ဦးပဂျီငို ၏ အထုပ္ပတ္တိ အကျဉ်း

ဦးပဂျီငို ၏ အထုပ္ပတ္တိ အကျဉ်း

( ခရစ် ၁၈၉၇ – ၁၉၈၇ )

ဦး ပဂျီငို ( တိုးတက်ရေး ဦးစိန် ) ကို နတ်တလင်းမြို့၌ ၁၈၉၇ ခု၊ ဒီဇင်ဘာလ ( ၂၁ ) ရက်နေ့ ( မြန်မာသက္ကရာဇ် ၁၂၅၉ ခု၊ နတ်တော်လဆုတ် ၁၃ ရက် ) အင်္ဂါနေ့တွင် အဖလယ်သမား ဦးဖိုးဆိတ်၊ အမိဈေးသည် ဒေါ်ဖွားစိန် တို့မှ ဖွားမြင်သည်။ မွေးချင်း ( ၉ ) ယောက် အနက် တတိယ ဖြစ်သည်။ ကာယဗလ ဦးရှိန်၏ ညီတော်သည်။ ငယ်မည်မှာ ပဂျီငို ဖြစ်ပြီး ကျောင်းမည်မှာ မောင်စိန် ဖြစ်သည်။

အသက် ( ၁၈ ) နှစ်အရွယ်တွင် နတ်တလင်းမြို့ ဆရာချယ်၏ လောကဓာတ်ကျောင်း၌ ပညာစတင်သင်ကြားခဲ့ပြီး ရန်ကုန်မြို့ အစိုးရဟိုက်စကူး ကျောင်းသို့ ပြောင်းကာ ခုနှစ်တန်းအထိ ပညာသင်ခဲ့သည်။

ကျောင်းထွက်ပြီးနောက် အသက် ( ၁၉ ) နှစ်တွင် ဓနိတော ဘီအိုစီ၌ စာရေး အဖြစ် စတင်အမှုထမ်းသည်။ ယင်းနောက် ရန်ကုန်မြို့ ဝီလျံဂျက် ကုမ္ပဏီတွင် ပြောင်းရွှေ့လုပ်ကိုင်ခဲ့သည်။ ဘောလုံး၊ ဟော်ကီ စသည့် အားကစားတို့တွင် ဝါသနာပါသည်။ ထိုကုမ္ပဏီတွင် သုံးလေးနှစ်လုပ်ပြီး ရုပ်ရှင်လောကသို့ ဝင်သည်။ ရုပ်ရှင်ကားများတွင် စတန့်မင်းသား အ ဖြစ် သရုပ်ဆောင်သည်။ ရုပ်ရှင် ဒါရိုက်တာလည်း လုပ်ခဲ့သေးသည်။ သုံးနှ စ် အကြာ ရုပ်ရှင်လောကမှထွက်၍ ဈေးဆိုင်တည်သည်။ ထို့နောက် ဘားမား ကော်ပိုရေးရှင်း၌ အမှုထမ်းသည်။ ယင်းသို့ အလုပ်လုပ်ကိုင်ရင်း ရသမျှ အချိန်ပိုကလေးများကို အလဟဿမကုန်စေဘဲ ခရစ် ၁၉၂၀ ပြည့်နှစ်မှ စ၍ ‘ကြီးပွားချမ်းသာရေး’ စာအုပ်ကို ရေးသားခဲ့ရာ ခရစ် ၁၉၃၀ ပြည့်နှစ်တွင် ပထမဆုံး အကြိမ် ပုံနှိပ်ထုတ်ဝေနိုင်ခဲ့သည်။ ယင်းစာအုပ်ကို ‘ဦးပဂျီငို’ ဟူသော ကလောင်အမည်ဖြင့် ရေးသားခဲ့သည်။ သူ၏ မွေးချင်း များတွင် သူသည် ရုပ်အဆိုးဆုံး ဖြ သဖြင့် ပန်းချီဆရာပင် ပုံတူမရေးနိုင်ဘဲ ငိုရလောက်အောင် အရုပ်ဆိုးလှသောကြောင့် ဘိုးဘွားမိဘများနှင့် သူငယ်ချင်းများက ‘ပဂျီငို’ ဟု ခေါ်လေ့ရှိကြသည်။ ထို့ကြောင့် ဦးပဂျီငိုဟူသော ကလောင်အမည်ကို အသုံးပြုရြခင်း ဖြစ်သည်ဟု စာအုပ်၏ နိဒါန်း၌ ရှင်းလင်း ဖော်ပြထားသည်။

ယင်းစာအုပ်၌ ‘ကြိုးစားက ဘုရားဖြစ်နိုင်၏’ ဟု ကြွေးကြော်ခဲ့သည်။ ကြွေးကြော်သည့်အတိုင်း အဆိုပါ စာအုပ်သည် အောင်မြင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယင်းစာအုပ်သည် ပထ မ အကြိမ် ရိုက်နှိပ်ထုတ် ေ ဝပြီး တစ်နှစ်နှင့် သုံးလအတွင်း ဒုတိယ အ ကြိမ်ပြန်လည် ရိုက်နှိပ်ရသည်။ ခုနှစ်တန်းအတွက် ကျောင်းသုံးစာအုပ် အ ဖြ စ် ပြဋ္ဌာန်းခြင်း ခံရသည်။

ကြီးပွားချမ်းသာရေး စာအု ပ် အပြင် ၁၉၃၃ ခုနှစ်၊ အောက်တိုဘာလ မှ စ၍ တိုးတက်ရေး မဂ္ဂဇင်း ထုတ်ဝေခဲ့သည်။ ‘ကြိုးစားက ဘုရားဖြစ်နိုင်၏’ ဟူသော ဆောင်ပုဒ်ကိုပင် တိုးတက်ရေး မဂ္ဂဇင်း၏ ကြွေးကြော်သံ အ ဖြစ် အသုံးပြုခဲ့သည်။

ကြီးပွားချမ်းသာရေး စာအုပ်ကဲ့သို့ပင် တိုးတက်ရေး မဂ္ဂဇင်းသည်လည်း အောင်မြင်ခဲ့ရုံသာမက မြန်မာနိုင်ငံ မဂ္ဂဇင်းသမိုင်းတွင် မဂ္ဂဇင်းတစ်ခေတ်ကိုပင် ခေါင်းဆောင်မှုပေးနိုင်ခဲ့သည်။

၁၉၃၆ ခု၊ ဇွန်လ ( ၆ ) ရက်၊ စနေနေ့မှ စ၍ ဦးပဂျီငိုသည် ဘားမား ဂျာနယ်ကို စတင်ထုတ်ဝေသည်။ ထို့နောက် ၁၉၃၈ ခု၊ မေလ ( ၃ ) ရက် ၊ အင်္ဂါနေ့မှ စ၍ တိုးတက်ရေး သတင်းစာကို စတင်ထုတ်ဝေသည်။ တိုးတက်ရေး မဂ္ဂဇင်း၊ ဘားမားဂျာနယ် နှင့်တိုးတက်ရေး သတင်းစာ သုံးမျိုးစလုံးကို တစ်ပြိုင်တည်း ထုတ်ဝေ နေ ခြင်းဖြစ်သည်။

ယင်းသို့ တိုးတက်ရေး မဂ္ဂဇင်း၊ တိုးတက်ရေး သတင်းစာတို့ကို အောင်မြင်စွာ ထုတ်ဝေခဲ့သောကြောင့် ဦးပဂျီငို ဟူသောအမည် အ ပြ င် ‘တိုးတက်ရေး ဦးစိန်’ ဟူသောအမည်ဖြင့်လည်း စာပေလောက၌ ထင်ရှားခဲ့သည်။

ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးသွားပြီးနောက် ၁၉၄၆ ခု၊ ဖေဖော်ဝါရီလ ( ၂ ) ရက် ၊ စနေနေ့မှ စ၍ ဦးပဂျီငိုသည် တိုးတက်ရေးဂျာနယ်ကို ထုတ်ဝေခဲ့ပြန်သည်။ လွတ်လပ်ရေး ရ ပြီး နောက် တိုးတက်ရေး ဂျာန ယ် အ ဖြစ်မှ တိုးတက်ရေး သတင်းစာ အ ဖြစ်သို့ ပြောင်းလဲကာ နေ့စဉ်ထုတ်ဝေခဲ့ရာ ၁၉၅၄ ခုနှစ် အထိ ဖြစ်သည်။

ဦးပဂျီငိုသည် ကြီးပွားချမ်းသာရေး စာအုပ် အ ပြ င် ဆရာကြီး ပီမိုးနင်း၊ ဆရာကြီး ဒဂုန်နတ်ရှင်တို့နှင့် တွဲဖက်ကာ တိုးတက်ရေး လက်စွဲကို လည်းကောင်း၊ ဆရာကြီး ပီမိုးနင်းနှင့် တွဲဖက်ကာ ဟန်ကျပန်ကျ ကိုလည်းကောင်း ရေးသားထုတ်ဝေခဲ့သည်။

ထို့ပြင် ‘အလုပ်ကံနှင့် စိတ်တန်ခိုး’၊ ‘ဗမာ့ဘဏ်နှင့် ငွေကြေးပြဿနာ’၊ ‘ပြည်တွင်းငြိမ်းချမ်းရေး ကမ္မဋ္ဌာန်း’ စာအုပ်များကိုလည်း ရေးသားပြုစုခဲ့သေးသည်။

ထို့နောက် ဦးပဂျီငိုသည် ဝိပဿနာ တရားများကို စွဲစွဲမြဲမြဲ လေ့လာလိုက်စားခဲ့သည်။ သူ၏လေ့လာမှုသည် ထက်မြက်သော ဝိပဿနာ သင်တန်းပြ ဓမ္မကထိက တစ်ဦး အ ဖြစ် ဆောင်ရွက်နိုင်သည့် အဆင့်အထိ ပါရမီ မြင့်မားခဲ့သည်။

ထိုမှ တစ်ပါး ‘ဝိပဿနာ အခြေခံနှင့် အဖြေမှန်’ စာအုပ်၊ ‘ဂမ္ဘီရ ဝိပဿနာရှုဖွယ်’ ( သုံးတွဲ ) တို့ကို ပြုစု ရေးသားထုတ်ဝေခဲ့သည်။

တစ်ဆက်တည်းပင် ဦးပဂျီငိုသည် ပသုံးလုံး ဝိပဿနာပြန့်ပွားရေးအဖွဲ့ကို တည်ထောင်ပြီးလျှင် ဥက္ကဋ္ဌ အ ဖြစ်ဆောင်ရွက်သည်။ ထို့နောက် ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်း ရွှေကျင် ဓမ္မာရုံတွင် ဝိပဿနာ သင်တန်းများ သင်ကြားပို့ချခဲ့သည်။ ယင်းသင်တန်းအတွက် ‘ဝိပဿနာကျမ်းစာ နှစ်စောင်တွဲ’ နှင့် ‘ဝိပဿနာသည်ဒုလ္လဘ’ ဟူသော စာအုပ်များကို ရေးသားပြုစုခဲ့သည်။

ဦးပဂျီငိုသည် အသက် ( ၈၁ ) နှစ်အရွယ် ၁၉၇၈ ခု၊ အောက်တိုဘာလ ( ၅ ) ရက်နေ့ညတွင် ကွယ်လွန်အနိစ္စရောက်သည်။

ကျမ်းကိုးစာရင်း

၁။ ( က ) မလိခ၊ မြန်မာစာပေအဘိဓာန် အတွဲ ( ၄ ) ၊ စာ ၂၊ ၄။

( ခ ) မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ် ( ၁၉၇၉ )၊ စာ ၁၃၀၊ ၁၃၁။

Posted by သစ္စာ | သစ္စာ at 2:25 AM