မြန်မာ့ ရုပ်ရှင်လောက
မု

ဒြာ
ခေတ်ဆန်းချိန်
ခေတ်ကောင်းချိန်က
ပေါ်ထွက်လာ ခဲ့ တဲ့
မြန်မာ့ ရုပ်ရှင်
ကားကောင်းတစ်ခု
သမရိုးကျ
မြန်မာ့ရုပ်ရှင်လောကကို
တုန်လှုပ်သွားစေခဲ့တဲ့
မြန်မာ့ ရုပ်ရျင် လောကသားတွေကြား မှာ
တုန်ခါသွားခဲ့သော မြန်မာ့ရ့ပ်ရှင်
ရုပ်ရှင်ပညာကို
စနစ်တကျလေ့လာသင်ယူတတ်မြောက်လာခဲ့ ကြတဲ့
ရုပ်ရှင်ဝါသနာရှင်
ဇနီးမောင်နှံလူငယ် ၂ ဦး ရဲ့
သမရိုးကျ မြန်မာရုပ်ရှင် ကနေ ခွဲထွက်ပြီး
သူမတူအောင်
ကြိုးစားအားထုတ်မှုကြောင့်
ဝက်ဝက်ကွဲ
အောင်မြင်ခဲ့တယ်
အများစုသော ရုပ်ရှင်ဝါသနာအိုး ပရိသတ်တွေ
ဘဝင်ခိုက်အောင်
သဘောတွေ့နှစ်ခြိုက်ခဲ့ကြရပါတယ်
ရုပ်ရှင်ရဲ့အနှစ်သာရများ
နဲ့
သမရိုးကျ ဖြစ်စေလိုတဲ့အမြင်
မြန်မာ ရှ ုခင်းတွေ အလှအပတွေကကောင်းတယ်။ မြန်မာ့ ယဉ်ကျေးမှုဓလေ့ လေးတွေကို ဆီလျော်သလို ထည့်ပြသွားတယ် ။
အသံကောင်းရုပ်ချောတယ် ။စက်ကောင်းတွေနဲ့ ရိုက်နိုင်လို့ ထင်ပါတယ် ။ဒါတွေကြောင့် နိုင်ငံတာက အသိအမှတ်ပြ ုဆုတွေ အများအပြား ရခဲ့တာထင်တယ် ။မြန်မာ့ ရုပ်ရှင်လောက မှာ ခုလို နိုင်ငံတကာ အသိအမှတ်ပြ ု ဆုတွေ များစွာ ရတဲ့ ကား မရှ ိ ပါ ဘူး ။မြန်မာ မှာ ပြသခွင့်မရခင် ကမ္ဘပတ်ပြနိုင်ခဲ့တယ် ။
မကြိုက်တဲ့ အကွက် တစ်ခု တွေ့တယ်။
ကြိုက်သူလဲရှိမှာပါ။
ဇာတ်နာအောင် မင်းသမီး မြွေ ကိုက်ခံရတယ် ။ အရပ် ဆရာ ရှမ်း ဓလေ့ ရိုးရာ နည်းနဲ့ကုတယ် ပျောက်သွားတယ် မြွေ ဆိပ်မတက်တော့ဘူး ။
ကိုက်တာက မြွေဟောက်တဲ့ ။
နားမလည်လို့ ရိုးရာဆေးနည်းက အစွမ်းထက်တာ လဲ ဖြစ်ပါမယ် ။
ဆေးရုံ မသွားနိုင် ဝေးလို့ မမီတော့လို့ တဲ့ ။
ဆိုးတာက ရှေးဦးသူနာပြုနည်း နဲ့ လုပ်တာ ကောင်းကောင်းမပြဘူး။
မြွေကိုက်ခံရရင် ဆေးရုံမသွားခင် မြွေဆိပ်ကို ကိုက်တဲ့နေရာမှာ ဒါးနဲ့ခွဲ ရသရွေ့အဆိတ် ကို ဖိပြီး နာနာ ညှ စ်ထုတ် ၊ပတ်တီး နာနာ စည်း အဆိပ် ကိုယ်ထဲမရောက်အောင် တတ်နိုင်သရွေ့ ကြိုးစား လုပ် ။ဒါရိုက်တာက ဒါတွေကို အသေးစိတ် ပယ်ပယ်နယ်နယ် သူ့ရုပ်ရှင် ဒါရိုက်တာနည်းနဲ့ လူတွေ စိတ်လှ ုပ်ရှားအောင် ပြာပြာသလဲ ရိုက်ပြသင့်တယ် ။မြွေကိုက်ရင် ရှေးဦးသူနာပြဒနည်းကိုလဲ တွဲဖက်ပြီးပညာပေးပြဘို့ကောင်းတယ် .
ဘေးကကြည့်နေသူတွေရဲ့ သရုပ် ခံစားနေရတဲ့ မင်းသမီးရဲ့ ရုပ် ။ပြတော့ပြပါတယ် ။ပေါ့သေးတယ် နည်းတယ်ထင်တယ် ။
အချိန်တိုတိုနဲ့ ပညာသားပါပါ ပြစေချင်တာ။
နောက်ဆုံးအသက် မသေတာ ဆေးရုံ ဝေးလို့ မသွားနိုင်တော့တာ နဲ့ တိုင်းရင်းရိုးရာ နည်းနဲ့ကုတယ် အစွမ်းထက်တာ ပြချင်တာလဲ လဲ ပါမယ် လို့ ဖြေလို့ရ ပါတယ်။
နောက်တစ်ချက်က မိဘ ပျောက် လာရှာတာ
နှစ်ပါင်းများစွာ မတွေ့ခဲ့ဘူးတဲ့ အဖေ သွားတွေ့တယ် ။
အဖေနဲ့သား ။
နှစ်ပေါင်း များစွာ ကြာပြီး ခုမှ မမျော်လင့်ဘဲ တွေ့ရတဲ့ ပြကွက်က ပေါ့ လွန်းတယ် လို့ ခံစားမိတယ် ။သမရိုးကျ မြန်မာကားတွေမှာပါတဲ့ အလွန်အကျွံ လွမ်းဆွေးတာ တွေ့နေကျမို့ ကျွန်တော်တွေးမိတာထင်ပါတယ် ရိုးရိုးလေးဘဲ့ပြ သွား တယ် အလွန်အကျွံမပြဘူး ။ကျွန်တော်တို့ဆိုလျင် နှစ်ပေါင်းများစွာကွဲကွာနေတဲ့ဖခင်ကို ပြန်တွေ့ရရင် ဝမ်းသာလံုးဆို့သွားမှာဘဲ ။ ခံစားကြည့်တာပါ.။
အမေနဲ့သမီး တွေ့တာ မဟုတ်လို့လားတော့မသိဘူး
မြန်မာရုပ်ရှင်မင်းသမီးဟောင်းတွေရဲ့အလွမ်းသယ်ကြတဲ့ သရုပ်ကိုပြေးမြင်မိတာပါ။
မြန်မာမာကားတွေထုံးစံအတိုင်းအမေနဲ့သမီးသာဆိုရင် မျက်ရေတောက်တောက်ကျ Over Acting တွအချိန်အများကြီးပေး ပြ ။ဒါကိုများတော်လှန်ချင်လို့ လားတော့မသိ ။ အဖေနဲ့သား ကို ပြတယ် ။
တွေ့ရတဲ့ ပြကွက်တစ်ခုကို ဝေဖန်ကြည့်တာပါ။
ကျန် တကားလုံးကတော့ ယေဘူယျ အလွန် ကောင်းပါတယ် ။သူ့နောက် ရိုက်တဲ့ ဥပယ် တမျှင်က ပို လေးနက် ပို ကောင်းလားလို့ ပင် မြင်မိ ခံစားမိ တယ် ။
နှစ်ကားစလုံးကတော့ ဒီနေ့ရိုက်ပြနေတဲ့ ပေါချောင်ကောင်း ပေါတောတော မြန်မာ ဟာသ ကားတွေ နောက်ဆုတ်သွားစေမဲ့ ေ၇ှ့တော်ပြေး ကား တွေ ဖြစ်မလား လို့မြင်မိပါတယ် ။
ဘာဘဲပြောပြော ဒီနေ့ပြနေကြတဲ့ ရုပ်ရှင်လောက တစ်ခေတ်ပြောင်းစေခဲ့တဲ့ ကားမို့ ကြည့်သင့်တဲ့ကားပါ။
ဟာသကားတွေ ကြည့်နေကျ မြန်မာ ရုပ်ရှင် ပရိတ်သတ် တွေ အတွေက်တော့ ကြည့်တတ်ချင်မှ ကြည့်တတ်မယ် ထင်တယ် ။
ရုပ်ရှင်ကို နားလည်ချင်မှ နားလည်မယ် ထင်ပါတယ် ။
ကျွန်တော်တို့က ရုပ်ရှင် ငွေ ရတုခေတ် ရွှေရတုခေတ်တွေမှာ ကြီးပြင်းလာရသူတွေ မို့ ရသမောက် ရုပ်ရှင်ကားကြီးတွေနဲ့ ရင်းနှီး ကျွမ်းဝင်ခဲ့လို့ ပါ။
မြန်မာရုပ်ရှင် ဝါသနာအိုးတွေ နောင်မှာ ရုပ်ရှင်ကားကောင်းတွေ ဆက်လက် ကြည့် နိုင်ကြပါစေ လို့ ဆု တတာင်းပါတယ် ။
ခုတော့နိုင်ငံတော်မှာ ဘက်ပေါင်းစုံ က အလုံးစုံ ပျက် ကိန်းဆိုက်နေတာနဲ့အတူ
မြန်မာ့ ရုပ်ရှင် လောက ကြီးကလဲ ငြိမ်ဝပ်ပိပြားခါ ငြိမ်သက် လို နေပါ ပြီ .။
အဟောင်းအကောင်းတွေကို ပြန်ဖေါ်ပြပေးတတ်တဲ့ Facebook ကြီးကို ကျေးဇူးတင်ရပါတယ် ။
၇ည်ညွှန်း
အေးမြင့် ( ညောင်တုန်း )
၂၁/၃/၂၀၂၂ edited

၁၄/၃၃/၂၀၁၈ Facebookebook post Arkaraung
အန်တီဆွေဇင်ထိုက်က
ဒါရိုက်တာ ခရစ်စတီးနားခီရိုက်တဲ့
မုဒြာခေါ်သံနဲ့ပတ်သက်ပြီးချီုးကျူးတယ်
အဲ့
မုဒြာခေါ်သံ တစ်ခုတည်းကို ချီုးကျုးတာမဟုတ်ဘူး
နိုင်ငံမွဲနေလို့ နိုင်ငံတော်ကမထောက်ပံ့လို့ ပေါကားရိုက်ရတာပါဆိုပြီး ပရိသတ်ကိုဂျင်းထည့်တဲ့
အနုပညာရှင်တစ်ချို့ကို မထိခလုတ် ထိခလုတ်လေးပါပြောသွားတယ်
ဒီနေရာမှာ အနုပညာရှင်တစ်ချို့လို့ပဲ သုံးပါတယ်
အားလုံးကို မဆိုလိုထားပါဘူး
ပြီးတော့ အလကားနေရင်း ဂျေဝင်နေကြတဲ့
ပေါကားဆရာ ဆရာမများကို ရည်ရွယ်တာပါ
အဲ့မှာ ဗိုလ်ချုပ်ကားကို သိန်းထောင်ပေါင်းများစွာ
အလှူငွေကောက်ခံပြီး ၆မိနစ်ကြာ ထွေလာပဲ ထွက်လာခဲ့အောင် ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့
ဒါရိုက်တာ မမတစ်ယောက်က
ဝိုင်း , လူမင်း, ဇင်ဝိုင်း,အောင်ရဲလင်း,
နောက်ဆုံး စူပါမင်းကားတွေပါရိုက်ပြီးပေါတကာ့ပေါမင်းသား နေထူးနိုင်ကိုပါ
tag တွဲကာ မကျေနပ်ကြောင်းပြန်တင်တယ်
ပေါ ဒါရိုက်တာက ပေါမင်းသားတွေကို
စစ်ကူတောင်းတဲ့သဘောပေါ့
ပြီးတော့လဲ ပိုစ့်ဖျက်ပြေးပါလေရော
ဒီနေရာမှာ စဉ်းစားရမှာက
ဒေါ်ဆွေဇင်ထိုက်ပြောတာတွေမှန်နေလားပေါ့
ကျွန်တော်တို့က ပရိသတ်မို့ ပရိသတ်နေရာကပဲ စဉ်းစားပါတယ်
ဟုတ်ကဲ့ အန်တီပြောတာ
တော်တော်လေးမှန်နေပါတယ်
မုဒြာခေါ်သံမှ မဟုတ်
ခရစ်စတီးနားခီရဲ့ ပထမဆုံးပွဲထွက်ကား
ဥပါယ်တံမျဉ်ကလဲ တော်တော်လေးကို ဝက်ဝက်ကွဲ
အောင်မြင်ခဲ့တယ်
ပရိသတ်ကို တော်တော်လေး စေတနာထားပြီး
ရိုက်ပြသွားတာကိုတွေ့ရတယ်
လူတိုင်းလဲသိကြတယ်
ထပ်ချီးမွမ်းစရာလဲ မလိုတော့ဘူး
နောက်တခု
သူ tag တွဲခဲ့တဲ့သူတွေရော သူပါ
မြန်မာပေါကားတွေ ရိုက်နေသလားပေါ့
ရိုက်နေတယ်ဆိုရမယ်
သူတို့ရိုက်ခဲ့သမျှကားတွေမှာ
ဘယ်ကားတွေဟာ
ဥပါယ်တံမျဉ်ကို
မုဒြာခေါ်သံကို ယှဉ်လို့ရသလဲ
ကဲ ဇာတ်ကားချင်းချင်းမယှဉ်ပါနဲ့အုန်း
ပရိသတ်ကို ဂျင်းမထည့်ခဲ့ဖူးတဲ့ ဇာတ်ကားရှိရင်ပဲ
သတ္တိရှိရင် ချပြလို့ရပါတယ်
ဒီနေရာမှာ ဒါရိုက်တာ စင်ရော်မောင်မောင်တို့လိုသူတွေ ကိုထည့်မပြောပါဘူး
ပြည့်တဲ့အိုးကဘောင်ဘင်မခတ်ဆိုသလို
စင်ရော်မောင်မောင်လိုသူတွေက
ခရစ်စတီးနားခီကို ကြိုဆိုနေမှာအသေအချာပါပဲ
ဒီဒါရိုက်တာတွေ ဒီအသိုင်းအဝိုင်းကသူတွေ
သောက်ဂျေတွေဝင်နေလိုက်တာ မအံ့သြတော့ပါဘူး
ပထမ ဥပါယ်တံမျဉ်တုန်းကလဲ
ဝိုင်းက စပြီး ပရိသတ် ၆သောင်းပြည့်ရင်တောင်ကံကောင်းတဲ့
ပြီးတော့ ဥပါယ်တံမျဉ် ရုံတင်တာမှ တပတ်မပြည့်သေး
နိုင်ငံခြားက ဘယ်ငတ ဖွလိုက်လဲမသိဘူး
ဥပါယ်တံမျဉ် ဟာ ကော်ပီကြီးပါဆိုတာကိုလဲ
အသိဥာဏ်နဲ့ မစဉ်းစားဘူး
အားရပါးရ ရှယ်လ်သေး
ပြီးတော့ ပိုစ့်ဖျက်ပြေး
ထပ်ပြောသေးတယ် ဒီရုပ်ရှင်လောကကို မကောင်းပြောတဲသူတွေနဲ့အလုပ်မလုပ်ဘူးတဲ့
အေး ကျုပ်တို့ ပရိသတ်တွေကလဲ
ခီ လင်မယားနှစ်ယောက်ဟာ ခင်ဗျားတို့ ပေါလောကနဲ့
အလုပ်တူတွဲလုပ်ပြီး ပေါလောကသားတွေဖြစ်သွားမှာ
ကြောက်လွန်းလို့ ပိုပြီးတောင် တွဲမလုပ်စေချင်သေး
ပြီးတော့
ပေါတောတောကြောင်ကြောင် အူတူတူ
မျောက်ဖင်နီရုပ်လိုလို အီးတီလိုလိုနဲ့
ကျော်ကျော်ဆိုတဲ့ကောင်ကလဲ
ဥပါယ်တံမျဉ်လဲပေါကားပါပဲတဲ့
ထာဝရ အမေ မကြည့်ဖူးတဲ့ သူတွေပဲ
ဥပါယ်တံမျဉ်ကို ချီးကျုးတာပါတဲ့
ဘယ်လို အရှက်တရားနဲ့များ လူသိရှင်ကြားပြောရဲတာပါလိမ့် လို့မေးရမယ် သူ့ကို
တော်တော် အောက်တန်းကျတဲ့စိတ်ဓာတ်ပိုင်ရှင်တွေ
ဒီလိုစိတ်ဓာတ်ရှိတဲ့သူတွေရိုက်နေလို့
ဒီလိုသောက်ပေါကားတွေပဲ ထွက်လာတာ
မဆန်းပါဘူး
ကဲပေါကားလို့ ပရိသတ်က ဝေဖန်တော့ရော
ဘာနာစရာရှိလဲ
ဥပါယ်တံမျဉ်နဲ့ ရုံပြိုင်တင်ပြီး
ခဗျားတို့ ဝန်းရံကြတဲ့ ငယ်ကျွန်ကိုပဲ ကြည့်ပါအုန်း
စိုးမြတ်သူဇာက ရွှေမှုန်ရတီကို
နင့်အသားထိရမှာရွံလို့ ငါ့အိမ်က ကျွန်ကို ပိုက်ဆံပေးပြီးပါးရိုက်ခိုင်းတာဟဲ့ လို့ပြော
ပြီးတော့ ငယ်ကျွန်ဖြစ်တဲ့ လူမင်းကို ကောက်ယူ
တစ်သက်လုံး ကျွန်လိုဆက်ဆံနိမ်ထား
ပြီးတော့ အဲ့ငယ်ကျွန် လူမင်းနဲ့ ဒချိ ဒချိလုပ်
အောင်ရဲလင်းထွက်
ကဲ အဲ့မှာ ရွှေမှုန်ရတီကိုကျ ကျွန်မျိုးမို့ လက်နဲ့ထိရမှာ
ရွံတယ်ဆိုပြီး
တသက်လုံးကျွန်လုပ်စားလာတဲ့ လူမင်းကိုယူ
ကုတင်ပေါ် ဒချိ ဒချိလုပ်တာကျ မရွံဘူးလား
ဒါမျိုးကို ပရိသတ်က ပေါကားလို့ ဝေဖန်တာ
ပရိသတ်မှန်လား
ခင်ဗျားတို့မှန်လား စဉ်းစား
ပြီးတော့
နိုင်ငံမွဲလို့
ပစ္စည်းတွေမစုံလို့ ပေါကားတွေရိုက်ရပါတယ်
ဆိုတဲ့ လဒ တစ်သိုက်ရယ်
ဟောလီးဝုဒ်က သူတွေ ဒီနိုင်ငံ လာရိုက်ခိုင်းကြည့်
ရူးတောင် ရူးသွားအုန်းမယ်ဆိုတဲ့
ဒေါသထွက်ရင် မျက်လုံးပြူးပြူးလာတဲ့
တစ်ကွက်ပိုင် ကိုကိုပြေရယ်
အားလုံး
ခရစ်စတီးနားခီ ရဲ့ -ီးစားသင့်တယ်
ခရစ်စတီးနားခီ ပြောသွားတဲ့ထဲမှာ
မုဒြာခေါ်သံကို
ဘတ်ဂျက်မလောက်လို့ ကင်မရာတောင်
ဒေါ်လာ ၂ထောင်တန်လေးနဲ့ ရိုက်ခဲ့ရပါတယ်တဲ့
ကဲ ဒါဟာ အမှန်တရား ဖြစ်ချင်ဖြစ်မယ်
မဖြစ်ချင်မဖြစ်ဘူး
သေချာတာကတော့ ခီလင်မယားဟာ
ဘတ်ဂျက်အနည်းငယ်နဲ့ အကောင်းဆုံးအနုပညာကို
သူတို့တတ်နိုင်သမျှ ပရိသတ်ကို ဂျင်းမထည့်ပဲ
ချပြသွားတာပဲ
ဒါရိုက်တာ ကြည်ဖြူသျှင်တို့
ဒါရိုက်တာ ဝိုင်းတို့ ကိုပြောချင်တာ တစ်ခုက
သိပ်စကားမများကြပါနဲ့
ဖြစ်ဖြစ်မြောက်မြောက် တစ်ကားလောက်ရိုက်ကြည့်ကြပါလားလို့ ပဲပြောချင်တယ်
ပရိသတ်တွေပြောနေတာက
ခင်ဗျားတို့ကို မုန်းလွန်းလို့လဲ မဟုတ်ဘူး
မသိရင် ခင်ဗျားတို့ကပဲ ရုပ်ရှင်ဘိုးအေကြီးတွေလိုလို
သောက်ချိုး ချိုးကြပြီး
ပရိသတ်ကို ဂျင်းထည့်လွန်းလို့ ပြောနေကြတာ
နောက်ဆုံးတော့ တရားသဘောနဲ့ဖြေသိမ့်ရရင်
ကိုယ်သောက်သုံးမကျလွန်းလို့
ပြောခံနေကြရတယ်လို့ပဲမှတ်ပါ
ကျုပ်သာ အသက် ၆၀ကျော်ကြည့်
အဲ့ ဒါရိုက်တာနဲ့
အဲ့မင်းသားတွေဘေးနားရှိရင်
ရော့ဒါမင်းတို့ရိုက်ခဲ့တဲ့
မင်းတို့ သရုပ်ဆောင်ခဲ့တဲ့ကားတွေ ပြန်ကြည့်စမ်းဆိုပြီး
နရင်းချည်းရိုက်ချင်တာ
