စာအုပ်စာပေ လူ့မိတ်ဆွေ ။ အင်တာနက်လောကထဲက ကမ္ဘာ့ စွယ်စုံ ကျမ်းတွေအကြောင်း ။

မှတ်ဖွယ် မှတ်ရာ
စာပဒေသာ. ( ၄၁ )

( အင်တာနက် လောက ထဲက ကမ္ဘာ့ စွယ်စုံကျမ်းတွေ အ ေ ကြာ င်း ။)

ခေတ်အဆက်ဆ က် .ေ ပ ါ်ထွန်းလာ ခဲ့ ကြသော ကမ္ဘာ့ စွယ် င်္စုကျမ်း များ နှင့် ၊
ယနေ့ ၂၁ ရာစု အင်တာနက်လောက ။

ဘာမဆို သိချင်တာ ရှာလိုရာ ရှာလို့ ရနေ ပြီဖြစ်တဲ့ ယနေ့ အင်တာနက် ခေတ် ကြီး ။

Encyclopedia Britanica စွယ်စုံကျမ်းတွေကတော့ တန်ဘိုးအကြီးဆုံဖြစ်ပါမယ် ။
ကျွန်တော်က CD ROM တွေ ပေါ်ခါစ လွန်ခဲ့သော နှစ် ၂၀ ကျော်ကာလ သက္ကရာဇ် ၂၀၀၀ ဝန်းကျင်ကာလတွေမှာ ဖြစ်ပါမယ် ။ Encyclopedia Britainica စွယ်စုံကျမ်း ကွန်ပြူတာ Soft copy တွေကို ဝယ်ဖတ်ဖူးခဲ့တယ်။ တစ်နှစ်တစ်ခါ update လုပ်တော့လဲ နှစ်အလိုက် new version တွေ ဝယ်ဖတ်ဖြစ်ပါတယ် ။ ဗဟု သု တ ရှ ာ မှီးသူတွေအတွက် အားအထားရဆုံး ကမ္ဘာ့ စွယ်စုံကျမ်းတစ်ဆူ ပါ ။

အင်တာနက်ခေတ်ဥိးခေတ်လယ် ကာလမှာ
နောင်မှာသူ့ကိုတုပြီး Microsoft က Encarta နံမည်နဲ့ CDRom စွယ်စုံကျမ်းတွေ နှစ်အလိုက် updated version တွေ ဆက်ခါ ဆက်ခါထွက်ခဲ့ တယ်။ CDRom Soft copy စွယ်စုံ ကျမ်း တွေ လဲ ကျွန်တော် ဝယ် ဖတ်လေ့လာဖြစ်ခဲ့တယ်။ နှစ်အလိုက်updated လုပ် သွားခဲ့တယ် ။ အများသုံး compact version တွေပါဘဲ။
EB ကတော့ အသေးစိတ် hard copy စာအုပ်ကို အကျဉ်းချုပ် အရေးကြီးတာတွေ သာ cd rom စုထုတ်တယ် ။ ဒီနေ့မှာလဲ ဆက် ထုတ်နေသေးတယ်ထင်တယ် ။ စျေးကြီး ပေးပြီး ငွေပေးဝယ်ရမယ် ယူဆပါတယ် ။
နှစ် အ ေ တာ် ကြာကြာ ကျွ န် တော် အတော်များများသုံးဖြစ်ခဲ့တယ်။
နောင်မှာ Encyclopedia Americana ထပ်ပေါ်လာတယ် ။
Britinica ကိုတုလုပ်တဲ့ American version ပါ ။CD ROM တွေက CD ဘိုးသာသာမို့စျေးသက်သာ တယ် မြန် မာ မှာ ကတော့ international copyright ကို အလေးမထားလို့ထင်တယ် ။ ကွန်ပြူတာသမား လူငယ်တွေက copy လုပ်ပြီးဖြန့်ကြတယ်။ ဘာဘဲ ဖြစ်ဖြစ်လူငယ် တွေ အတွက် စျေးသက်သက်သာသာနဲ့ CDrom တွေ ဝယ်ယူ ဖတ် ရှုုလေ့ လာ နိုင်ခဲ့ကြပါတယ် ။ ဗဟုသုတမျိုးစုံရ ကြတယ် ။

နောင်ကြာလာတဲ့အခါ. ကွန်ပြူတာလောကကြီးကလဲ နည်းစနစ်သစ်တွေ နည်း ပညာတွေ နေ့စဉ်တစ်ဟုန်ထိုး တိုးတက် လာနေတော့ ။ Wikipedia ပေါ်လာခဲ့ တယ်။ လွန်ခဲ့သော ၁၀ နှစ်ကျော်ဝန်းကျင် ကာလတွေ ဖြစ်မလားဘဲ ။ wiki မှာ အကု န် ရှာ လို့ရ လာတယ်။
စာ ဖတ်သူတွေ အတွက် လူတွေအတွက် အကျိုးတော်တော်ရှိလာတယ် ။
Online internet သုံးပြီး မည်သူမဆို အခမဲ့အလွယ်သုံးလို့ရလာတယ် ။
ဆက် ပြီး Memory stick တွေပေါ်လာ SD card တွေ ပေါ်လာနေပြီ။

ကွန်ပြူတာ CDrom တွေ တစ်စတစ်စ နောက်ဆုတ်သွား ပျောက်သွားတယ် ။
Micro soft Encarta CDrom စွယ်စုံကျမ်းကြီးလဲ သူ့အတွက် အကျိုး အ မြတ်တွေ နည်း လိုက်လာလို့ ထင်တယ် ။ WIKIPEDIA ပေါ်ပြီး မကြာခင်မှာဘဲ ဆက်မလုပ် ဆက် မထုတ်တော့ ဘူး ။ wikipedia မှာ သူထုတ်တဲ့ Encarta စွယ်စုံကျမ်းလို အကြောင်းအရာစုံ ပါလာပြီ မို့ Microsoft Encarta ဆက်ထုတ်နေစရာမလိုတော့ပါဘူး သဘော ရေးထားတဲ့သတင်းတစ်ပုဒ် ဖတ်ခဲ့ရဘူးတယ် ။

Wikipedia ပေါ်တာ ကြာပြီ။ အလွန် အသုံးတည့်တယ် ။သူ့ထက်သူလူစွမ်းကောင်းတွေကွန်ပြူတာလောကမှာ တစ်နေ့တစ်ခြားပေါ်ထွန်း လာနေပါတယ် ။

ကျွန်တော်သိသလောက် ဒီနေ့မှာ Google က အစွမ်းထက်နေတယ် ။ ကမ္ဘာပေါ် ၊နဲ့ မြန်မာနိုင်ငံအပါအဝင် နေရာစုံ ဘာသာရပ် စုံ ၊ ဘာမဆိုဘာသိချင်သလဲ ၊ အကု န်နီး ပါး Google က ရှာပေးနိုင်နေတယ် ။ကွန်ပြူတာတွေ iPad တွေ laptop တွေထဲမှာ Google Assistant application တင်ထားပြီးရင် ဘာမဆို ရှာလို့မေးလို့ရနေတဲ့ခေတ်ကြီးဖြစ်နေပါပြီ။

မြန်မာပြည်က လူတိုင်းမသိကြ မလုပ်ကြ မလုပ်တတ်ကြသေးဘူးလားတော့ မသိပါ လူငယ် တွေကတော့သိကြပါမယ် ။ အင်းဂလိပ်စကားအသံမှန်ထွက်တတ်ရင် စကားနဲ့ပါမေးလို့ရနေတဲ့ ခေတ်ကြီး ဖြစ်နေပ့ါပြီ။
မြန်မာက လူအများ စု မသိ ကြ မသုံးကြ ကျယ်ကျယ် ပြန့်ပြန့် ုး မ သုံ းကြ သေး လို့ ထင် မိ တယ် ။ စာအုပ်စွယ်စုံ ကျမ်း တွေ ဖွင့်မဖတ်ဘဲ သိချင်တာ ရှာ လို့ ရတဲ့ခေတ်ကြီးဖြစ်နေပါပြီ။
စာအုပ်နဲ့ ကွန်ပြူတာ စာအုပ် ခေတ် အားသာချက် အားနည်းချက်တွေတော့ရှိမှာပါ ။
စာဖတ်ကြဘို့နဲ့ အချိန်ပေးနိုင်ကြဘို့ ၊ အချိန်ပေးဘတ်တတ်ကြဘို့သာလိုပါတယ်။
ကျွန်တော်ကတော့ ဘာမဆို သိချင်တာရှိရင် Google Assistant ကို ကောက်ဖွင့် ၊ ကောက်မေး ၊ ကောက် ရေး မေးလိုက်တာဘဲ။
သိချင်တာတွေမဆိုင်းမတွ ပေါ်လာတယ်။ဆက်လေ့လာဖတ်ပေတော့ဘဲ။
အချိန်ပေး စာဖတ်ဘို့သာလိုတယ်။

လက်တွေ့အနေနဲ မနေ့က ကျွန်တော် အကြောင်းတစ်ခုခုကြောင့် အချိန်အတော်ကြာ ဆက်တိုက် နှာခြေနေခဲ့တယ် ။ အရင်လဲဖြစ်ဘူးပါ တယ် ။ အထူးသ ဖြင့် ရာ သီအကူးအပြောင်း အပူ အအေး အပြောင်းအလဲတွေမှာဖြစ်တတ်တယ် ။
သိချင်တာနဲ့ ဘာကြောင့်ဖြစ်သလဲ၊ ရှောင်ရန် ဆောင်ရန် ကာကွယ်ရန်တွေ ဘာရှိသလဲ၊ Google Assistant ဂူဂဲ ကိုဖွ င့် ရှာ မေး လိုက်တာ google က သူ ပြ လာ တာတွေ သိစရာတွေ ဆက်တိုက် ဘဲ နှာချေ တဲ့အကြောင်းတွေ ဖတ်စရာ လေ့လာစရာတွေ အများကြီး ပေါ်လာတယ် ။

ရာ သီ အပူ အအေးကြောင့် သာ မဟုတ်ဘဲ ပိုးမွှားတွေ ဖုံတွေ အညစ်အကြေး တွေနဲ့အတူ Allergy ကြောင့်ဆိုတာတွေ ပါ ဗဟုသုတရစရာ တွေ အများကြီး သွားတွေ့တယ် ။

ဒီနေ့ ခေတ်ကြီး က အများကြီး ပြောင်းနေပါပြီ။

၂၁ ရာစု အင်တာနက်ခေတ်ကြီးထဲ မှာ လူသားတွေ နေ့တစ်ဓူ ဝ ဘဝတွေ လှုပ်ရှားနေကြရပါတယ် ။စ်င်ကာပူဆိုရ င် ဘာမဆို WIFI internet တွေနဲ့ ကွန်ပြူတာ software တွေသုံပြီး နေရာတကာ လှုပ်ရှားနေကြ အလုပ်တွေ လုပ်နေကြတာ ပါ ။
အင်တာနက် လိုင်း WIFIတွေ ပြတ်တောက်သွားလို့ကတော့ တိုင်းပြည်ထဲ့ကအလုပ်တွေ ဆက်သွယ်ရေးတွေ အကုန် ရပ်ကုန်မှာ အသေအချာ ပါဘဲ ၊တစ်နိုင်ငံလုံး ငြ ိမ် ကျ သွားမှာ ဘဲ။

အဲဒီ အချိန်မှာ မြန်မာမှာကတေ့ာအေးဆေးပါဘဲ ။
မီးပျက် ပြီးအင်တာနက် ဝိုင်ဖိုင်တွေ ပျက် လဲ ဘာမှ မဖြစ်သလို ဘဝတွေ ရောက်နေကြတာ စိတ်မကောင်းစရာတွေပါ။

ရည်ညွှန်း ။

USA နေ ကမ္ဘာ့ ဘဏ်မှာ နှစ်ပေါင်းများ စွာ လုပ် ပြီး နောက်. ကမ္ဘာ့ ဘဏ်အ ကြံ ပေး ဆက်လုပ်နေခဲ့သူ RIT က ငယ် ဆရာ ။ ဆည်မြောင်းက ထွက်ပြီး ကမ္ဘာ ့ဘဏ်သွားလုပ်ခဲ့သူ ဆရာသမားရဲ့ သူ အနှစ်နှစ်အလလက ဝယ်ယူ စု ဆောင်း လေ့လာ ခဲ့တဲ့ စာအုပ် မျိ ုး စုံကို မြန်မာပြည် အတွ က် လှူချင်တဲ့ အကြောင်း ပေါ်လာ ဆွေး နွေး လာ ရာက ဆရာ စုထားတဲ့ တန်ဘိုး ကြီး တဲ့ Encyclopediw Britanica ဗျိတိသျှ စွယ် စုံ ကြီ း အစုံလိုက် အတွဲတွေ အ ကြာ င်း တွေးမိရာက ရေးမိလိုက်တာပါ။

အေးမြင့်( ညောင်တုန်း)
၂၃/ ၃/၂၉ ၂၂