တွေးမိတွေးရာ
ရေးမိရေးရာ (၅၃)
လောကီ နဲ့ လောကုတ်
ဘဝသံသရာ ထဲက အတ္တ နဲ့ ပရ
………………………

လောကုတ္တရာ
သံသရာကို ယူ သွား ကြ ဘို့
ကိုယ့်အတွက် အတ္တ ကိုယ့်ဘို့ အတွက်
ဘာတွေလုပ်ပြီးပြီလဲ ။
ဘာတွေ လုပ်နေသလဲ။
သံသရာကို
ဘာတွေယူသွားမှာလဲ။
မိမိကိုယ်ကိုယ် သုံးသပ်ကြည့်လိုက်တော့ —
လောကီ လောကုတ် နှစ်ဖြာ
ဘဝသံသရာမှာ
အတ္တ ပရ ရှိကြရာမှာ
ပရဟိတ ၊ ကို ယ့်အတွက်မဟုတ်တဲ့
ပရ အလုပ်တွေ ၊ အများအတွက်
အလုပ်တွေ သာ ဖြစ်တဲ့
လယ်သမားတွေအတွက်
လယ်ယာတွေ ရေရဘို့ ၊ရေမကြီးဘို့တွေအတွက်
နိုင်ငံတော်ပြည်အရေး
ရေအရေး ၊ရေရေးရာ ၊ရေကိစ္စတွေ အတွက်
မိခင်ဆည်မြောင်းဌာနကြီးမှာ
ဘဝတာ တလျောက် ်
နှစ်ပေါင်း ၃၅ နှစ် လုံး လုံး
ကိုယ်သိထားတတ်ထားတဲ့ပညာတွေ ၊ရေနည်းပညာတွေ
အသုံးချပြီး ကိုယ်စွမ်း ညာဏ်စွမ်း ရှိသမျှ
လုပ်အားတွေ ပေး ဆပ်ခဲ့ပြီးပြီ။
ဘဝမှာ နောင်လာနောင်သားတွေအတွက်
လုပ်ခဲ့တဲ့ အလုပ်တွေမျိုးစုံ ရှိနေခဲ့ပြီး
ချန်ထားခဲ့မဲ့အလုပ်တွေ ။
နိုင်ငံ နေရာ အနှံ့ မှာ အများကြီး လုပ်ခဲ့ပြီးပြီ ။
နိုင်ငံတော်က အသက် ၆၀ အနားပေးခဲ့တာတောင်
လုပ်ချင်ကိုင်ချင်စိတ်က စိတ်ကမကုန်သေးတော့
နိုင်ငံတော်ပြည်အရေးတွေမှာ
နိုင်ငံအရေး
သဘာဝပတ်ဝန်းအရေးတွေအတွက်
အလုပ်တွေ စီမံကိန်း တွေကြောင့်
သဘာဝပတ်ဝန်းကျင်ထိခိုက်လာနိုင်တဲ့အရေးတွေမှာ
စိတ်ဝင်စ ားလာ၊စူးစမ်းလေ့လာမိခဲ့ရာက
သက်ဆိုင်ရာအလုပ်တွေ ဆက်လုပ်လာဖြစ်နေတယ်။
နိုင်ငံမှာ
သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု တွေ
လျော့ပါးရေး၊သက်သာရေး၊မရှိ စေရေးတွေအတွက်
နိုင်ငံတွင်း နေရာအနှံ့မှာလုပ်နေကြတဲ့
အလုပ်တွေ စီမံကိန်းအချိ ု့တွေကို လေ့လာဆန်းစစ် တာတွေ
အတ္တမဟုတ် ပရအတွက် လုပ်လာနေလိုက်တာ
၁၀ နှစ်ကျော်လာခဲ့ ပြီ ၊ခုထိလုပ်ကောင်းနေတုံး။
အတ္တ ကိုယ့်အတွက် မဟုတ် ။
လူဆိုတာ ပတ်ဝန်းကျင်နဲ့နေကြးတာ မို့
လူတွေနေကြတဲ့ သူ့အနားက
သဘာဝ ပတ် ဝန်းကျင် အရေး တွေဖြစ်တယ်။
လူတွေအနားက အမျိုးစုံလှတဲ့
သဘာဝ ပတ်ဝန်းကျင်ရေးရာ တွေ
လူကြောင့် မထိခိုက် မပျက်စီးစေရေးအတွက်
နိုင်ငံတော်နဲ့ပုဂ္ဂလိက လုပ်ငန်းတွေ ကြောင့်
အနားကပတ်ဝန်းကျင် တွေ မပျက်စီးမထိခိုက်စေရေး
နိုင်သရွေ့ အဖွဲ့အစည်းနဲ့ ကူညီဆောင်ကျဉ်းပေးနေတယ်။
လောကီရေးရာ ပတ်ဝန်း ကျင် အများကောင်းရေး
ပရ ဟိတအလုပ်တွေလို့ ယူရင်ရတယ်။
လောကီရေးမဟုတ် တဲ့
လောကုတ္တရာ သံသရာ အရေးအတွက်
သံသယာကို ယူသွားဘို့ အလုပ်တွေအတွက်တော့
ခုချိန်ထိ
အသေအချာ မလုပ်နိုင်သေး ဖြစ်နေတယ်။
၂၀၂၀ ကတည်းက စတင် ဖြစ်လာခဲ့တဲ့
ကိုဗစ် ၁၉ ရောဂါဘေးဆိုး ကြီး က ခုချိန်ထိ
မပြီးသေး၊မရပ်သေး။
ကိုဗစ် နှိပ်စက်လို့ ဘဝကူးသွားသူတွေ
ဆွေမျိုး ၊မိတ်ဆွေ ၊အပေါင်းသင်းတွေ ၊ဆရာသမားတွေ လဲ
မန ည်းတော့ ။
သံဝေဂ ရစရာ ၊ယူစရာတွေ ၊သင်ခန်း စာတွေ ။
ကို ဗစ် ကာလမှာ လူတွေရောဂါပိုးကူးစက်ခံ ကြရပြီး
ရုတ်ချည်းဖြစ်ကြ နဲ့၊
လူ့ လောက ကြီး ကို အ ပြီး အပိုင်စွန့်ခါသွားခဲ့ကြရတယ်။
အခြေမကောင်းရင် မည်သူမဆို အချိန်မရွေးဖြစ်နိုင်တယ်။
သံဝေဂရစရာတွေ
ပြန်စစ်လိုက်ရင်
လူ့ပြည်လောက
လု့ဘဝမှာ နေရချိန်တွေ က မကျန် ကြတော့။
ဒီတော့
ဘာလုပ်မလဲ
ဘာလုပ်သင့်လဲ
ဘဝသံသရာအတွက်
လောကီမဟုတ် လောကုတ္တရာအရေး ဖြစ်သွားပြီ။
ယခုဘဝအတွက် ပရအလုပ်
ပရဟိတ အလုပ်တွေမဟုတ် တော့။
လောကုတ္တရာ သံသရာ အရေး ၊
အတ္တ အတွက် ကိုယ့်အတွက် နောင်ဘဝ နောင်သံသရာ အတွက်
ဖြစ်ဘို့ လုပ်ဘို့ ကောင်းနေပြီ။
လူ့ဘဝကတိုတောင်းတာမို့
နေရချိန်တွေမကျန်တော့။
နှစ်ပေါင်း၇၀ ကျော် မှာ နေချင်သလိုနေခဲ့ပြီးပြီ။
ကျန်တဲ့အချိန်တို လေးအတွင်းမှာ
ဘာဆက်လုပ်မလဲ။
ဘာဆက်လုပ်သင့် ကြလဲ ။
အေးမြင့် (ညောင်တုန်း )
၁၆/၁၀/၂၀၂၁
ရည်ညွှန်း (၁)
ဆည်မြောင်း ဝန်ထမ်းဟောင်း
အင်ဂျင်နီယာ ဦးဘိုလှ ထံကရတဲ့
ဘဝနေနည်း facebook post ကြော်ငြာ /16/10/2021

ရည်ညှ ွန်း(၂)
Facebook post. /ဗောဓိအရိပ်/ ၁၆/၁၀/၂၀၂၁
#အတ္တပရ_ပိုင်းခြားသိဘို့ …
#သာသနာ_ပြုတယ်_ဆိုတာ
– လူမျိုး အရေး မဟုတ်ဘူး
– စီးပွား အရေး မဟုတ်ဘူး
– စစ်ရေး မဟုတ်ဘူး
– ရုပ် ဝထ္ထုပစ္စည်း အဆောက်အဦးတွေ ပြည့်စုံ ဘို့အရေး မဟုတ်ဘူး
#သာသနာ_ပြုတယ်_ဆိုတာ
– ကိုယ်ကိုယ်တိုင် ရဲ့ နာမ်ပိုင်းတည်ငြိမ် ငြိမ်းအေးမှုနဲ့ ချမ်းသာမှု ပြည့်စုံပြီးလို့
– ကိုယ့်မှာ ရရှိပြီးတဲ့ နာမ် (စိတ်)ချမ်းသာ ငြိမ်းအေး တည်ငြိမ်မှုမျိုး ရသလို သူတစ်ပါးတွေလည်း ရပါစေတော့ ရယ်လို့
အသိတရားတွေ ရှိတဲ့ လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ် တွေက မျှဝေတဲ့ လူမှုအရေး “ပရဟိတ” အလုပ် သာ ဖြစ်တယ်၊
“ပရဟိတ” ဆိုတဲ့ အများ အကျိုး ကို လုပ်တဲ့ အခါမယ် ကိုယ်ကျိုးကို စွန့်ထားရပါတယ်၊ အများ အကျိုး လုပ်ရင်း ကိုယ့်ရဲ့ အကျိုးစီးပွား ဖြစ်လာပြီ ဆိုရင် #အကျိုးစီးပွား_ပဋိပက္ခ (#ConflictOfInterest) ဆိုတာ ဖြစ်လာပါတယ်၊
“#အများ_အကျိုးဆောင်_ကိုယ့်အကျိုးအောင်” ဆိုတဲ့ ဆောင်ပုဒ် ဟာ ဆိုရှယ်လစ် စံနစ် တုံးက ထည့်ခဲ့တဲ့ “ဂျင်း” အကြီးစားကြီး ဖြစ်ပြီး လူအတော်များများ ဟာ အများအကျိုး ဆိုပြီး ကိုယ့်အိပ်ကပ်ထဲ ကိုထည့်ခဲ့ ကြတာ အခုအချိန်မှာ ပြန်ပြီး သုံးသပ်ကြည့်ရင် မြင်နိုင်ပါတယ်၊
အတ္တ အကျိုး ကတော့ လောကီရော လောကုတ်ရော လုပ်ရမှာဘဲ၊ ပရ အလုပ်ကို လုပ်ရင် အတ္တအကျိုး မဖက် ဘဲ လုပ်ရမှာ ဖြစ်တယ်၊
“#အတ္တပရ_မျှရမယ်” ဆိုတဲ့ စကား ကလည်း အခွင့်အရေး သမားတွေ အတွက် ဂျင်း အဖြစ်သုံးခဲ့ တာများပြီး အတ္တဘက် ပါတာများကြပြန်တယ်၊ အတ္တ ပရ မျှအောင် လုပ်တယ် ဆိုတာ ကိုယ့် အကျိုး အစည်းအပွားကိုလည်း ကြီးပွားအောင် တရားသဖြင့် လုပ်ကိုင် ကျင့်ကြံ အားထုတ် လို့ အများအကျိုး လုပ်တဲ့ အခါမှာလည်း ကိုယ့်အကျိုးမဖက်ဘဲ စွန့်လွှတ် လှူဒါန်း ဆောင်ရွက်ခြင်းကို ဆိုလိုပါတယ်၊
ပြောချင်တာက လောကုတ္တရာ ကိစ္စမှာ ကိုယ့် အတ္တအကျိုး ဖြစ်တဲ့ အလုပ် အကိုင်၊ စီးပွားရေး ကိစ္စ တွေကို ပရအကျိုး ဖြစ်တဲ့ လောကုတ္တရာရေးလုပ်ငန်း တွေထဲ ကို ဆွဲမသွင်းကြဘို့ နဲ့ လောကုတ္တရာရေး ပရအလုပ်လုပ်တဲ့ သူများကလည်း ပရဟိတ လုပ်ငန်းကိုလူ ပုဂ္ဂိုလ် အဖွဲ့အစည်း များရဲ့ အသုံးချခံ လုပ်ငန်း မဖြစ်စေဘို့ အရေးကြီးပါတယ်။
ဗောဓိ အရိပ်
အောက်တိုဘာလ ၁၃ ရက်၊ ၂၀၂၁ ခုနှစ်။
ရည် ညှွန်း (၃)
#နီးကပ်ရင် မီးဟတ်တယ်#
အကုသိုလ် ကြီးမားတဲ့သူနဲ့ အတူတွဲခဲ့မိလို့
အရှင်သာရိပုတ္တရာတောင် ဆွမ်းမရခဲ့ဘူး–
ငါးတွေကို အတူဆေးချပြီး သတ်ခဲ့လို့
သာကီဝင်သားတွေ သေခဲ့ရဘူးတယ်။
နွားကျောင်းသားတွေ တောထဲမှာ
ဖွတ်ကြီးတစ်ကောင် တွေ့တော့
စိတ်တူကိုယ်တူ ဖွတ်ဝင်သွားတဲ့ တောင်ပို့ကို
ပိတ်ခဲ့ဘူးတဲ့ ….
အကုသိုလ်ကြောင့် ရဟန်းဖြစ်တော့
တောထဲမှာ ညခဏ ဝင်အိပ်ကြတာ ဂူ က အလိုလို ပိတ်သွားလို့
အကုသိုလ်အကြွေးတွေ ဆပ်ခဲ့ရဘူးတယ်…
အကုသိုလ်ကြီးမား တဲ့ အမျိုးသမီးတစ်ယောက်ကြောင့်ရေလည်ခေါင်မှာ ချာချာလည်ပြီး ရှေ့ဆက်မရတဲ့အတွက် အကုန်လုံး စိတ်သောက ရောက်ခဲ့ရဘူးတယ်။
တကယ်တော့ သတ္တဝါတွေဆိုတာ စိတ်ဓာတ်တူရာ
ပေါင်းကြတာပါပဲ မဟုတ်လား…
ရေ ရေ ခြင်း ရောသလို ဆီ ဆီ ခြင်းပဲ ရောကြတာပါဘဲ…
ရခဲလှတဲ့ လူ့ဘဝလေးမှာ နေရတဲ့အချိန်လေးက ခဏလေးပါ….
အလင်းက လာခဲ့ပေမယ့် အမှောင်ထဲ ကျသွားရင်တော့ ပေးဆပ်ရတာ မတန်ဘူးနော်…
#စိတ်ကောင်း ရှိတဲ့သူတွေနဲ့ နီးအောင်နေ…
ကုသိုလ်တရားတို့ကို တိုးပွားအောင်ကြိုးစား…
#အကုသိုလ်ကံ ကြီးမားတဲ့သူနဲ့ ဝေးအောင်ရှောင်…
အကုသိုလ်ကံ ဆိုတာ နီးကပ်ရင် မီးဟတ်တယ်။
🙏🙏🙏ဖြေဆည်ရာဆရာတော်🙏🙏
#အသိတရားအပေါ်သတိယှဉ်နိုင်ကြပါစေ။
ဓမ္မ စမ်းရေ
Credit……