကေ ျးဇူး ရှင်ေ တွတဲ့ ။ ဘာဆိုင်လို့ လဲွေတွးမိခဲ့တယ် ။ ဆရာတော် ေ ပြ ာမှ သိ၇တာ သူငယ်စဉ်ညောင်တုန် း တော ေ ကျာ င်း မှာ စာသွာ းသင် တော့ ဆွမ်း တကာွေတွ ကညောင်တုန်း က ခင် ဗျ ားတို့ အဖိုး အဖွား တတွပေါ့ဗျာေ ပြ ာကြာ းခဲ့ ဘူးပါတယ် ။

မြန်မာနိုင်ငံလံုးဆိုင် ရာပါဠိပထမပြန်စာ မေးပွဲကြီးနဲ့အတူ အဲဒီခေတ်ရဲ့ နိုင်ငံ ကေ ျာ် ဓမ္ဗကထိက တရားဟောဆရာတော် ကြီးွေတွရဲ့ တရား ရား ပွဲ တွေလဲ တစ်လခန့် ပူးတွဲ ကျဉ်းပပါတယ်

ေကျာင်းသား လူငယ်ဘဝမှာ တော့အ ဒေ ါ် ွေတွ နဲ့ တရားပွဲ ကို လိုက်ရတယ် ။ ဘယ် နားမလည်မလဲ။ ,ကြ ာတော့ အိပ်ပေါ့ ။ဒါ ပေမဲ့ တရားပွဲကို လူငယ်တေ ွ ေ ကျာ င်းသား ေ တွ မပျင်းရ အောင် တရားဟောတဲ့ ဆရာတော် တစ်ပါး ပါ လာတတ်တယ်။ တရားဟော ခင်မှာ ရုပ်ရှင်ပြတယ်။ သတင်း ရုပ်ရှင်ကားေ တွ ပြပါတယ် ။ ဆိုဗိဘက် ယက် က လွှ တ်တင်တဲ့ ပထမဆံုး စပွတ် နစ် အာကာသယဉ် နဲ့ အာကာသကို ပထမ ဆုံး စေ လွှ တ် ခဲ့ တဲ့ တိ ရစ္ဆာန်။ေ မြ ာက် ကို စိတ်ဝင်စားစွာလေ့လာခွင့် ကြည့် ခွင့် ရခဲ့ တယ် ။တရားပွဲ အစ မှာ နှစ်စဉ်ဟော တဲ့ ရုပ်ရှင် သတင်း တွေ တွဲပြတဲ့ ဆ၇ာတော့်တရားပွဲ ကို မကြာ ခနရောက် ခဲ့တယ် ။

ညောင်တုန်းမြို့ က စာပြန်ပွဲနဲ့ တရာ း ပွဲ ွေတွ သက် တန်းက ယခု အခါ နှစ်ပေါင် း ၁၀၀ ရှိ နေပါပြီ .။

ပါဠီပထမပြန် မေးပွဲွေ တွ နိုင်တော်အဆင့် လုပ်နေခဲ့တာညောင်တုန်းက စောတာွေ့တွ့ရပါတယ် ။ (အ သေးစိတ်ကို ပူးတွဲ Wiki page တွင် ကြည့် ပါရန် .)

စာပြန်ပွဲအ ေ ကြ ာင်း သိချင် တာနဲ့ အင်တာနက်မှာ ရှာ ကြညိ့တာ ညောင်တုန်းမြို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သုဓမ္မာ ပရိယတ္တိ စာမေးပွဲ ပထမကြီးတန်းကို

ပထမဂုဏ်ထူးဖြင့် အောင်မြင်၍ သုဓမ္မာပရိယတ္တိ ပထမကျော်ဘွဲ့ ရရှိခဲ့သူ ။

ဦးမြတ်ကျော်၊အ ေ ကြ ာင်း သွား ွေတွ့တယ် ။.

(ခ)။ ညောင်တုန်းဆရာ တော်ကြီး ။

သာသနာ့ရောင်ဖုံး မြို့ ညောင်တုန်းမှ ၊ သက်တော်ရှည် ဆရာတော်ကြီး
အသက် ၁၀၀ ပြည့်ပါပြီ ။

“ညောင်တုန်းမြို့ စျေးကျောင်းဆရာ တော် သက်တော်ရာပြည့် ဂုဏပူဇာသ
ဘင်ကို” ( ၂၀၂၂ ခု မေလ ၄ ၇က်နေ့ ) မှာ ညောင်တုန်းမြို့မှာ ကျင်းပ ခဲ့ပါတယ် ။


ညောင်တုန်းမြို့ စျေးကျောင်းတိုက် ဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိ
တ ၊အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကအဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသြသဓာဘိ
ဝံသ သက်တော်၁၀၀ပြည့် ဂုဏပူဇာသဘင်ကို ၄၊၅၊၂၀၂၂ရက်နေ့ နံနက်ရှစ်နာရီ
တွင် ညောင်တုန်းမြို့ ဗိုလ်ချုပ်လမ်း၊မဟာဓမ္မဒီပိကာရုံ တန်ဆောင်းတော်ကြီး
၌ ကျင်းပရာ ရှေးဦးစွာ အခမ်းအနားကိုနမောတဿသုံးကြိမ်ရွတ်ဆိုပူဇော်၍
ဖွင့်လှစ်ပါသည်။


ထို့နောက် အမျိုးသား ယဥ်ကျေးမှုနင့်အနုပညာ တက္ကသိုလ်(ရန်ကုန်)သတင်း
ဌာနမှ လက်ထောက်ကထိက တေးသံရှင် အဆိုတော် ခင်နွဲ့အောင်က စောင်းပ
ညာရှင် ဒေါ်သန်းသန်းအေးနှင့်တွဲဖက်၍ထူးမခြားနား ရောင်ခြည်တော်ဖွင့် သီ
ချင်းခန့်ဖြင့်ပူဇော်၍မအူပင်မြို့နယ်သိုက်ကုန်းရွာ သိုက်ကုန်းကျောင်းတိုက်
နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇအဂ္ဂမဟာ သဒမ္မဇောတိက ဘဒ္ဒန္တဏဉာဏ
ဒီပက ထံမှငါးပါးသီလခံယူကြပါသည်။


ထို့နောက်ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း
က သာသနာရေးဆိုင်ရာများ လျှောက်ထား၍ သာသနာရေးနှင့်ယဥ်ကျေးမှုဝန်
ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းကသာသနာရေးဆိုင်ရာများ လျှောက်ထား
ပြီး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)ပါမောက္ခချုပ်ဆရာတော်
အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တကုမာရက သက်တော်ရှည် ရာပြည့်မထေရ်၏
ထေရုပ္ပတ္တိကထာကို ဖတ်ကြားပူဇော်ပါသည်။


. ထို့နောက်အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယ ပါ
မောက္ခချုပ် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒက ဂုဏဝိသိဋ္ဌထုတိ
ဝေဒလ္လဂါထာဖြင့်လည်းကောင်း၊သာသနာရေးနှင့်ယဥ်ကျေးမှုဦးစီးဌာန ၊ယဥ်
ကျေးမှု တက္ကသိုလ်မှ တေးသံရှင် ဒေါ်တင်နွဲ့အောင်က စောင်းပညာရှင် ဒေါ်
သန်းသန်းအေးနှင့်တွဲဖက်၍ရှစ်ဆယ်ပေါ် တေးထပ်ဖြင့်လည်းကောင်း၊တေး
သံရှင် ကျော်ကျော်ဟန်နှင့်သူဇာအောင်တို့က စိန်မင်္ဂလာဆိုင်းအဖွဲ့နှင့်တွဲဖက်၍
ရာပြည့်ဂုဏပူဇာမင်္ဂလာ ရတိုပိုဒ်စုံဖြင့်လည်းကောင်းပူဇော်ကြပါသည်။
ထို့နောက်တပည့်ဒါယကာ ဒါယိကာမများက ရာပြည့်ဆရာတော်ကြီးအား ပူ
ဇော်ကန်တော့၍ မင်္ဂလာဘိသေက ပဏ္ဍိတ ဘိသိက်ပညာရှင် ဦးထိန်လင်းက ဘိ
သေကမင်္ဂလာဆင်ယင်ကာ ပူဇော်ချီးမြှောက်ပါသည်။


ထို့နောက် ရာပြည့်ဆရာတော်ကြီးအားလှူဖွယ်ပစ္စည်းများ ဆက်ကပ်၍ စျေး
ကျောင် အကျိုးတော်ဆောင် ဦးထွန်းသိန်းက ကျေးဇူးတင်စကားပြောကြား
ပြီး ညောင်တုန်းမြို့ တောင်ညိုကျောင်းတိုက် နိုင်ငံတော် ဗဟိုသံဃဝန်ဆောင်
အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောမလထံမှအနုမောဒနာတရား နာယူကာ အခမ်းအ
နားကို စိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍ရုပ်သိမ်းလိုက်ပါသည်။


ထို့နောက် ရတနာရွှေမိုးငွေမိုးများ ရွာသွန်း၍ သံဃာတော်များအား နံနက်စာ
ဆွမ်း ဆက်ကပ်ပြီး ပရိသတ်တို့အားလည်း ကျွေးမွေးဧည့်ခံခဲ့ပါသည်။

ညောင်တုန်းမှာ သက်တော် နှစ် ၁၀၀ ရှိ နေ တဲ့ သက် တော် ရှည် ရာပြည့် ဆရာ တော် ကြီး တပါး လဲရှိ ကျန်းမာစွာ ရှိ ေ နပါသေး တ ယ်။

ညောင်တုန်း မြို ့က ပုဏ္ဏမာရာမ စျေး ေကျာင်း တိုက် ဦးစီးပဓာန၊ နာယက ဆတော် ၊ ဘဒ္ဒန္တဩသဓာဘိဝံသ ( အဘီဓဇ အဂ္ဂမဟာ သဒ္ဓမဇောတိက ) ဘွဲ့ရဆရာတော် ကြီး ပါ။

ငယ်စဉ် ျေကျာင်းသားလူငယ် ဘဝ ၁၉၆၂နောက်ပိုင်း ခန့် ၊အလယ် တန်းကျာင်း ပိတ်ရက် ွေတွ မှာ ဆရာတော် လာပို့ချ တဲ့ အဘိဓမ္မာ ကို ပထမဆံုး သင်ကြားဘူးခဲ့ တယ် ။ ကြာပါပြီ။နောက်ပိုင်းမှာ ဆရာ တော်က နိုင်ငံတော်အဆင့်သံဃမဟာနာယကအဖွဲ ရောက် သွား ခါ နိုင် ငံ တော်ရဲ့ သာသနာရေ း ေ တွဆောင်ရွက်နေနေခဲ့ ပါတယ် ။

. ကိုဗစ်မလာမီ လွန် ခဲ့သော ၃ နှစ်ခန့်က ဇာတိြေမြကိုရောက်ခဲ့စဉ် ဆရာ တော် ထံ သွားရော က် ဖူးွေတွ့ တော့ သူ့အသက်နဲ့ညောင်တုန်း စာပြန်ပွဲက တစ်နှစ်ခန့်သာ ကွာ တယ် လို့ မိန့် ကြား ခဲ့ပါတယ် ။

ဆရာ့ တော့် အေကြာင်းကို ပူးတွဲပါထေရုပ္ပတ္တိ အကျဉ်းမှာဖတ်ရှု လေ့လာ နိုင်ကြပါတယ် ။

သတင်း အချ က် အလက်များပံ့ပိုးပေး သူညောင်တုန်းကစာပေ မိ တ်ေဆွ သတင်းစာဆရာ ဦးတင် ေ ရွှ ( စာရေးဆရာ မောင်နေလင်း) ကိုေကျး ဇူးတင်ရပါတယ် ။

အေး မြင့် (ညောင်တုန်း )

၂၅/၃/၂၀၂၂

ကိုဗစ်ဘေးရှောင်၊ တစ်နှစ် ပြည် ့ အမှတ် တရ။ နှင့်

ေတွး မိေတွးရာ၊ ရေးမိရေး ရာ

အမှတ် စဉ်။ (၁၀၀ ) ပြည့် အမှတ်တရ . ။

ရည် ညွှန်း ( ၁ )

ညောင်တုန်းမြို့အ ေ ကြာ င်း ။ ( from Wikipedia info.)

ဝီကီပီးဒီးယား မှ

ညောင်တုန်းမြို့သည် မအူပင်ခရိုင်၊ ညောင်တုန်းနယ်အပိုင်၊ ညောင်တုန်းမြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာအရပ်တွင် တည်ရှိ၍၊ မအူပင်မြို့၏ မြောက် ဘက်ကျသည်။ ညောင်တုန်းမြို့နယ်အပိုင်တွင် ညောင်တုန်းမြို့ နယ်နှင့် ဓနုဖြူမြို့နယ်တို့ ပါဝင်သည်။ ညောင်တုန်းမြို့နယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၃၃၁ မိုင်မျှ ရှိသည်။ ၁၉၅၃ ခုနှစ် သန်ကောင်စာရင်းအရ လူဦးရေ ၁၅၂၄၅ယောက် ရှိသည်။

မူလက ညောင်တုန်းသည် အိမ်ခြေ ၁ဝဝ မျှသာရှိသော ရွာဖြစ်သည်။ ညောင်တုန်းနှင့်တစ်ဘက်ကမ်းဖြစ်သော ရန်ကင်း စံရာသည် ယခုအခါ ရွာပင်ဖြစ်နေသော်လည်း၊ ညောင်တုန်းမြို့ မစည်ကားစဉ်က မြစ်ကြောင်း ဆိပ်ကမ်းအဖြစ်ဖြင့် ထင်ရှားခဲ့ သည်။ ခရစ် ၁၈၅၂ ခုနှစ်လောက်တွင် ညောင်တုန်းမြို့နေရာ၌ အိမ်ခြေ ၁ဝဝ ရှိသော ရွာကလေးသာ ရှိသည်။ ထိုနောက် အင်္ဂလိပ်အစိုးရလက်ထက်တွင်မှ စည်ကားတိုးတက်လာသည်ဟု အမှတ်အသားရှိသည်။ ထိုခေတ်ကစ၍၊ အညာကုန်နှင့် အောက် ကုန် လဲလှယ်ရောင်းချရာ ဧရာဝတီဆိပ်ကမ်း မြို့ကြီးအဖြစ်သို့ တစ်စတစ်စ တိုးတက်လာခဲ့သည်။ အောက်ကုန်များမှာ အများ အားဖြင့် ငပိဿာဖြစ်သောကြောင့် ညောင်တုန်းမြို့တွင် ငပိ လှောင်ခြင်း၊ ပြုပြင်ခြင်း၊ ရောင်းချခြင်းအလုပ်သည် များစွာ တွင်ကျယ်လာလေရာ၊ ညောင်တုန်းမြို့မှငပိထွက်သည်ဟု ဆိုစမှတ်ပြုကြသည်၊ အကယ်စင်စစ်ကား၊ ညောင်တုန်းမြို့၏ အဓိကထွက် ကုန်မှာ ငပိမဟုတ်ချေ။ ဆန်စပါးနှင့် ကိုင်းကုန် များဖြစ်သည်။ ငပိမှာ အောက်မြို့ကျေးရွာများမှ ညောင်တုန်းမြို့ သို့ မြန်မာနိုင်ငံအထက်ပိုင်းအတွက် ရောင်းချစေရန်တင်ပို့သော ကုန်စည်ဖြစ်သည်။

ညောင်တုန်းမြို့ကျွန်းထိပ်ရပ်သည် ငပိအရောင်းအဝယ်ဖြင့် စည်ကားသော ရပ်ကွက်ဖြစ်ခဲ့သည်။ သို့ရာတွင် ၁၉၂ဝ ပြည့် နှစ်လွန်လာသောအခါ၊ ညောင်တုန်းမြစ်ဆိပ်၌ သောင်ထွန်းလာ သောကြောင့် ဧရာဝတီမီးသင်္ဘော မကပ်နိုင်ဖြစ်ခဲ့သည်။ ဤသို့ လျှင် တစ်စတစ်စဖြင့် ဆိပ်ကမ်းနေရာကော၍သွားခြင်းကြောင့်၊ ညောင်တုန်းမြို့၏ ငပိ အရောင်းအဝယ်လုပ်ငန်းသည်လည်း ဆုတ်ယုတ်သွားခဲ့လေသည်။ သို့သော် ထိုလုပ်ငန်းမှာ အစဉ် အလာအားဖြင့် ယနေ့တိုင် အနည်းငယ်ကျန်ရစ်သေးသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

1. ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)

ရည် ညွှန်း ( ၂ )

• ထူးထူးခြားခြားပူဇော်ကျင်းပမည့် ပရိယတ္တိပညာရည်ချွန်ဆုနှင်းသဘင်

May 15,2019 |05:16 |

ထူးထူးခြားခြားပူဇော်ကျင်းပမည့် ပရိယတ္တိပညာရည်ချွန်ဆုနှင်းသဘင်

အရှင်ဓမ္မဒဿီ

ဗုဒ္ဓမြတ်စွာသာသနာတော်သည် ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဒသာသနာဟု သုံးမျိုးရှိသည်။ ဘုရားရှင်ဟောကြားတော်မူခဲ့သော ပိဋကတ်သုံးပုံ၊ နိကာယ်ငါးရပ်၊ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်သည် လေ့လာသင်ယူအ

သော စာပေများဖြစ်၍ ပရိယတ္တိသာသနာဟု ခေါ်သည်။

ဘုရားရှင်ဟောကြားအပ်သော ရဟန်းသာမဏေ ဒါယကာ ဒါယိကာမတို့ လိုက်နာကျင့်သုံးအပ်သည့် ဒါန၊ သီလ၊ သမာဓိ၊ ပညာစသော ကျင့်စဉ်တရားများကို ပဋိပတ္တိသာသနာ ဟု ခေါ်သည်။

ထိုသီလ၊ သမာဓိ၊ ပညာတရားတို့ကို ကြိုးစားကျင့်ကြံ အားထုတ်သဖြင့် သိမြင်အပ်သော မဂ်ဖိုလ်နိဗ္ဗာန်တရားတို့ကို ပဋိဝေဒသာသနာဟု ခေါ်သည်။

ပရိယတ္တိသည် အရေးကြီး

စာပေပျောက်လျှင် လူမျိုးပျောက်မည်ဟူသကဲ့သို့  ဟောတော်မူသော တရားတော်များ ကွယ်ပျောက်လျှင်  သာသနာ ကွယ်ပျောက်မည်ဖြစ်၏။ စာပေသည် လူမျိုး၏ အသက်ဖြစ်သကဲ့သို့ ပရိယတ္တိသာသနာဟု ဆိုအပ်သော  စာပေသည်လည်း သာသနာတော်၏ အသက်ဖြစ်၏။ ပရိယတ္တိသာသနာဟူသော စာပေတို့ကို သင်ယူမှုနှင့် ထိုပရိယတ္တိစာပေတို့ကို ထူးထူးချွန်ချွန် တတ်မြောက်မှုတို့သည် သာသနာတော်အတွက် အရေးကြီးလှပေသည်။

ပရိယတ္တိသာသနာသည် ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာဟု သုံးမျိုးရှိပြန်သည်။ ဝိနည်းသည် ရဟန်းသာမဏေတို့ လိုက်နာ စောင့်ထိန်းရသည့် စည်းမျဉ်းစည်းကမ်းများဖြစ်သည်။ သုတ္တန်သည် ကျင့်နည်း၊ ကြံနည်း၊ အားထုတ်နည်းနှင့် လောက၊ ဓမ္မသဘာဝတို့ကို ယထာဘူတကျကျ ကျင့်သုံးတတ်ဖို့ညွှန်ပြသည့် နည်းလမ်းများဖြစ်သည်။ အဘိဓမ္မာသည် လောကဟု ဆိုအပ်သည့် ခန္ဓာ၏ သဘောကို အသေးစိတ်ဖော်ပြသည့် ဟောကြားချက်များဖြစ်သည်။ အကြောင်းတရားတို့ကြောင့် အကျိုးတရားတို့ ဖြစ်ကြရပုံ၊ ဖြစ်ပေါ်နေသော လောကရေးရာ မှန်သမျှ အကြောင်းတရားတို့ကြောင့် ဖြစ်ပုံ၊ ရုပ်+နာမ်တရား တို့သည် ဖန်ဆင်းသူမရှိဘဲ အကြောင်းတရားများ တိုက်ဆိုင် ညီညွတ်ပါက ဖြစ်ပေါ်လာပြီး အချိန်တန်က ချုပ်ပျောက်ကြပုံ၊ အကြောင်းနှင့် အကျိုးဆက်သွယ်ပြီး ဖြစ်နေပုံတို့ကိုညွှန်ပြ ထားသည့် ဒေသနာများဖြစ်သည်။

ထိုသို့ စည်းကမ်း၊ နည်းလမ်း၊ အခြေခံသဘောတရားတို့ကို ဖော်ပြထားသောကြောင့် ပိဋကတ်သုံးပုံဟု ဆိုအပ်သော ပရိယတ္တိ သာသနာသည် အရေးကြီးဆုံးဖြစ်သည်။

ဗုဒ္ဓစာပေတို့၌ ပရိယတ္တိသာသနာ အရေးကြီးပုံကို ဥပမာများစွာဖြင့် ပြထားလေသည်။ နေရောင်ကွယ်ပျောက်က လောကသားတို့ အမှောင်ရောက်ကြရသကဲ့သို့ သုတ္တန်၊ အဘိဓမ္မာ၊ ဝိနည်းတရားတို့ ကွယ်ပျောက်လျှင် လောကကြီးသည်လည်း (စစ်မှန်သော ဓမ္မအလင်းရောင် မရှိသဖြင့်) အကြောင်းမှန် အကျိုးမှန်တို့ကို မသိကြရတော့ဘဲ အမိုက်အမှောင်ကြီးသဖွယ် ဖြစ်ရတော့သည်ဟု လည်းကောင်း၊ ပဋိပတ္တိ (အကျင့်) တရားတို့ကို အားထုတ်သူ မည်မျှ များပြားသော်လည်း ပရိယတ္တိ (စာပေ) မရှိခဲ့သော် သာသနာ မျိုးဆက်သည် ကြာရှည် လေးမြင့်စွာ မတည်နိုင်ဟု လည်းကောင်း။

ရေရှိမှ ကြာပွင့်နိုင်သည်။ ရေမရှိလျှင် ကြာမရှိနိုင်။ ရေတည်တံ့အောင် ကန်ပေါင်ခိုင်ခံ့ဖို့ လိုအပ်သည်။ ကန်ပေါင် ခိုင်ခံ့မှ ရေတည်နိုင်ပြီး ကြာပွင့်နိုင်သည်။ ထို့အတူ ပရိယတ္တိ စာပေဝိုင်းသည် ရေကန်နှင့်တူသည်။ ပဋိပတ္တိအကျင့်သည် ရေနှင့်တူသည်။ ပဋိဝေဒ(မဂ်ဖိုလ်နိဗ္ဗာန်)သည် ကြာနှင့်တူသည်။ ရေကန်ပေါင်ခိုင်ခံ့မှ ရေတည်နိုင်သကဲ့သို့ ပရိယတ္တိသာသနာ အားကောင်းမှ ပဋိပတ္တိ သာသနာရှိနိုင်သည်။ ကျင့်ကြံအားထုတ် မှု (ပဋိပတ္တိ)ရှိမှ ထိုးထွင်းသိမြင်အပ်သော မဂ်ဖိုလ်နိဗ္ဗာန်ကို ရနိုင်သည်ဟု လည်းကောင်း။

ပရိယတ္တိ(စာပေ)သည် သာသနာတော်၏ ရေသောက်မြစ် ဖြစ်သောကြောင့် ပရိယတ္တိ(စာပေ)ကို အားပေးခြင်းသည် သာသနာတော်သုံးရပ်လုံးကို အားပေးခြင်း၊ ထိန်းသိမ်းစောင့် ရှောက်ခြင်းမည်၏ ဟုလည်းကောင်း ပြဆိုထားပေသည်။

မြန်မာနိုင်ငံ ပရိယတ္တိစာမေးပွဲများ

ထိုသို့ ပရိယတ္တိ သာသနာတော်အရေးကြီးကြောင်း ပြဆိုချက်အရ မြန်မာနိုင်ငံတော်အတွင်းရှိ ထေရဝါဒဘာသာ ခေါင်းဆောင် ဆရာတော်များနှင့် ဒါယကာ ဒါယိကာမတို့သည် သာသနာထွန်းကားရန် အားပေးစောင့်ရှောက် ချီးမြှောက်ခဲ့ကြသည်။

မြန်မာနိုင်ငံ ပရိယတ္တိစာမေးပွဲတို့တွင် ပထမပြန်စာမေးပွဲသည် သက်တမ်း အရှည်ဆုံးဖြစ်သည်။ ညောင်ရမ်းခေတ်တွင် ပေါ်ထွန်းခဲ့သော သာလွန်မင်းတရားကြီးသည် မြန်မာသက္ကရာဇ် ၁၀ဝ၀ ပြည့်နှစ် (ခရစ်နှစ် ၁၆၃၈ ခန့်) တွင် ပထမပြန်စာမေးပွဲကို စတင်ကျင်းပခဲ့သည်။ ရဟန်းသာမဏေများသာမက မင်းညီမင်းသားများပါ ပါဝင်ပြန်ဆိုခဲ့ကြသည်။

သာလွန်မင်းတရားကြီး လက်ထက်မှစ၍ ကျင်းပခဲ့သော ပထမပြန်စာမေးပွဲသည် အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို သိမ်းပိုက်သည့် ၁၂၄၇ ခုနှစ် (ခရစ်နှစ် ၁၈၈၅ ) မှစ၍ ရပ်ဆိုင်းသွားခဲ့သည်။

ဗုဓ္ဒသာသနာကို အားမပေးသော နယ်ချဲ့အင်္ဂလိပ်အစိုးရ၏ လက်အောက်တွင် ဗုဓ္ဒသာသနာတော် မမှေးမှိန်ရေးအတွက် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စုပေါင်းဆောင်ရွက်ကြသည့်အပြင် အင်္ဂလိပ် အစိုးရကိုလည်း ပထမပြန်စာမေးပွဲ ကျင်းပရန် တိုက်တွန်း တောင်းဆိုခဲ့ကြသည်။

ခေတ်အခြေအနေကို နားလည်သော အင်္ဂလိပ်အစိုးရသည် ပထမပြန်ကော်မတီကို ဖွဲ့စည်းပြီး စာမေးပွဲကျင်းပရေးအတွက် နည်းလမ်းများ ရှာဖွေတင်ပြစေသည်။ ပါဠိစာပေကို တစ်မျိုးတစ်မည် ပြုပြင်ပြောင်းလဲပြီး သင်ကြားရန်ဟူသော ပညာမင်းကြီး ဂျွန်ဗင်ဆန်မရမ်ပုတ်၏ အကြံပြုချက်ကို လက်မခံဘဲ ရှေးမြန်မာမင်းများလက်ထက်က သင်ရိုးအတိုင်းပြဋ္ဌာန်းရန် သတ်မှတ်ပြီး ၁၂၅၇ ခုနှစ်(ခရစ်နှစ် ၁၈၉၅) တွင် ပထမပြန် စာမေးပွဲကို အင်္ဂလိပ်အစိုးရက ပြန်လည်ကျင်းပခဲ့သည်။ စတင်ကျင်းပသည့်နှစ်က ပထမငယ်တန်း၊ ပထမလတ်တန်း နှစ်တန်းသာ ကျင်းပပြီး နောက်နှစ်တွင်မူ ပထမကြီးတန်းကို ကျင်းပခဲ့သည်။

မန္တလေး ပရိယတ္တိသာသနာဟိတ အသင်း

အင်္ဂလိပ်အစိုးရက ဝတ်ကျေတမ်းကျေမျှလောက်သာ ပရိယတ္တိသာသနာကို အားပေးနေသည်ကို အားရကျေနပ်ခြင်း မရှိကြသော ပွဲစားကြီး ဦးထွန်းစသော ဒါယကာကြီးများသည် ပရိယတ္တိသာသနာတော်ကို အားပေးစောင့်ရှောက်ရန်အတွက် ပရိယတ္တိသာသနာဟိတ (သကျသီဟ) အသင်းကြီးကို ၁၂၆၀ ပြည့်နှစ် (ခရစ်နှစ် ၁၈၉၈) တွင် တည်ထောင်ပြီး မြန်မာနိုင်ငံ ပရိယတ္တိစာပေလောကတွင် နာမည်အကြီးဆုံးဖြစ်သော သကျသီဟစာမေးပွဲကြီးကို ၁၂၆၅ ခုနှစ် (ခရစ်နှစ် ၁၉၀၃) တွင် စတင်ကျင်းပခဲ့သည်။ ထိုစာမေးပွဲ စာချတန်းအောင်သော ပုဂ္ဂိုလ်များကို အဘိဝံသဘွဲ့ ကပ်လှူသည်။

ရန်ကုန် ဝေတိယင်္ဂဏစာမေးပွဲ

မြန်မာနိုင်ငံတွင် နာမည်အကြီးဆုံး စာမေးပွဲတစ်ခုဖြစ်သော ဝေတိယင်္ဂဏစာမေးပွဲကို ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် ကုန်းတော်၌ တည်ရှိသော ဝေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ အသင်းကြီးက ကျင်းပပြီး စာချတန်းအောင်မြင်ကြသော ပုဂ္ဂိုလ်များအား အဘိဝံသ ဓမ္မာစရိယဘွဲ့ ကပ်လှူသည်။

ယင်း ဝေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟအသင်းကို ၁၂၆၅ ခုနှစ်(ခရစ်နှစ် ၁၉၀၃)တွင် တည်ထောင်၍ ဝေတိယင်္ဂဏ စာမေးပွဲကို ၁၂၈၀ ပြည့်နှစ် (ခရစ်နှစ် ၁၉၁၈) တွင်မှ ကျင်းပ နိုင်ခဲ့သည်။

တိပိဋကဓရစာမေးပွဲ

နိုင်ငံတော်အစိုးရက လွတ်လပ်ရေးရပြီး တစ်နှစ်အကြာ ၁၃၁၀ ခုနှစ်(ခရစ်နှစ် ၁၉၄၈)တွင် တိပိဋကဓရ ရွေးချယ်စာမေးပွဲကြီးကို စတင်ကျင်းပခဲ့သည်။ ပိဋကတ်သုံးပုံဆောင် ပုဂ္ဂိုလ်များ ပေါ်ထွက်ရေးနှင့် ဆဋ္ဌသံဂါယနာတင်ပွဲကြီး ကျင်းပနိုင်ရေးအတွက် ပိဋကတ်သုံးပုံအနက် ဝိနည်းပါဋကအကုန်၊ အဘိဓမ္မာ ပိဋကအကုန်နှင့် သုတ္တန်ပိဋကထဲမှ ဒီဃာနိကာယ်သုံးကျမ်းတို့ကို ပြဋ္ဌာန်းပြီး အာဂုံနှင့် သဘောရေးဖြေ နှစ်ဌာနခွဲ၍ ကျင်းပသည်။ အာဂုံအောင်ပြီးသော ကျမ်းကိုသာ သဘောရေးဖြေ ဖြေဆိုခွင့်ပြုသည်။

ပြဋ္ဌာန်းကျမ်းစာ အုပ်ရေ ၂၀၊ စာမျက်နှာပေါင်း ဆိုက်ကြီး ဖြင့် ၇၉၈၀ မျက်နှာကို အာဂုံပြန်ဆိုနိုင်သော ပုဂ္ဂိုလ်များကို တိပိဋကဓရဘွဲ့ ကပ်လှူသည်။ သဘောရေးဖြေပါ အောင်မှသာ တိပိဋကကောဝိဒ (တိပိဋကဓရ တိပိဋကကောဝိဒ) ဘွဲ့ကပ်လှူသည်။

အခြား အခြားသော စာမေးပွဲများ

သာသနာတော်သုံးရပ်တွင် အခြေခံအကျဆုံးဖြစ်၍ အလွန့်အလွန် အရေးပါသော ပရိယတ္တိ သာသနာတော်ကို အားပေးစောင့်ရှောက်သောအားဖြင့် ဖော်ပြပြီး စာမေးပွဲများအပြင် မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးအချို့တို့တွင်လည်း ပရိယတ္တိစာမေးပွဲများ ကျင်းပ၍ အားပေးပူဇော်ခဲ့ကြသည်။

သက်တမ်းရှည် စာမေးပွဲများမှာ ၁၂၈၂ ခုနှစ် (ခရစ်နှစ် ၁၉၂၀) မှ စတင်၍ ကျင်းပခဲ့သော ညောင်တုန်းမြို့ သုဓမ္မာ ပရိယတ္တိစာမေးပွဲ၊ ၁၂၈၄ ခုနှစ် (ခရစ်နှစ် ၁၉၂၂) မှစ၍ ကျင်းပခဲ့သော သထုံမြို့ သုဝ္ဏဘူမိ ပရိယတ္တိသာသနဟိတ အသင်းစာမေးပွဲ၊ ၁၂၉၂ ခုနှစ် (ခရစ်နှစ် ၁၉၃၀)မှစ၍ ကျင်းပ ခဲ့သော မော်လမြိုင်မြို့ ပရိယတ္တိ သဒ္ဒမ္မပါလအသင်း စာမေးပွဲတို့ ဖြစ်သည်။

ပရိယတ္တိ ပညာရည်ချွန်ဆုနှင်းပူဇော်ရေးအဖွဲ့

မြန်မာနိုင်ငံသည် ထေရဝါဒဗုဓ္ဒသာသနာ၌ ရှေ့ဆောင်နိုင်ငံ ဖြစ်၏။ မြန်မာ ရဟန်းသံဃာတော်များ၏ ပရိယတ္တိအရည်အသွေးကို အခြားနိုင်ငံများက ပုဂ္ဂိုလ်များ လိုက်မမီပေ။ ပရိယတ္တိနှင့် စပ်လျဉ်းလာလျှင် မြန်မာရဟန်းတော်များ ထဲထဲဝင်ဝင် ကျကျနန တတ်မြောက်ကျွမ်းကျင်သည်ကို အခြားနိုင်ငံများရှိ ရဟန်းသံဃာတော်များနှင့် လူပုဂ္ဂိုလ်ပညာရှင်များက အသိအမှတ်ပြုကြသည်။

ပဋိပတ္တိ(ကမ္မဋ္ဌာန်း) အရာတွင်လည်း မြန်မာနိုင်ငံသည် ရှေ့ဆောင်နိုင်ငံဖြစ်သည်။ ပဋိပတ္တိသာသနာနယ်ပယ်တွင် လယ်တီ ဆရာတော်၊ မင်းကွန်းဇေတဝန်ဆရာတော်၊ မဟာစည် ဆရာတော်၊ မိုးကုတ်ဆရာတော်၊ ရွှေဥမင်ဆရာတော်၊ ရွှေတောင် ကုန်းဆရာတော်၊ ချမ်းမြေ့ဆရာတော်၊ ဖားအောက်ဆရာတော် စသော ပဋိပတ္တိသာသနာပြုဆရာတော်ကြီးများနှင့် အနာဂါမ် ဆရာသက်ကြီး၊ ငွေစာရင်းမင်းကြီး ဦးဘခင်၊ ဆရာကြီးဂိုအင်ကာ တို့သည် ကမ္ဘာကသိသော ကမ္မဋ္ဌာန်းပြဆရာကြီးများ ဖြစ်ကြသည်။

ပဋိပတ္တိသာသနာအရာတွင် မြန်မာနိုင်ငံက ရှေ့ဆောင်ရှေ့ ရွက်ဖြစ်ရခြင်းမှာလည်း ပရိယတ္တိသာသနာ ခိုင်မာအားကောင်းသောကြောင့် ဖြစ်သည်။ မှန်ပေသည်။

ပရိယတ္တိ (ပိဋကတ်သုံးပုံ) ထဲ၌ ပဋိပတ္တိ (ကျင့်နည်း၊ ကြံနည်း၊ အားထုတ်နည်း) တို့သည် ခိုင်ခိုင်မာမာ ပြည့်ပြည့်စုံစုံရှိကြသည်။ ပရိယတ္တိကျွမ်းကျင်သော ဆရာတော်ကြီးများသာ ကျင့်ကြံ အားထုတ်နည်း အမှန်  (ပဋိပတ္တိ) ကို သိနိုင်ကြသည်။ ပရိယတ္တိမကျွမ်းကျင်သော ပုဂ္ဂိုလ်များသည် ထိုကျင့်ကြံ အားထုတ်နည်းအမှန်ကို သိမြင်နိုင်မည်မဟုတ်ပေ။ ကျင့်ကြံအား ထုတ်နည်း (ပဋိပတ္တိ)မမှန်ကန်လျှင် (သို့မဟုတ်)မပြည့်စုံလျှင် ဝိပဿနဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရမည် မဟုတ်ပေ။

ထို့ကြောင့် ပရိယတ္တိစာပေကျမ်းဂန်တို့ကို ထဲထဲဝင်ဝင် မှန်မှန်ကန်ကန် သိဖို့အရေးကြီးပေသည်။ ပရိယတ္တိ သာသနာတော်သည် သာသနာတော်၏ ပင်မ ရေသောက်မြစ်ဖြစ်သောကြောင့် ပရိယတ္တိသာသနာထွန်းကားရေးကို အားပေးခြင်းသည် သာသနာနှင့် ပညာနှစ်မျိုးလုံးကို အားပေးခြင်းဖြစ်သောကြောင့် သာသနာနှင့် ပညာကို ထာဝရ အားပေးပူဇော်လိုကြသော ဒါယကာအချို့က မန္တလေးမြို့ အဝေရာ ရာမရန်ကင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသြဒါ က သီရိဘိဝံသထံ သြဝါဒခံယူကြရာ ဆရာတော်က မြန်မာနိုင်ငံတော်တွင် ကျင်းပနေသော ထိပ်တန်းစာမေးပွဲများကို ထူးထူးကဲကဲ အောင်မြင်ကြသော သံဃာတော်များအား ထူးထူးခြားခြား ပူဇော်သင့်ကြောင်း သင်ကြားတော်မူပါသည်။

ထိုလမ်းညွှန်မိန့်ကြားချက်အရ ၁၃၇၉-၁၃၈၀ ပညာသင် နှစ် (၂၀၁၈ ခုနှစ်) စ၍ တိပိဋကဓရစာမေးပွဲ၊ ဓမ္မာစရိယစာမေးပွဲ၊ ပထမပြန်စာမေးပွဲ၊ မန္တလေး ပရိယတ္တိ သာသနဟိတ (သကျ သီဟ) စာမေးပွဲ၊ ရန်ကုန် ဝေတိယင်္ဂဏ စာမေးပွဲတို့တွင် တစ်ပြည်လုံး အမှတ်အများဆုံးဖြင့် ပထမရ၍ အောင်မြင်ကြသော အရှင်မြတ်တို့ကို ပရိယတ္တိပညာရည်ချွန်ဆုနှင်းပူဇော်ပွဲ ကျင်းပ၍ ထူးထူးခြားခြား ပူဇော်သွားမည်ဖြစ်ကြောင်း သိရရာ လွန်စွာ ဝမ်းမြောက်ရပါသည်။

ပထမအကြိမ်ကျင်းပသော ပရိယတ္တိပညာရည်ချွန် ဆုနှင်းသဘင်၌ မန္တလေး သကျသီဟစာမေးပွဲ စာချတန်းနှင့် စာသင်တန်း၊ ရန်ကုန် စေတိယင်္ဂဏစာမေးပွဲ စာချတန်းနှင့် စာသင်တန်းတို့၌ ပထမရ အောင်မြင်သော အရှင်မြတ်လေးပါးနှင့် ဓမ္မာ စရိယစာမေးပွဲ တစ်ပြည်လုံး ပထမ “အဂ္ဂမဟာအကျော်” ဘွဲ့ရတစ်ပါး၊ ပထမကြီးတန်း တစ်ပြည်လုံးပထမ “ပထမကျော်” ဘွဲ့ရတစ်ပါး ပေါင်း ခြောက်ပါးတို့ကို ၁၃၈၁ ခုနှစ် ကဆုန်လပြည့် ကျော် ၁ ရက် (၁၉-၅-၂၀၁၉) တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့၊ ရှစ်မိုင် မစိုးရိမ်ရွှေကျင်တိုက်၌ ပညာရည်ချွန်ဆုများ အပ်နှင်းမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

မြန်မာ့အလင်း

——

ရည်ညွှန်း ( ၃ )

ညောင်တုန်းမြို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သုဓမ္မာ ပရိယတ္တိ စာမေးပွဲ ပထမကြီးတန်းကို

ပထမဂုဏ်ထူးဖြင့် အောင်မြင်၍ သုဓမ္မာပရိယတ္တိ ပထမကျော်ဘွဲ့ ရရှိခဲ့သူ ။

ဦးမြတ်ကျော်၊

ဆရာကြီးဦးမြတ်ကျော်ကို ၁၉၃၅-ခုနှစ်၊ မေလ၂၀ ရက်နေ့တွင် အဖ ဦးဖကျော်နှင့် အမိ ဒေါ်သာနု တို့က မြောက်ဦးမြို့နယ်၊ ပျားတဲကျေးရွာ၌ မွေးဖွားခဲ့သည်။

ဆရာကြီးသည် ငယ်စဉ်က မြောက်ဦးမြို့နယ်၊ မှိုဟင်းကျေးရွာဆရာတော်နှင့် စက်သွားကျေးရွာ ဆရာတော်တို့ထံတွင် အခြေခံပရိယတ္တိစာပေများကို သင်ယူခဲ့သည်။ အသက် ၁၁ နှစ်အရွယ်တွင် ရှင်သာမဏေဘဝဖြင့် မြောင်းမြမြို့ ပဇ္ဇောတာရုံကျောင်းတိုက်တွင် ပရိယတ္တိစာပေများကို လေ့လာ သင်ယူသည်။ ရွှေကျင်သာသနာပိုင်ဆရာတော်၊ အင်္ဂလန်ဆရာတော်၊ မှော်ဘီသာသနာ့ဝန်ဆောင် ကျောင်းတိုက် အလင်္ကာပန်းကုံးဆရာတော် စသည့် ဆရာတော်များထံတွင် ပရိယတ္တိစာပေများကို ဆက်လက်သင်ယူသည်။ အသက် ၂၀ အရွယ်တွင် နိုင်ငံတော်အစိုးရပါဠိပထမပြန် ငယ်၊ လတ်၊ ကြီး စာမေးပွဲများ၊ ပထမကျော်စာမေးပွဲနှင့် ဓမ္မာစရိယစာချတန်း စာမေးပွဲများကို ဂုဏ်ထူးဖြင့် အောင်မြင်သည်။ သာသနဓဇသိရီပဝရဓမ္မာစရိယဘွဲ့တံဆိပ် ရရှိသည်။ ထို့ပြင် ရန်ကုန်မြို့ စေတိယင်္ဂအဘိဝံသဘွဲ့နှင့် ညောင်တုန်းမြို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သုဓမ္မာ ပရိယတ္တိ စာမေးပွဲ ပထမကြီးတန်းကို ပထမဂုဏ်ထူးဖြင့် အောင်မြင်၍ သုဓမ္မာပရိယတ္တိ ပထမကျော်ဘွဲ့ ရရှိသည်။

ဆရာကြီးသည် ၁၉၅၉-ခုနှစ်တွင် လူဝတ်လဲ၍ တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေရေးဌာနတွင် စာပြု၊ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် မြန်မာစာဌာန နည်းပြနှင့် တက္ကသိုလ်ကောလိပ်များ အရှေ့တိုင်းပညာ သင်ကြားရေး အကြံပေးအဖွဲ့ဝင်တာဝန်များကို ထမ်းဆောင်သည်။ ၁၉၇၄-ခုနှစ်တွင် မြန်မာစာအဖွဲ့ဦးစီးဌာနတွင် လက်ထောက်စာတည်းမှ ၁၉၉၅-ခုနှစ်အထိ စာတည်းမှူးတာဝန်များကို ထမ်းဆောင်ပြီး အငြိမ်းစားယူခဲ့သည်။ ၁၉၉၆-ခုနှစ်တွင် မြန်မာစာအဖွဲ့တွင် အချိန်ပြည့်အဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းခံရသည်။ ဆရာကြီးသည် မြန်မာစာ မြန်မာမှုဆောင်းပါးများ၊ ဘာသာရေးဆောင်းပါးများ၊ ဘာသာရေးကျမ်းစာအုပ်များကို ရေးသား ပြုစုသည်။ ရေးသားပြုစုသော စာအုပ်များမှာ လျှပ်စစ်ကင်္ဒါကျမ်း၊ ၃၁ဘုံ ခရီးသည်၊ လျှပ်စစ်ရူပ သိဒ္ဓိကျမ်း၊ လျှပ်စစ်ဋီကာကျော်ကျမ်း၊ ရာဟုလာမာတာ၊ မြန်မာအက္ခရာရေးသားနည်းစနစ်၊ မြန်မာ့ရိုးရာအမွေအနှစ် ရှေးဟောင်းပေစာ ပုရပိုက်စာ၊ ဗုဒ္ဓကျမ်းစာ မြစ်ဖျားခံသော အသုံးချမြန်မာစာ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်၊ မြန်မာစာမြန်မာမှုသုတ္တန်ရတနာ၊ ပုဂံခေတ် မြန်မာကျောက်စာအဘိဓာန်၊ ထေရဝါဒဗုဒ္ဓဘာသာ မြတ်ဗုဒ္ဓပါဝစနအဘိဓာန်၊ မြန်မာစာမြန်မာမှု ပါဠိအဘိဓာန်၊ မြန်မာ့ပေါရာဏမိတ်လင်စုံ၊

ဆရာကြီးသည် ၁၉၉၁-ခုနှစ်တွင် မြန်မာ့ရိုးရာအမွေအနှစ် ရှေးဟောင်းပေစာ ပုရပိုက်စာ စာအုပ်ဖြင့် လည်းကောင်း၊ ၁၉၉၅-ခုနှစ်တွင် ဗုဒ္ဓကျမ်းစာ မြစ်ဖျားခံသော အသုံးချမြန်မာစာ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် စာပေဗိမာန်စာမူ ဒုတိယဆု၊ ၁၉၉၀-ခုနှစ်တွင် မြန်မာစာမြန်မာမှုသုတ္တန်ရတနာ စာအုပ်ဖြင့် အမျိုးသားစာပေဆုကိုလည်းကောင်း၊ ဗုဒ္ဓကျမ်းစာ မြစ်ဖျားခံသော အသုံးချမြန်မာစာ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်၊ မြန်မာစာမြန်မာမှုသုတ္တန်ရတနာ၊ ပုဂံခေတ် မြန်မာကျောက်စာ အဘိဓာန်၊ မြန်မာ့ပေါရာဏမိတ်လင်စုံ စသည့် ကျမ်းစာမူများဖြင့် ပခုက္ကူဦးအုံးဖေ စာပေဆု လေးကြိမ်ကိုလည်းကောင်း၊၂၀၀၅-ခုနှစ်တွင် ဓမ္မဗိမာန်စာပေဆု တစ်သက်တာစာပေဆုများ ချီးမြှင့်ခြင်း ခံရသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

ဆရာကြီးသည် မြန်မာစာအဖွဲ့၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရင်း အသက်(၇၄)နှစ်အရွယ် ၂၀၀၉-ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ ဇနီး ဒေါ်ရင်ကြည်နှင့် သားတစ်ဦး၊ သမီးငါးဦး ကျန်ရစ်သည်။ [၁]

စာပေလက်ရာများ[ပြင်ဆင်ရန်]

1. ဗုဒ္ဓဘာသာဝင်များအတွက် ဘာသာရေးဆောင်းပါးများ

2. ၃၁ ဘုံ ခရီးသည်

3. ရာဟုလာမာတာ

4. မြန်မာအက္ခရာ ရေးသားနည်းစနစ်

5. မြန်မာစာ၊ မြန်မာမှု၊ မြန်မာ့ယဉ်ကျေးမှု ဆောင်းပါးများ

ကျမ်းကိုး[ပြင်ဆင်ရန်]

1. ↑ မြန်မာ့အလင်းသတင်းစာမှ

ပညာရေး ဝန်ကြီးဌာန မြန်မာစာနှင့် ဘာသာစကားပညာရေးဦးစီးဌာန Archived 28 October 2019 at the Wayback Machine.

( ဝီကီပီးဒီးယား မှ ရယူပါသည်။ )

ရည် ညွှန်း ( ၄)

စာရေးသူ၏

တွေးမိတွေးရာ ရေးမိရေးရာ များ ။

အညွှန်းမာတိကာ ။

တွေးမိတွေးရာ ရေးမိရေးရာ ။

ဖေ့စ်ဘွတ် လူမှ ုကွန်ယက် စာမျက်နှာပေါ ်က၊

အေး မြင့်( ညောင်တုန်း)၏ အ တွေးအရေးများ။

၁   ။  နိုင်ငံ့အရေး တွေးစရာများ ။    ပြောင်းလဲနေသောကမ္ဘာကြီး မှာ ခေတ် နောက် ပြန်သွား

နေကြ သူများ ။ ( ၁၉/၈/၂၀၂၁)            

၂   ။   လှိုင် သာယာ  ဟူ သည် ။

၃   ။ကျန်းမာရေး  ။ သမိုင်းကိုလိမ်လို့မရ ။သမိုင်းသက်သေတွေရှိခဲ့ဘူးတယ် ။( ၂၉/၇/၂၀၂၁)

 ၄)  ။    ဤခရီးနီသလား။ ( ၂၇/၇/၂၀၂၁)

၅   ။    သူများနိုင်ငံ မှာ ခေါင်းဆောင်တစ်ယောက်ရဲ့ဦးဆောင်မှ ု။ ( ၁/၇/၂၀၂၁)

၆   ။    ဝါဆိုဝါခေါင် ရေဖေါင်ဖေါင် ။ July August ,Rain and Flood ( by Daw Khin Myo Chit )

( – /၇/၂၀၂၁)

၇   ။   စီးပွားရေး ငွေရေး ကေးရေး  ၊ငွေသုံးနည်း ။

၈  ။ ရာသီတုတ်ကွေးနဲ့ ကိုဗစ် ၁၉  တို့ရဲ့ အဓိက ခြားနားချက်များ။ ( ၁၇/ ၈ /၂၀၂၁)

           ကိုဗစ်ရောဂါ၏ အဓိက လက္ခဏာ ၄ ရပ်။

၉    ။  ရန်ကုန်က ခါးပိုက်နှီ ုက်များ ။

      ကျွန်တော့် ကိုယ်တွေ့ အနှိုက်ခံ ခဲ့ရ စဉ်က ( တိုးေ ကြာင်လေး ဘူတာ)

၁၀    ။   နိုင်ငံ့အရေး တွေးစရာများ။   ဝန်ထမ်းဟူသည် ၊ ( ၁၂/၈/၂၀၂၁)

၁၁   ။  ဧရာဝတီသား ခရီးသည် များ ။

၁၂   ။    သဲထဲက မြေအောက် တမံ.   Sand Dam  ( ၂၁/၁၂ /၂၀၂၁ )

၁၃ ။ ရာသီတုတ်ကွေးနဲ့ ကိုဗစ် ၁၉  တို့ရဲ့အဓိက ခြားနားချက်များ။ ( ၁၇/၈/၂၀၂၁ )

၁၄  ။   တန်ဘိုးကြီးလှတဲ့ ရှ ုမဝ မ ဂ္ဂ ဇင်း တွေ

၁၅    ။    သူများနိုင်ငံကလေဆိပ်

၁၆   ။  ပိသုကာ အနုပညာနဲ့ မြို့ပြအင်ဂျင်နီယာ အတတ်ပညာ ။ RIT ကစွယ်တော်ရွက် 

၁၇   ။  လယ်တွင်း ကိုးခရိုင်ထဲက  ကင်းတားဆည်နဲ့ ပြဒါးလင်းဂူ 

၁၈ ။ ဆည်မြောင်းက ဆရာသမား အင်ဂျင်နီယာ ပညာရှင်ကြီးတွေ 

၁၉  ။ကြာတော့  ကြာခဲ့ပြီ. မမေ့နိုင်ပါ။  နိုင်ငံ ဝန်ထမ်းကောင်းတစ်ဦး ဆုံးရှ ုံ း ခြင်း

၂၀    ။  လူတွေသိလေပိုကောင်းလေ။   ဆည်မြောင်းက လုပ်ခဲ့တဲ့ တစ်လတစ်ဆည် ကိစ္စ ။

၂၁ ။ စာသမားများ၊  စာဘတ်သူများ ။

၂၂ ။  ရေနိုင်ငံနယ်သာလန် နဲ့ မြန်မာနိုင်ငံက ရေအရေး  နိုင်ငံအရေး။

၂၃ ။ နိုင်ငံအရေး. ရေအရေး. ရေရေးရာတွေပါ။

အရေးကြီးတဲ့ မြေတိုင်း အမှတ်အသားမြေပြင် ကျောက်တိုင်တွေ ။

 ၂၄ ။ကမ္ဘာ့ရေညီလာခံ ကို သွားရောက်တက်ခဲ့ ကြတဲ့ ဆည်မြေ င်းအဖွဲ့ ရဲ့ ကမ္ဘာတစ်ပတ် ခရီး စဉ်။ ၂၅   ။  ကြံ ု ရ ဆံ ုရ ဘုံ ဘဝ  အထွေထွေ ။   ဆည်မြောင်း အဖွဲ့သားတွေရဲ့   လိပ်ဖိုးဖိုး 

၂၆ ။  သမိုင်း ။ မြန်မာ့သမိုင်း.။   ဘာကြောင့်သမိုင်းသင်ကြသလဲ။

                          သမိုင်းတွေ ဘာကြောင့် သိဘို့လိုသလဲ ။

၂၇ ။၂၁ ရာစု မျ်ုးဆက်သစ် ရေအင်ဂျင်နီယာ လူ ငယ် များ။  YWP Young Water Professionals 

၂၈ ။  အိပ်မက်တွေ .  ပျက် သွားပါပြီ။

၂၉  ။  အမေနဲ့ သူ့ခလေးများ ။

 ၃၀ ။ ၂၀၂၀  ကိုဗစ် ကာလ.အဆိုးထဲကအကောင်း လုပ်ဖြစ်ခဲ့တဲ့အလုပ်

 ၃၁ ။  ဆည်မြောင်း လောကသားတွေ. ဘာလုပ်နေကြသလဲ။

  ၂၀၂၀ ခုနှစ်အတွင်း က ကိုဗစ်ရောဂါ ပိုး လှိုငး ထကြွသောင်းကျန်နေစဉ်အချိန်ကာလ

၃၂ ။ မ န်မာတွေအတွက် ဖြစ်စေလွန်းခဲ့တဲ့ဆန္ဒ နဲ့လက်တွေ့အလုပ်။

      Underground Storage Reservoirs. For Myanmar.  ၂၃/၉/၂၀၁၆ က  ခံစား ရေးခဲ့ဘူးတာ    

 ၃၃ ။  ရေတံခါးတွေနဲ့ကျွန်တော်  ။ ပန်းလှိုင်ရေတံခါးကိစ္စ ။

         SLUICES AND ME: ( Continued )    ” All  About Panhlaing “

၃၄ ။   ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ် 

၃၅  ။  နေရာတကာမှာတိုးတက်အောင်မြင်ဘို့ ဘာအရေးကြီးဆုံးလဲ။ 

 ၃၆ ။ ဆည်ဆောက်သူများ။ လူတွေမဟုတ် ၊သတ္တဝါ တိရစ္ဆာန်တွေ။

 ၃၇ ။  ဆရာ   ကြီး ဦးပဂျီငို၏   ကြီးပွား ချအ်းသာရေး စာအုပ် ရဲ့  လွမ် းမိုး သက်ရေညက် မှ ုများ 

၃၈  ။   တိုင်းရင်းသားလူမျိ ုးပေါင်းစုံ နေထိုင်ကြတဲ့ အမိမြန် မာ နိုင်ငံ တော်  ြ ကီ း။                      

၃၉ ။        တော်လိုက်တဲ့အတွေး 

 ၄၀ ။     ရှေေးရှေးတုန်း က မြန်မာတွေ။ပညာကိုတန်ဘိုးထားခဲ့ကြတဲ့  မြန်မာနိုင်ငံသားတွေ ပါ။ 

၄၁ ။     ဘုံဓမ္မတာမှာ ကြံ ုလာလေသ မျှ။ ရေကြီးတာနှစ်တိုင်း ခံစားေ နကြမှာလား ၊

.၄၂ ။    သမိုင်း သင်ခန်းစာ ယူတတ်ကြပါစေ။   

         သမိုင်း မရိုင်း တဲ့ ဆည်မြောင်း   သမိုင်း ထဲက ဆည်မြောင်း ။  

        ဆည်မြောင်းသမိုင်းစာအုပ်တွေ ။   သမိုင်းရှိတဲ့ဆည်မြောင်း။ေ        

၄၃ ။ မြစ်ဝ ကျွ န်းပေါ်အရေး.   စိတ်မအေးကြသူများ 

၄၄)    နိုင်ငံအရေး ေ ရအရေး ရေရေးရာ ရေကိစ္စများ (မိုးကုန်ပါပြီ )

      ၈/၁၀/၂၀၁၉  နေ့က။  ပေ ါ ်လာ ခဲ့ ဘူးတဲ့  ကအတွေး မျှင်များ 

.၄၅ ။ အင်္ဂလိပ်စာ ညံ့ခဲ့တဲ့ကျွန်တော် ။

၄၆  ။ယဉ်ကျေးမှု အဆင့်အတန်း အလွန်မြင့်ခဲ့တဲ့မြန်မာတွေ ။

 ၄၇ ။သစ်တောသစ်ပင် ချစ်ခင်တဲ့လူမျိုး 

၄၈ ။ ဘဝနေနည်း ။   ဘဝမှာ စိတ်ရောကိုယ်ပါ ကျန်းမာ  အောင်ဘယ်လို နေကြမလဲ။

၄၉ ။   ၁၉ ၃၆  ခုနှစ် လူ ငယ် ဘဝက ၂၁ နှစ်သား ဒို့ဗို လ်ချုပ်ရဲ့ စိတ်ဓာတ်နဲ့ ခွန်အား ။

    အပြောမဟုတ် တကယ်လုပ်ခဲ့တဲ့ဗိုလ်ချုပ်။

၅၀ ။   ပထမဆုံးမြန်မာရုပ်ရှင်

၅၁ ။ ကမ္ဘမြေပေါ်က နေချင်စရာ အကောင်းဆုံး နိုင်ငံ တွေ။

၅၂ ။ ဦးကျော်ဦးရေးတဲ့စာ ၊  မြစ် ဝကျွန်ပေါ ်လောင်းလျာ

၅၃ ။    လောကီ နဲ့ လောကုတ် ။ ဘဝသံသရာ ထဲက   အတ္တ  နဲ့  ပရ

၅၄)     ခေတ်ကောင်းစဉ်က.  ြပ့်ည်သူတွေအတွက် တိုင်းရင်းသားတွေအတွက်  

        လုပ်ခဲ့ကြတဲ့ အလုပ်တွေ။

 ၅၅)   သီတင်းကျွတ်ပြီ။ ပဲခူး ဟံသာဝတီက သီရိမင်္ဂလာ ဆုတောင်းပြည့်စေတီတော်နှင့်  

    ပဲခူးဆည်မြောင်း မိသားစုများ ။

၅၆ ။    ဘုံဓမ္မတာမှာ  ကြုံလာလေသမျှ။ ဘဝသံသရာ ထဲက  ကင်းတားဆည်  

၅၇  ။   သမိုင်း ။ မြန်မာ့ခေတ် သမိုင်းထဲက ဆိုးမွေ ကောင်းမွေ ထိုနှစ်တွေ ။

                         ရှေးက ပြည်တော်သာခေတ်မှာ ကမ္ဘာ့မိတ်ဆွေတွေပေါခဲ့ချိန်နဲ့

                          ယနေ့ခေတ်မှာ ကမ္ဘာပေါ်မှာ အထီးကျန်ဖြစ်နေတဲ့မြန်မာနိုင်ငံ ။

၅၈ ။  နှစ်ပေါင်း ၂၀ကျော်  ဖွင့်လိုက်ပိတ်လိုက်    ပိတ်လိုက်ဖွင့်လိုက် နဲ့

         နှစ်စဉ်လုပ်နေကြတဲ့ ဆည်မြောင်း

 ၅၉ ။  စက်မှ ု တက္ကသိုလ် RIT ကဆရာ နဲ့ အလုပ်ကံ ကောင်းသူ ကျွန်တော် ။

 ၆၀ ။  အချိန်  နာရီနဲ့  အရွေ ့

 ၆၁ ။   တာဝန် တစ်ခု ပြီး ခဲ့ ပြီ။ ဆည်တမံ များနဲ့ သဘာဝတ်ဝန်းကျင် ။

 ၆၂ ။  ဘဝမှာ  ကျေနပ် ကြည်နူး ခဲ့ရတဲ့ အချိန်လေး တစ်ချိန်။

 ၆၃ ။    မြန်မာအစ ဘယ်ကလဲ။ စိတ်ဝင်စားဘို့ကောင်းတဲ့ ကိုယ့်လူမျိုးတွေရဲ့ သမိုင်း။

၆၄  ။  ရေ ဟာ အသက် ၊အသက်သခင်  ရေ။

၆၅။    ၂၀၁၅။ ရှေ့ကိုသွားမလား၊.  နောက်ပြန်သွားမလား။

၆၆ ။   ရေအရေး ရေရေးရာ ရေကိစ္စ တွေထဲက  ပန်းလှိုင်မြစ်အကြောင်း ။

၆၇ ။ မြန်ဆုံစီမံကိန်းနဲ့ BANCA. ။ BANCA နဲ့ ဆရာကြီး ဦးဥဂ္ဂါ။ 

 ၆၈ ။  ရေဘေးဒုက္ခ အထွေ ထွေ။ ဘာတွေ ဆက်လုပ်ကြမှာလဲ

 ၆၉  ။  မယုံမရှိကြနှင့် ။ စက်မှုတက္ကသိုလ်ကျောင်းသား လူငယ် လူတော်တွေ 

၇ ၀ ။   တစ်ချိန်တုန်းက တက္ကသိုလ်  ။  ကျွန်တော်တို့ တက္ကသိုလ်။     .     

၇၁ ။   နွံနစ်နေတဲ့ ပန်းလှိုင် မြစ် 

၇၂။     သံသရာတစ်ကွေ့ဝယ် ။၁၉၇၂ RIT ကျောင်းဆင်းပြီးစကာလ

                                               အလုပ်ဝင်လုပ်စ မနူးမနပ် လူငယ် အင်ဂျင်နီယာပေါက်စ ဘဝ

၇၃ ။ မိသားစုတွေ အနာဂတ်ကောင်းစေချင်သလား ။တိုင်းပြည်အနာဂတ်ကောင်းစေချင်သလား ။

၇၄ ။  မြေအောက် သဲတမံ ။ မြေအောက်က ရေ လှောင်ကန်။သဲကြောထဲက ရေ လှေ ာင်  တမံ ။    ၇၅ ။ မြို့ကြီး များ၌ ရေကြီးရေလျှ ံမဖြစ်အောင် ဘာလုပ်ကြမလဲ။ဘယ်လိုကာကွယ်ကြမလဲ ။                            ၇၆။  မြန်မာနိုင်ငံမှာခလေးတွေရဲ့ပညာရေး နဲ့ လူငယ်တွေရဲ့အနာဂတ်။

၇၇ ။ အနာဂတ်ပျောက် သွားတဲ့  ဧရာဝတီမြစ်ဝကျွန်ပေါ် ဒေသ ။

၇၈ ။  အငြိမ်းစား တို့ရဲ့   လွတ်လတ်တဲ့ ဘဝ အရသာ

၇၉ ။ မြန်မာ အင်ဂျင်နီယာတွေရဲ့ အစွမ်း အစ ။

      FLOOD  ,DRAINAGE  And  IRRIGATION  In  MYANMAR                      

၈၀ ။ စာဖတ်ခြင်း ရဲ့  လက်တွေ့ အကျိ ုး ရလဒ်များ ။

      ဆရာကြိးဦးပဂျီငို လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ က ရေး သားခဲ့တဲ့

     ကြီးပွါး ချမ်းသာရေးစာအုပ်အကြောင်း။      

၈၁ ။ ကျွန်တော် နဲ့ အိမ်  အဖေ ါ ်မ  “မာစီ” MERCY

၈၂ ။ မြန်မာပြည်က ရေပေါ် အိမ်များ ၊နဲ့ ပင်လယ် ဘေးက ရေပေါ်ရွာ ။

၈၃ ။ ၂၁ ရာစုခေတ်သစ်လူငယ်များရဲ့အစွမ်း။  ရတန ာ သိုက်  ကြီး။ 

၈၄။  သဲတမံ ဆိုတာဘာလဲ။ သဲနဲ့တမံ ဆောက်တာ မဟုတ်ဘူး။

၈၅ ။ ၂၀၂၀ ကိုဗစ် ကာလ ။ မအားအောင်နေရင်း လုပ်ချင်တာတွေ လုပ်ဖြစ်ခဲ့ တဲ့ ကာလ ။

 ၈၆ ။  စုပေါင်းညီညာ  အောင်ကြောင်းဖြာ ။ 

       လွန်ခဲ့သော ၆ နှစ်ကအောင်မြင်ခဲ့တဲ့ အလုပ် ရလဒ်တစ်ခု ။

၈၇ ။ အမှောင်ခွင်း၍  အလင်းဆောင်အံ့ ။

၈၈ ။   ယနေ့ပေါ်လာတဲ့ အတွေးမျှင် အတွေးစ။

လူ့ပြည်လောက လူ့ဘဝ ။လူဖြစ်ရကျိုးနပ်အောင် ဘာလုပ်ကြမလဲ။

                     Life Series.   012345—-43210

  လူ့လောက လူ့ဘဝ  သံသရာ ။  ဇာတိ ဇရာ ဗျာတိ မရဏာ ။

၈၉  ။    ယနေ့  စင်ကာပူနိုင်ငံ. နဲ့ ယနေ့မြန်မာ နိုင်ငံ။ ဘာကြာင့် ကွာဟနေတာလဲ ။

  စင်ကာပူနိုင်ငံဘာကြောင့် အလွန်အမင်း ချမ်းသာသွား ရတာလဲ ။

            စင်ကာပူနိုင်ငံ အောင်မြင်ရခြင်း ရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်များ ။

၉ ၀ ။  ကျေးဇူး ရှင်  လက်ဦးဆရာ ၊ ငယ်ဆရာများ ။

၉ ၂ ။ နေချင်စရာ ဤ မြေ ကမ္ဘာ   နဲ့ အမိ ပြည်မြန်မာ။

၉၃ ။ ( ကြုံ ရ ဆုံရ  ဘုံဘဝ ) ။ အဖေ့ရဲ့သား 

၉ ၄ ) အငြိမ်းစား  ပင်စင်စားတွေရဲ့ နေဝင်ချိန် ဘဝ

၉  ၅ ။ ကိုဗစ် ကာလ  ဒီနေ့ ။  ထူးခြားတဲ့ဒီနေ့ ။ ထူးဆန်းတဲ့နေ့ ။

          ဒီနေ့ ။  လှလိုက်တဲ့ ရက်စွဲကိန်းဂဏန်း ။ ၂၂/၀၂/၂၀၂၂

       WONDERFUL DATE  OF  OUR LIFE  22022022

      အချိန်တွေ  အကုန်မြန်လိုက်တာ။

 ၉ ၆  ။ ၂၀၁၆ ခုနှစ်  ခေတ်ကောင်းချိန် ကာလ ပုံရိပ်များ။ ( ပဲခူးဘုရား) 

 ၉ ၇ ။ ( စာပေအနုပညာလော က ) ညောင်တုန်းသား အနုပညာရှင်များ ။

၉၈  ။ ( မြန်မာ့ လျှပ် စစ် လောက ) တွေးခဲ့မိ၊ ရေးခဲ့မိတာေ တွ။

၉၉ ။ ( ဆည်မြောင်း က အင်ဂျင်နီယာ အနုပညာသမားများ ) 

         ဆည်မြောင်းအင်ဂျင်နီယာ တေးရေး ၊ အဆိုတော် စံသွင် ( နမ္မတူ)

၁၀၀ ။ ( ဘာသာရေး)သာသနာ့ရောင် ဖုံး မြို ု့ ညေ ာင် တုန်း ရဲ့  သက္ကရာဇ် ၂၀၂၂ မှာ ကျရောက် တဲ့ 

        နှစ် ၁၀၀ ပြည့် ရာပြည့် ပွဲ သဘင် ၂ ရပ်။ ( ၂၅/၃/၂၀၂၂ )

Sent from my iPad Pro M1

ရည် ညွှန်း။ ( ၅)

ဆရာသမားတယောက်ထံ အငြိ မ် မနေ တတ် တဲ့ တပည့်တယောက် ရဲ့ရေးထားခဲ့ တဲ ့စာွေတွ ကို ပြလိုက် လို့

ဆရာ့ထံက ပြ န် လာတဲ့ စာ နဲ့ပေးစာ ပြန်စာများ ။

On 25 Mar 2022, at 09:06, Ohn Myint <omyint1@gmail.com> wrote:

ကိုအေးမြင့်၊ 

ခင်ဗျား email က ကျွန်တော့ကိုလိပ်မူထားတာမို့ ကျွန်တော်ဘဲပြန်ကြားပါတယ်၊ ခင်ဗျားကအများမိတ်ဆွေတွေဘတ်ရသိရအောင် ယခု အ ဝေး ရောက်နေတဲ့ တနှစ်အတွင်းမှာ covid ဖြစ်နေ တဲ့ကာလမို့အိမ်နေချိန် အတွင်း fb မှတဆင့်သိိိထားမှတ် ထားတာတွေကိုရေးသားဖြန့်ဖြူး တာသိရလို့ ချီးကြူးပါတယ်။

အထူးသဖြင့်ကတော့ ရေးတဲ့ဆောင်ပါးတိုင်း နံပါတ်တပ်ရေးတဲ့စနစ်ကိုသဘောကြ မိပါတယ်။ စနစ်ထားတဲ့အလေ့အထလို့ ပြောရမလားဘဲ။ ကျွန်တော့ ဒီကမိတ်ဆွေ တ ယောက်ကလည်းခင်ဗျားလိုဘဲ သူရေးတဲ့စာစောင်တွေကိုနံပါတ် တပ်ရေးတာ ၃၀၀၀ ကျော်သွားပြီ၊ ခင်ဗျားဆိုအခုတနှစ်အတွင်း ၁၀၀ လောက်ရေးနိုင်ရင်၊ ၁၀တန်းကျောင်းသားဘဝကတည်းကစရေးလာတယ်ဆိုတော့ နံပါတ်သာတတ်ထားရင် အပုတ် ၅၀၀၀ ကျော်ရောပေါ့။

ဟင်းလေးအိုးကြီးလိုဘာသာရပ်အစုံကိုတတ်သမျှရေးနေ တဲ့သူတယောက်မို့ အကြံပေးလိုတာကတော့ indexing ခေါ်တဲ့ ဘာသာရပ်လိုက်ဖြစ် စေ အကြောင်းအရာလိုက်ဖြစ် စေ ခွဲထားပြီး စာအုပ်ထုတ်ရင်ပိုဘတ်လို့ကောင်းမလားဘဲ၊ ကျွန်တော်က ပြောတာပြောတတ်တာ indexing ဘယ်လိုရွေးပြီးဘယ်လိုလုပ်ရတယ်တော့ မသိပါ။ စာကြည့် တိုက်ပညာရပ်တတ်ကျွမ်းသူများနဲ့တိုင်ပင်ကြည့်ပါ။ ခင်ဗျားရေးထားတာတွေကအတော် စုံတော့ သီးစုံဟင်းစားရသလိုစားတုံးတော့ကောင်းတယ်၊ ဘာကပိုကောင်းတာလဲ လို့မေးရင် မပြောတတ်ဖြစ်နေတယ်။ 

အားလုံးကောင်းပါတယ်လို့ဆိုရမလားဘဲ။

OM

On Thu, Mar 24, 2022, 6:04 PM U Aye Mint <uamyint@gmail.com> wrote:

ကျွန်တော့ ပြန်စာ

ဆရာခင်ဗျား ။

ချက်ခြင်းစာ ပြန် ကြားလာလို့ အထူးကျေးဇူးတင်ရပါတယ် ။

အားပေးလို့လဲ ဝမ်းသာရပါတယ် ။

လုပ်ချင်တာတွေ ဆက်လုပ်ချင်ပေမဲ့ ၊ကိုယ့် ဘဝ  ကိုယ့် အသက် အရွယ် ကို  စစ်လိုက်တော့  နေဝင်အချိန်အ ဖိုး အရွယ် ရောက် နေပြီး ၊ ဘဝမှာ ချန်ထားခဲ့ရမှာတွေသာ အ ချိန်တေ ွ အကုန်ခံ  လုပ်နေတာတွေများပြီး ၊ ဘဝ သံသရာကို ယူသွားရမဲ့အလုပ်တွေ မရှိ သလောက် နည်းနေတာ ကို သတိထားမိနေပါသေး တယ်ဆရာ။ 

.ခုလိုလုပ် ြဖစ်တာ ကျွန်တော့်ဝါသနာဗီဇကြောင့်လဲဖြစ်ပါမယ်။  မြန်မြန်ဆန်ဆန် လုပ်နိုင်တာတွေက ကျွန်တော်တို့ တစ်တွေ ၂၀ ရာစုလွန်ပြီး၂၁ ရာစုထဲရောက်လာတဲ့အခါပေါ် လာခဲ့ တဲ့  ကွန်ပြူတာတွေနဲ့အတူ ကျွန်တော်ပင်စင်ယူ ခါနီး ၂၀၀၈ /၂၀၀၉ ခန်မှာ  Apple iPhone ပေါ်လာပြီးနောက်  ကျွန်တော် ၂၀၀၉ မှာ ပင်စင်   ယူ ပြီး တဲ့အခါ ပေါ် လာခဲ့တဲ့  Apple iPad ရဲ့ကျေးဇူးလဲ မကင်းဘူးလို့ ပြော နိုင်မယ် ထင်တယ် ၊

မူလက ဆည်မြောင်  ဌာန မှာ လုပ်စဉ်  နောက်ပိုင်းနှစ်တွေမှာ ကွန်ပြူတာLaptopp သုံးလာရာက Apple iPad ရလို့ စတင် သုံးလာချိန်ကစ ပြီး    ကွန်ပြူတာ  Laptop နဲ့ အကျွမ်း မဝင်  မသုံးတတ်သလောက်ဖြစ်သွားတယ် ။ iPad ကို ကြော်ငြာပေးသလိုတော့ဖြစ်နေမယ် ။

.ကွန်တော်က လဲ ipad ကို သဘောကျလို့  version အသစ်အပေါ်တိုင်း သုံး လာခဲ့တာ iPad 1 /iPad 2 /iPad Air 11 inches တွေတစ်ခုပြီးတစ်ခု သုံး လာခဲ့ ရာက ၊ ခု တော့ ၂၀၂၁ မှာ ထွက်လာတဲ့ iPad Pro    12.9 inches M1 5th generation အသစ်ပေါ် လာတော့  စျေးကြီးပေးပြီး ဝယ်သုံးဖြစ်နေပါတယ် ။ ပထမ မိမိဘာသာ USD 1500 ကျော်အကုန်ခံ သုံး ခဲ့ တယ် ။ ကျွန်တေ ိကလဲ ဆရာချို NEPS ရုံးမှာ ယ နေ့အထိ EIA အလုပ်တွေ တစ်လျောက်လံုးလုပ်နေခဲ့သူမို့  ၊ iPad အသစ် ဝယ် သုံးနေပြီးမကြာမီ  ရုံးကရတဲ့ ထောက်ပံ့ ကြေး နဲ့ စိုက်ဝယ်ခဲ့တဲငွေ ပြန် ပေါ်လာခဲ့ပါတယ် ။ ကိုယ့် ရဲ့စေတနာ ကိုယ့် ပြန်အအကျိုးပေးတယ် လို့ မှတ်ပါတယ် .။ NEPS Co ခေါင်းဆောင်ကြီး ဦးချိုချို ကို ကျေးဇူးတင်Aရပါကြောင်း အသိပေး နုတ်နဲ့ပြောခဲ့ပါတယ်။  iPad က  ကျွန်အတော်အတွက် အလွန် အသံုးတည့်နေခဲ့တာ ကြာပြီ။ 

.

Apple ကောင်းကွက် ကောင်းချက်တွေ ကိုယ်တွေ့ ပြော  ရရင် မကုန်နိုင်ပါဘူး ။. လက်ကိုင်ဖုန်း လောကမှာ မူလက NOKIA ဖုန်းတွေ နဲ့သာ တကမ္ဘာ လုံးသုံးလာနေခဲ့ ကြရာက Apple iPhone  လဲ ပေါ်လာ ၊ ထွ က်လာရော Nokia  ကုမ္ပဏီပိုင်ရှင်ကြီး မျက်ရည် ကျတဲ့အထိ ေနာက်ဆုတ်သွားခဲ့ရတဲ့ ဗီဒီယို ဖိုင်ကြည့်ခဲ့ ရဘူးတယ် ။ 

.

အသစ်အဆန်း Gadget တွေဆိုရင်ကျွ န်တော်ကိုယ်တိုင်စိ တ်ဝင်စားဝါသနာပါသူမို့။ Nokia hand phone သုံးနေရာက ၊  iPhone အသစ်စပေါ်စ ၂၀၀၈/၂၀၀၉ ခန့်မှာ iPhone 3GS model /2nd generation iPhone ကိုစတင်ဝယ်သုံးခဲ့ ဘူးတယ်  ။ဒါ ပေမဲ့ မူရင်းiPhone မဟုတ်ဘူး။ လက် မှု ပညာစက်မှုပညာတွေ ကျွမ်းတဲ့ တရုတ်တွေရဲ့ အတုလုပ်ပြီးထွက်လာတဲ့တရုတ် iPhone သာဖြစ်တယ် ။ USA made iPhone အသစ်က ၂၀၀၈ ခနိ့မှာ ၁၀ သိန်ူးခန့် စျေးပေါက်နေချိန်မှာ တရုတိက iPhone အတု က ၁ သိန်းကျော်ခန့်ဘဲ ပေးရတယ် ။ အားသွင်းဘို ့ နေေ၇ာင်ခြည် သံုး ဆီုလာပြားအသေးလေးပင်တွဲပါလာသေးတယ် . ။ အသစ်အဆန်းဆိုသဘောကျတဲ့ကျွန်တော် တွေ့တာနဲ့တားလို့မရဘူးဝယ် လိုက်တော့တာဘဲ။ဆည်မြောင်း  အလုပ် ကိစ္စနဲ့ ကျိုင်းတုံဘက်သွား၊တာချီလိတ် ရောက်လို့  ,တာချီလိတ်မယ် ဆိုင်တံတား ဘေး အောက်  က   ပုံးထံု တရုတ်တန်း  လဟာပြင်စျေးကရခဲ့တယ် ။      

 Apple ကလဲ နှစ်စဉ် ပြုပြင် ပြောင်းလဲ တီထွင်လာလိုက်တာ  ပိုကောင်းသထက်ကောင်းလာပြီး ၊  ဖုနိးတွေ တစ်မျိုးပြီးတစ်မျိုးထုတ်လာခဲ့တယ်ဘ ။ ယခုအခါ 13 th generation iPhone အဆင့် ေရာက်လာပြီး ပိုကောင်းသည်ထက်ကောင်းလာခဲ့တယ် ။ ကျွန်တော်လဲ ၃/၄ မျိုးခန့်ထိ ပြောင်း ပြောင်း သံုးလာခဲ့တယ်။ 

Apple ရဲ့ နည်းပညာတော်ချက် ကောင်းချက်က ပထမဆုံး ၂၀၀၈ /၂၀၀၉ ခန်က့ ကျွန်တော်သံုးခဲ့တဲ့ iPhone 3GS model ဖုန်းက ယနေ့ထိ သုံးလို့ရနေတယ်လို့ ပြောရင် ယုံကြပါ့မလားမသိဘူး ။ Apple ကုမ္ပဏီကို သူ့ရဲ့ ရှေး ဟောင်းပစ္စည်းတစ်ခုအဖြစ် ပြန်ရောင်းလို့ရရင် အမြတ်ထွက်မယ်။ ဒါပေမဲ့ဖုနိးက ကြာလာတော့ အထဲက ဘက်ထရီ က ဖေါင်းကြွလာပြီး အပြင်ကာဘာကွဲအက်လာတယ် ။  သုံးထားတဲ့ဘက်ထရီ က နှစ်ပေါင်း ၁၀ နှစ်ကျော် သက်တမ်း ရှိလာခဲ့တာ  .သူနဲ့ အပြိုင် လိုက်လုပ်ကြတဲ့ Samsung တို့ အခြားBrand ဖု န်း ကုမ္ပ ဏီတို့သူ့လောက် ၁၀နှျော် ခံ တဲ့ ဘက်ထရီ လုပ် နို င်ကြရဲ့လားတော့မသိပါ။ ကျွန်တော် ကတော့  Apple iphone 2 nd generation ကို ၁၀ နှစ်ကျော် တောက်လျောက် ကောင်းကောင်းသံုးလာနေနိုင်ခဲ့တာ ဖုန်းက ဒီနေ့ထိ အကြမ်း ထည်  သုံး ရနေသေးတယ် .။ဒါပေမဲ့မ သံုးတော့ပါဘူး။ 

 .

ကျွန်တော်ကိုယ်တိုင်  နေဝင်ချိန် အဖိုး အရွယ် ရောက်နေပေမဲ့  ယ နေ့တိုင်  Lifelong Learner ဖြစ်နေလို့ , လွန် ခဲ့သော ၁၀ နှျော်ကျာ် iPhone စပေါ်လို့စတင် သံုးချိန်ကတည်းက ဖုန်းထဲမှာ ဆရာနဲ့ မနေ့က ဆွေးနွေးခဲ့တဲ့ကမ္ဘာ့ အကောင်းဆုံး Encyclopedia Britannia ကွန်ပြူတာ version soft copy application ကို iPhone သေးသေးလေးထဲ ထည့်သံုးနေခဲ့ဘူးပါတယ် ။ iPhone ထက် ၁၁ လက်မထိ  ပိုကြီးလာတဲ့ iPad ပေါ်လာတော့ ကျွန်တော်အဖို့ ဝမ်းသာလီု့မဆံုး ဖြစ်ခဲ့ရတယ်။

 စာတွေ စာအုပ်တွေနောင် ဖတ်ချင် မှတ်ချင် တာတွေကို   iPad ထဲသိမ်းထားပြီး အချိန်မရွေးဘယ်နေရာ ရောက်ရောက် စာအုပ်တွေဖွင့်ဖတ်လို့ ရနေပါတယ် ။ ကျွန်တော် ကိုယ်တိုင်  စာကနဲနဲသာဖတ်အားရှိပြီး စုတာကများနေတာတော့ သိပါတယ် ။

ကွန်ပြူတာ ကို လဲ စိတ်ဝင်စားသူမို့ RIT ကျောင်းဆင်းပြီးပြီးခြင်း ၊  ၁၉၇၂ ခုနှစ် မှာ ဆရာ ဦး ခင်မောင်တဖုဏ်းကို သံုးနေတဲ့  Hp brand desktop computer နဲ့ Hp ရဲ့ first generation  printer တွေကိုစတင်တွေ့ဘူး မြင်ခဲ့ဘူး ရာကစလို့ ကွန်ပြူတာ တွေ  နဲ့ ဆည် မြောင်း က စပါး (၁) စီမံကိန်းရံုးမှာ ကျွန်တော် Hp  နဲ့ စတင် နီးစပ်ခဲ့ ပုံတွေကို Computers  and me စာတိုပေစလေးရေးဖြစ်ခဲ့ပါတယ် ။.ကျွန်တော့်လက်ရာ ၂၀၂၀ အမျိုးသားနေ့မှာ  ပထမဆံုးထုတ်ခဲ့တဲ့ “ မှတ်ဖွယ် မှတ်ရာ စာပဒေသာ” စာအုပ်ထဲမှာ အမှတ်တရ ဖေါ်ပြခဲ့ပါတယ်။ . လူ့ဘဝထဲရောက်လာတဲ့လူငယ် တစ်ယောက် အကြောင်းပါ ။ ကျွန်တော်က ကြွားတတ်တယ်လို့လဲ စာအုပ်ထဲမှာ ကျွန်တော်ဝန်ခံထားသေးတယ်။  . ကြွးတယ်ဆိုတာကလဲ  မှတ် သားလောက်ရာစ၇ာ ကြွားစရာတွေကလဲ ကိုယ်ပိုင် ရှိနေလို့ သာ ပါ လို့ လဲ ဖြည့်စွက် ရေးခဲ့ပါတယ် ။

ကျွန်တော်က အငြိမ်မနေတတ်တောာ့ တစ်ဘက်သူ ကြိုက်မကြိုက် မသိ လုပ်ချင်ရာ လုပ် နေတတ်တဲ့ စရိုက် ဗီဇ  ရှိနေလို့လားတော့မသိဘူး ၊ ကောင်းမကောင်းလဲ မသိ၊ဂရုမထား တတ်သလိုဖြစ်နေတယ် ။ 

တွေးချင်ရာတွေး။ရေးချင်ရာတွေရေး။လုပ်ချင်တာတွေ လုပ်လာနေခဲ့ရာက ဆောင်းပါးသဘော စာပေါင်းအမှတ်စဉ် ၁၀၀ ထိ ေ၇ာက်လာခဲ့ပါတယ် ။  , ၂၅ .၃ ၂၀၂၀  ဒီနေ့မှာ  အမှတ်စဉ်  ( ၁၀၀ ) အတွက်အ မှတ်ရ အဖြစ်”  သာသနာ့ ရောင်ဖုံး မြို့ညောင်တုန်း “ စာပဒေသာ ကိုမိတိဆွေ တွေ ဖတ် ဘို့ ဆက်လက် တင်ပြပါအုံးမယ် ။

ကျွန်တော်ကလဲ စာကြော၊ စကားကြော ရှည်တတ်နေလို့ ကျွန်တော့်ရဲ့ “ တွေးမိတွေးရာ ရေးမိရေးရာတွေ “ ကို ဆရာ့ ထံ ခုလိုပြန်ကြားတဲ့စာကို ဆုံး အောင်ဖတ်ပေးတဲ့အတွက် ကျေးဇူး အထူး တင်ရပါတယ်  ခင်ဗျား။

ဆရာ ေ ပြာတဲ့ indexing နဲ့ပ တ်သက်လို့ ဦးကျော်ဥ ီး က ကိုယ် ပိုင် website blog တင် နေခဲ့ပြီး ၊သူ့ထံကပြန်သင် ယူခါ ကျွ န် တော် လဲသူ့လို လို က် လုပ် ပြီး Website တင် နေတာ သူကတော့ index နဲ ့ search box. ေတွကအစ လုပ်နိုင်နေပါပြီ ။

ဆရာ့ တပည့် 

Best Regard 

Aye Myint 

NEPS Co.

Sent from my iPad Pro M1