FLOOD ; Flash Floods လျှပ်တစ်ပြက် ရေကြီးမှု

မြန်မာနိုင်ငံနှင့် လျှပ်တစ်ပြက် ရေကြီးမှု အန္တရာယ်

( Myanmar and Flash Floods) ဇော် ဝင်း (ဇ လ)

၁ ။ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်

ကမ္ဘာကြီးသည် ဖလ်လုံအိမ် အာနိသင်၏ အကျိုးဆက်ဖြစ်သော ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်ကြောင့် နွေရာသီ ပုံမှန်ထက် အပူချိန်မြင့်တက်မှုများနှင့် ဆောင်းရာသီ အအေးပိုလာခြင်းများ၊ မိုးရာသီ ရွာသွန်းမြဲထက် ပိုမိုလာခြင်း သို့မဟုတ် လျော့နည်းသွားခြင်း၊ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာခြင်းစသည့် ကစဉ့်ကလျားဖြစ်စဉ်များ ဖြစ်ပေါ်လာခဲ့သည်။ ကမ္ဘာကြီး၏ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်သည်၊ မြန်မာနိုင်ငံ ကိုလည်း ချွင်းချန်ထားခဲ့ခြင်းမရှိပေ။ သစ်တောပြုန်းတီးမှု နှင့်သဘာ၀ သယံဇာတအလွန်အကျွံထုတ်ယူမှု များပြားလာခြင်း စသည်တို့ပါ ပေါင်းစပ်လိုက်သောအခါ၊ သဘာ၀ ဘေးအန္တရာယ်များဖြစ်ကြသော၊ ရေကြီးခြင်း မိုးခေါင်ခြင်း၊ မုန်တိုင်းများကျရောက်ခြင်း၊ မြေပြိုခြင်း၊ ငလျင်လှုပ်ခြင်း၊ တောမီးလောင်ခြင်း၊ချောင်းရေ မြစ်ရေနှင့် မြေအောက်ရေများ ရေအရည်အသွေးကျဆင်းလာခြင်း စသည်တို့ တွေ့ကြုံနေရပေသည်။ ယနေ့ ထပ်မံတွေ့ကြုံရသည့် အချက်တစ်ခုမှာ ဒေသတစ်ခုတွင် မိုးများသောနေရာသည် ပို၍များလာပြီး၊ မိုးခေါင်သော နေရာသည် ပို၍ခေါင်လာခြင်းပင်ဖြစ်သည်။

၂ ။ လျှပ်တစ်ပြက်ရေကြိးမှု ဖြစ်ပေါ်နှိင်သည့်အချက်များ

တိမ်တိုက်ပေါက်ကွဲပြိုဆင်းခြင်း(Cloud Burst)တစ်ခုဖြစ်နေပုံ

မြန်မာနိုင်င၏ံ သဘာဝဘေးအန္တရာယ် ကျရောက်မှုများစာရင်းတွင် မီးလောင်မှုမှာ အများဆုံးဖြစ်ပြီး ရေကြောင့်ဖြစ်ခြင်းမှာ ဒုတိယဖြစ်ပါသည်။ ရေကြောင့်ဖြစ်ရသည့် သဘာဝဘေးအန္တရာယ်များတွင် လျှပ်တစ်ပြက်ရေ ကြီးမှု သည်ပါဝင်ပါသည်။ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှုပုံစံ ပြောင်းလဲလာရာ ပုံမှန်မဟုတ်သည့် နေရာကွက်၍မိုးကြီးခြင်း၊ အချိန်တိုအတွင်း ပြင်းထန်စွာရွာသွန်းခြင်း၊ စသည့်ဖြစ်စဉ်ကြောင့် ရွာချသည့်နေရာရှိ ချောင်းမြောင်းများ၏ သယ်ယူနှိင်စွမ်းထက် များစွာပိုမိုကာ အလုံးအရင်းနှင့်စီးဆင်း လာသဖြင့် ချောင်းကမ်းပါးများ ရုတ်တရက် ပြည့်လျှံခြင်း ကျော်လွန်ခြင်းတ့ိုဖြစ်ပေါ်လာသည်။ ချောင်းတလျောက် ရှိသမျှတို့ကို တိုက်စားပြီး တဟုန်တိုးစီးဆင်းနေသည့် ရေနောက်သို့ မြောပါသွားခြင်းကြောင့် ရှောင်တိမ်းချိန် မရဘဲ အသက်အိုးအိမ်စည်းစိမ်တို့ များစွာ ဆုံးရှုံးကြရလေသည်။ အများအားဖြင့် မမြှော်လင့်သည့် အချိန်နှင့် နေရာတို့တွင် အချိန်တိုအတွင်း ကြုံတွေ့ရတတ်သဖြင့် အငိုက်မိခြင်းခံရလေသည်။ တစ်ခါတရံ လျှပ်တစ်ပြက်ရေ ကြိးမုှုကြောင့် တောတိရစ္ဆာန်များဖြစ်သော ၊ ဂျီများ၊ ဆင်များပင် ရေစီးနှင့်အတူ မြောပါလာတတ်သည်ကို တွေ့ရှိရလေသည်။ ယခု ၂၀၁၉ ခုနှစ်မိုးရာသီ ချင်းတွင်းမြစ်ဖျားပိုင်းရေကြီးရာတွင် မျောက်များပင် ပါလာကြောင်း သိရှိရပါသည်။

၁ လျှပ်တစ်ပြက်ရေကြိးမှုနှင့်ပုံမှန်ရေကြီးမှုတို့ ကွဲပြားမှုမှာ မိုးရွာချိန်တိုတောင်းပြီး ပြင်းထန်စွာနေရာကွက် ရွာသွန်း ၍ ရေအလုံးအရင်းနှင့်စီးဆင်းကါ ရုတ်ခြင်းပြန်လည်ကျဆင်းသွားပါက လျှပ်တစ်ပြက်ရေကြိးမှုဟုခေါ်ဆိုပါသည်။ လျှပ်တစ်ပြက်ရေကြိးမှုသည် မိုးတွင်းကာလများနှင့်၊ မုန်တိုင်းကျရောက်သည့်အခါ ဖြတ်သန်းရာ လမ်းကြောင်းတလျောက်တွင် ဖြစ်ပေါ်တတ်သော်လည်း၊ ရာသီဥတု ရုတ်ခြင်း ဖေါက်ပြန်ပြောင်းလဲသည့်အခါ နွေခေါင်ခေါင်တွင်ပင် မမြှော်လင့်ဘဲ ဖြစ်ပေါ်တတ်လေသည်။

ကောင်းကင်တွင် တိမ်မရှိဘဲ မိုးရွာသွန်းမှု မဖြစ်ပေါ်နှိင်ပေ။ သို့ရာတွင် တခါတရံ နွေခေါင်ခေါင်၌ပင် မိုးတိမ်တစ်အုပ်သည် လေနှင့်အတူရောက်ရှိလာပြီး၊ များပြားလှသောမိုးရေ မိုးပေါက်တို့သည် တိမ်တိုက်မှပေါက် ကွဲပြိုဆင်းလာ (Cloud Burst) ခြင်းကြောင့် ရုတ်တရက် ပြင်းထန်စွာ သွန်ချသကဲ့သို့ မိုးရွာသွန်းခြင်းကိုဖြစ်စေသည်။ ဤကဲ့သို့ဖြစ်ပေါ်ရခြင်းမှာ မြေပြင်မှပူနွေးသော လေစီးကြောင်းများသည်၊ မိုးတိမ်အုပ်ကို အောက်ဘက်မှပင့် တင်လိုက်ရာ မိုးရေပါရှိသော မိုးတိမ်တို့သည် လေးလန်သဖြင့် အထက်သိ့ လိုက်ပါမြင့်တက်နှိင်ခြင်းမရှိဘဲ အောက်ဘက်သို့ မိုးတိမ်အုပ်တစ်ခုလုံး အချိန်တိုအတွင်း ပြိုဆင်းရွာချခြင်းကြောင့် လျှပ်တစ်ပြက် ရေကြီးမှုကို ဖြစ်ပေါ်စေလေသည်။

လျှပ်တစ်ပြက် ရေကြီးမှုများမှာ အချိန်တိုအတွင်း ဖြစ်ပေါ်နှိင်သဖြင့် မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနအနေဖြင့် ကြိုတင်သတိပေးချက်ထုတ်ပြန်ရန် အခက်အခဲရှိနှိင်ပါသည်။

(၂ – က) ရေဆင်းဧရီယာနှင့် မုန်တိုင်းလမ်းကြောင်း

ယခင်က လျှပ်တစ်ပြက် ရေကြီးမှုများ ရှိခဲ့သော်လည်း ယခုကဲ့သို့ ရာသီဥတု ပြောင်းလဲလာသည့် အချိန် တွင် ဖြစ်ပျက်မှု များပြားလာသည်ကို တွေ့မြင်နေရပေသည်။ လျှပ်တစ်ပြက် ရေကြီးမှုသည်၊ ချောင်းမြောင်းတို့၏ ရေဆင်းဧရိယာ ပုံသဏ္ဍန်နှင့် ဆက်စပ်နေသည်။ ထို့ပြင် မြန်မာနိုင်ငံ၌ရွာသွန်းသော မုန်တိုင်းမိုးများသည် အနောက်ဘက် ဘင်္ဂလား ပင်လယ်အော်မှလာသော ဆိုင်ကလုံမုန်တိုင်း များမှလည်းကောင်း အရှေ့ဘက် တောင် တရုတ်ပင်လယ်မှလာသော တိုင်ဖုံးမုန်တိုင်း အကျွင်းအကျန်များမှလည်းကောင်း ရရှိသည်ဖြစ်ရာ မုန်တိုင်းမည်သည့်ဘက်က လာသည် ဆိုသည်မှာလည်း အရေးကြီးသောအချက်တစ်ခု ဖြစ်သည်။

ရေဆင်းဧရိယာ ပုံသဏ္ဍန် အမျိုးမျိုးရှိရာ အချို့မှာ ရှည်မျောမျော (Elongate) ပုံစံရှိသကဲ့သို့ အဝိုင်း (Round) ပုံစံလည်းရှိတတ်သည်။

(က) ရှည်မျောမျောပုံ (ခ) အဝိုင်းပုံ

၂ ရေဆင်းဧရိယာ ရှည်မျောမျော ပုံစံရှိသော ချောင်းတစ်ခုတွင်မိုးရွာသွန်းသည့်အခါ မုန်တိုင်း လမ်းကြောင်းသည်၊ ချောင်း၏အထက်မှအောက်သို့လား၊ အောက်မှအထက်သို့လား၊ အလယ်မှဖြတ်သွားသလား စသည်တို့အပေါ် မူတည်၍ ရေကြီးမှုပုံစံကွဲပြားကြသည်။ အဝိုင်းပုံစံရှိသော ချောင်းတစ်ခုတွင် မိုးကြီးပါက လျှပ်တစ်ပြက်ရေကြီးမှုကို ဖြစ်ပေါ်စေနှိင်သည်။ အထင်ရှားဆုံး ဥပမာမှာ မင်းဘူးခရိုင်ရှိ ရွှေစက်တော်ဘုရားတည်ရှိရာ မန်းချောင်း၏ ရေဆင်းဧရိယာသည် အဝိုင်းပုံသဏ္ဍန်ဖြစ်ပါသည်။

( ၂-ခ ) ချောင်းမြောင်းတို့၏ ရေစီးဆင်းမှုပုံစံ

ချောင်းမြောင်းတို့၏ ရေစီးဆင်းမှုပုံစံအမျိုးမျိုးရှိသော်လည်း အဓိကအားဖြင့် အမြဲတန်းရာသီမရွေးစီးဆင်း နေသော (Ephemeral Stream) အမျိုးအစားနှင့် အမြဲတန်းလိုလို ခြောက်သွေ့နေပြီး တခါတရံမှသာ စီးဆင်းသော ချောင်းခြောက် (Intermittent Stream ) အမျိုးအစားတို့ဖြစ်ကြသည်။ ပထမအမျိုးအစားသည် ရေအမြဲ စီးဆင်း နေသဖြင့် တံတားများဆောက်လုပ်ထားရာ သတိထား ဖြတ်သန်း ကြသဖြင့် အန္တရာယ် မတွေ့နှိင်သော်လည်း၊ ဒုတိယအမျိုး အစားတွင်မူ ချောင်းကျယ်သော်လည်း တံတားများ မရှိခြင်း၊ ထို့ပြင် ကားလမ်းရှိသည့်ချောင်း ငယ်ဖြစ်ပါကလည်း ရေကျော် (Causeway) အဖြစ်သာ ထားရှိခြင်းစသည်တို့ကြောင့် လျှပ်တစ်ပြက်ရေကြီးမှု အန္တရာယ်နှင့် တွေ့ကြုံရတတ်ပါသည်။

ပခုက္တ္တ္ကူ-ရေစကြို ကားလမ်းတွင် တွေ့ွ့ကြုံရစဉ်က

၃ ။ လျှပ်တစ်ပြက်ရေကြီးမှု ဖြစ်ပေါ်ခဲ့သည့် နေရာဒေသများ

လျှပ်တစ်ပြက် ရေကြီးမှုများသည် မြန်မာ ပြည်အလယ်ပိုင်းတွင် အများအားဖြင့် တွေ့ကြုံရတတ်ပြီး၊ စစ်ကိုင်းတိုင်း မကွေးတိုင်း နှင့်မန္တလေးတိုင်းတို့အတွင်းတွေ့ကြုံ ရတတ်သည်။ သို့ရာတွင် အခြားတိုင်းနှင့် ပြည်နယ်းများဖြစ်သော ပဲခူး၊ကချင်၊၊မွန် စသည်တို့တွင်လည်း ကြုံရသည်ကို တွေ့ရှိရသည်။ ဖြစ်ပျက်ခဲ့သော ထင်ရှားသည့် လျှပ်တစ်ပြက်ရေကြီးမှုများကို နောက်ဆက်တွဲစာရင်း (က) တွင်ဖေါ်ပြထားပါသည်။

သတိပေးဆိုင်းဘုတ် နမူနာပုံစံ

၄။ လျှပ်တစ်ပြက်ရေကြီးမှုနှင့် ပတ်သက်၍ သတိပြုသင့်သည့် အ ချက်များ

(က) လျှပ်တစ်ပြက်ရေကြီးမှုဖြစ်ပေါ်တတ်သည့်ချောင်း (သို့မဟုတ်) ရေကျော် (Causeway) နေရာတို့သို့ မရောက်ခင် (၁)မိုင်ခန့်အလိုတွင် သတိပေးဆိုင်းဘုတ်ရှိသဖြင့် သတိပြုဖြတ်ကျော်ရမည်။ သတိပေးဆိုင်းဘုတ်မရှိ ပါက နမူနာ ဆိုင်းဘုတ်ပါအတိုင်း စိုက်ထူသင့်ပါသည်။ ရောက်ရှိသည့်အခါ ချောင်း၏ ဘယ်ညာ အခြေအနေကို ကြည့်ရှုပြီး ခပ်သွက်သွက် ဖြတ်ကူးရန်ဖြစ်ပါသည်။

(ခ) ဖြတ်ကူးမည့်ချောင်း အထူးသဖြင့် ချောင်းခြောက်များအတွင်း သို့မဟုတ် အနီးအနားတွင်၊ ချောင်းအတွင်း၊ ရေရှိသည်ဖြစ်စေ ရေမရှိသည်ဖြစ်စေ ညအိပ်ညနေ ရပ်နားခြင်း၊ ခေတ္တနားနေခြင်း၊ ပစ္စည်းများထားသိုခြင်း၊ ယာယီတဲများဆောက်ပြီး ခေတ္တနေထိုင်ခြင်း၊ ဆိုင်ဖွင့်ခြင်း စသည်တို့မပြုလုပ်သင့်ပါ။ လျှပ်တစ်ပြက်ရေကြီးမှုသည် မမြှော်လင့်သောအချိန်တွင် ရောက်ရှိလာတတ်သည်။

၃ (ဂ) လျှပ်တစ်ပြက်ရေကြီးနေချိန် ရေစပ်တွင်သော်လည်းကောင်း၊ ချောင်းစပ်ရေထဲတွင်သော်လည်းကောင်း ရပ်မနေသင့်ပေ။ ရေ၏စီးဆင်းမှုမှာ လွန်စွာပြင်းထန်သဖြင့် တွေ့သမျှကို ဆွဲယူသွားသည့်အပြင် ချောင်းကြမ်းပြင်တလျောက် သဲ၊နုန်း၊မြေကြီး၊ကျောက်တုံး စသည် တို့ကိုပါတိုက်စားသွားတတ်ရာ ရေနက်အိုး (Scour Hole) ဖြစ်ပေါ်နေတတ်သဖြင့် မြင်းနှင့် အပြေးဖြတ်ကူးသည့်တိုင် ခြေထောက်တစ်ချောင်းကျန်နေ၍ လူရော မြင်းပါအသက် ဆုံးရှုံးရ ကြောင်း ပြောစမှတ်ရှိပါသည်။ ရေကြီးသည့်အချိန် ချောင်းကြမ်း ပြင်တလျောက်တိုက်စားနှိင်သော ရေစားအနက် (Scour Depth) ကိုတွက်ချက်နှိင်ပြီး ယင်းအနက်၏ အောက်ရောက်သည်အထိ အုတ်မြစ်ချထားခြင်းမရှိသည့် တံတားများ ပြိုကျနှိင်သဖြင့် တံတားပေါ်တွင် ရေကြီးချိန် ကြာရှည်စွာရပ်နား ထားခြင်းလည်းမပြုသင့်ပေ။

ချောင်းကြမ်းပြင်တိုက်စားပြီး တံတားပြိုကျပုံ (ဃ) လျှပ်တစ်ပြက်ရေကြီးမှု၏ ဖြစ်ပေါ်နှိင်သည့် အန္တရာယ်ကို လျော့မတွက်သင့်ပေ။ အမေရိကန်နင်ငံ၏ လေ့လာ ချက်တစ်ခုအဆိုအရ ကားမောင်းးရင်း အသက်ဆုံးရှုံးမှု၏ (၅၀%) မှာ `မော်တော်ယာဉ်ဖြင့်လျှပ်တစ်ပြက် ရေကြီးမှုအတွင်း ဖြတိသန်းခြင်းကြောင့် ဖြစ်ကြောင်းသိရှိရပါသည်။ အကြောင်းမှာ ယာဉ်မောင်း၏စီတ်ထဲတွင် ရာသီဥတု သာယာနေသဖြင့် ဖြတ်ကူးကြသည့်အခါ မမြှော်လင့်သည့် ရေလုံးကြီးသည် စက္ကန့်ပိုင်းအတွင်း သစ်ပင်သစ်ငုတ်များ၊ ကျောက်တုံး ကျောက်ခဲများနှင့်အတူ တိုက်စားလိုက်ပါလာရာ ရှောင်တိမ်းရန် လွန်စွာနောက်ကျသွားတတ်၏။ ကမ်းနင့်သိပ်မဝေးလျှင် အခြေအနေကိုကြည့်ပြီး ရေစုံဘက်ရှိ ကားတံခါးကိုဖွင့်ကါ ကားကိုကွယ်ပြီး စိတ်ရှည်စွာ စောင့်ဆိုင်းသင့်ပါသည်။ လျှပ်တစ်ပြက်ရေကြီးမှုသည် အချိန်တိုတောင်းစွာဖြစ်တတ်ပြီး ရေပြန်ကျမှုမြန်ဆန်သဖြင့် စိတ်ချရမှသာ နီးရာကမ်းသို့ ပြန်ကူးသင့်ပါသည်။

လျှပ်တစ်ပြက်ရေကြီးမှုတွင် ရေအနက်အနည်းငယ်ပင် အန္တရာယ်ရှိကြောင်း အောက်ပါ ဇယားကိုလေ့လာပါက သိရှိနှိင်ပါသည်။

လျှပ်တစ်ပြက်ရေကြီးမှုတွင် ရေအနက်နှင့် ဖြတ်ကူးသော ယာဉ်များ၌ တွေ့ကြုံနှိင်သည့်အခြေအနေ

(င) လျှပ်တစ်ပြက်ရေကြီးမှု၏ အန္တရာယ်ကို လျော့ချနှိုင်ရန် ချောင်း၏ အထက်ပိုင်း သင့်တော်သည့်နေရာတွင် ရေလှောင်တမံ တစ်ခုကိုတည်ဆောက်ပေးခြင်းအားဖြင့် ရေကြီးမှုဖြစ်ပါက ယာယီအားဖြင့် ခေတ္ကခဏ ထိန်းသိမ်းထားနှိင်သည်။ ရေလှောင်တမံ ကန်ရေပြည့်မှသာ ရေပိုလွှဲပေါ်က ကျော်ကျသဖြင့် ရေကြီးမှုကို လျော့ချနှိင်သကဲ့သို့ အချိန်ကိုလည်း ဆွဲထားနှိင်သည်။ ထိုသို့အချိန်ရသဖြင့် တမံအောက်ဘက်နေ ပြည်သူများ ကြိုတင်ပြင်ဆင်ချိန်ရနှိင်ခြင်း၊ ရှောင်ရှားနှိင်ခြင်းစသည်တို့ကို ဆောင်ရွက်နှိင်ပါသည်။

၅။ လျှပ်တစ်ပြက်ရေကြီးမှုနှင့် ပတ်သက်၍ ကြိုတင် ဆောင်ရွက်ထားသင့်သည့် အ ချက်များ

လျှပ်တစ်ပြက်ရေကြီးမှုများသည်၊ ဖြစ်တတ်သောနေရာဒေသရှိ ချောင်းမြောင်းများတွင် ထပ်မံ၍ ကြုံတွေ့ရ တတ်သည်ကို သတိပြုရမည်ဖြစ်သည်။ ဥပမာအားဖြင့် မန်းချောင်း ရွှေစက်တော်ဘုရားတွင် နှစ်ပေါင်း (၃၀) ခန့်ကြာပြီးနောက်တစ်ကြိမ် ထပ်မံ၍လည်းကောင်း၊ ပခုက္ကူ ရွှေချောင်းတွင် (၇) နှစ် ခန့်ကြာပြီးနောက်တစ်ကြိမ် ထပ်မံ၍လည်းကောင်း၊ မိတ္ဆီလာ လျှော်ပင်ချောင်းတွင် (၁၅) နှစ် ကြာပြီးနောက်တစ်ကြိမ် ထပ်မံ၍လည်းကောင်း၊ ဖြစ်ပျက်ခဲ့သည်။ အများအားဖြင့် ပထမအကြိမ်ဖြစ်စဉ်က အထိနာတတ်ပြီး၊ ဒုတိယအကြိမ်တွင်မူ သတိရှိပြီးဖြစ်နေ၍ ကြိုတင်စီစဉ်ထားနှိင်သည့်အချက်များကို ဆောင်ရွက်ထားနှိင်သဖြင့် ထိခိုက်မှု လျော့နည်းမှုရှိကြောင်းတွေ့ရှိ ရပါသည်။

လျှပ်တစ်ပြက်ရေကြီးမှုဖြစ်တတ်သည့် ချောင်းမြောင်းအနီးတွင်နေထိုင်ပါက၊ နေအိမ်ကို ဆင့်ထိုး၍ နေထိုင် သင့်သည်။ ထို့ပြင် ခေါင်မိုးကို သင့်တော်သောအမြင့်တွင် မိုးထားခြင်းအားဖြင့် ရေရုတ်တရက်တက်လာပါက ဆင့်တစ်ခု ထပ်ထိုးပြီး လူများတက်ရောက်နေနှိင်ပေသည်။ အရေးပေါ်အခြေအနေတွင် အမိုးကိုခွာပြီး ထွက်နှိင်အောင်လည်း စီစဉ်ထားသင့်သည်။

မကွေးတိုင်းရှိ ရေကျော် တစ်နေရာ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်ကြောင့် လျှပ်တစ်ပြက်ရေကြီးမှုများကို ကြုံတွေ့နှိင်သည်ဖြစ်ရာ တောင်ခြေ သို့မဟုတ် တောင်စောင်းတွင် အိမ်ဆောက်နေထိုင်ကြပြီး အနီးအနားတွင် သေးငယ်သောချောင်းပင် ဖြစ်စေ၊ တောင်စောင်းမှ စီးဆင်းလာသော ချောင်းဖြစ်ပါက သတိပြုနေထိုင်ရန်လိုအပ်ပါသည်။ လျှပ်တစ်ပြက်ရေကြီးမှု ဖြစ်သည့်အခါ ကျောက်တုံး ကျောက်ခဲများကို တိုက်စားသယ်ဆောင် လာပြီး၊ ချောင်းဘေးတွင် တည်ဆောက်ထားသော အိမ်များအတွင်း ဝင်ရောက်ဖျက်စီးတတ်လေသည်။ တခါတရံ ညဉ့်နက်သန်းခေါင်တွင် အချိန်တိုအတွင်း လျှပ်တစ်ပြက်ရေကြီးမှု ဖြစ်ပေါ်တတ်သဖြင့် ထွက်ပြေး လွတ်မြောက်ရန် နည်းလမ်းကိုကြိုတင် တွက်ဆပြီး သတိပြု နေထိုင် သင့်ပေသည်။

ဇော် ဝင်း ( ဇ လ)

ရေမြုပ်ခံတံတားနမူနာပုံစံ တစ်ခု လျှပ်တစ်ပြက်ရေကြီးမှု သတိပေးဆိုင်းဘုတ်ကိုတွေ့ရှိပါက နေ့ရော ညပါ သတိပြုဖြတ်သန်းရန် လိုအပ်ပါသည်။ ယခုအခါ မြန်မာပြည် အလယ်ပိုင်း မကွေးတိုင်းတွင်ရှိ အဝေးပြေး လမ်းမကြီးများတွင် ရေကျော် (Causeway) များတည်ဆောက်ထားရာ မကြာခဏ လျှပ်တစ်ပြက်ရေကြီးမှုများနှင့် တွေ့ကြုံရတတ်သဖြင့်၊ ဂျပန်အဆောက် အအုံ မိတ်ဘက်အဖွဲ့ (Japan Infrastructure Partners) ၏ အကူအညီဖြင့် ရေမြုပ်ခံတံတားများ (Submersible Bridge) တည်ဆောက်ပေးနေသည်ဟု သိရှိရသည့်အတွက် များစွာ အကျိုး ပြုမည်ဟု ထင်မြင်မိပါကြောင်း တင်ပြအပ်ပါသည်။

Original Zawgyi font

ျမန္မာနိဳင္ငံႏွင့္ လွ်ပ္တစ္ျပက္ ေရျကီးမွဳ အႏၲရာယ္

( Myanmar and Flash Floods) ေဇာ္ ၀င္း (ဇ လ)

၁ ။ ရာသီဥတု ေျပာင္းလဲမွဳ ျဖစ္စဥ္

ကမၻာျကီးသည္ ဖလ္လံုအိမ္ အာနိသင္၏ အက်ိဳးဆက္ျဖစ္ေသာ ရာသီဥတု ေျပာင္းလဲမွဳ ျဖစ္စဥ္ေျကာင့္ ေႏြရာသီ ပုံမွန္ထက္ အပူခ်ိန္ျမင့္တက္မွဳမ်ားႏွင့္ ေဆာင္းရာသီ အေအးပိုလာျခင္းမ်ား၊ မိုးရာသီ ရြာသြန္းျမဲထက္ ပိုမိုလာျခင္း သို့မဟုတ္ ေလ်ာ့နည္းသြားျခင္း၊ ပင္လယ္ေရ မ်က္ႏွာျပင္ ျမင့္တက္လာျခင္းစသည့္ ကစဥ့္ကလ်ားျဖစ္စဥ္မ်ား ျဖစ္ေပၚလာခဲ့သည္။ ကမၻာျကီး၏ ရာသီဥတု ေျပာင္းလဲမွဳ ျဖစ္စဥ္သည္၊ ျမန္မာနိဳင္ငံ ကိုလည္း ခ်ြင္းခ်န္ထားခဲ့ျခင္းမရွိေပ။ သစ္ေတာျပဳန္းတီးမွဳ ႏွင့္သဘာ၀ သယံဇာတအလြန္အက်ြံထုတ္ယူမွဳ မ်ားျပားလာျခင္း စသည္တို႔ပါ ေပါင္းစပ္လိုက္ေသာအခါ၊ သဘာ၀ ေဘးအႏၲရာယ္မ်ားျဖစ္ျကေသာ၊ ေရျကီးျခင္း မိုးေခါင္ျခင္း၊ မုန္တိုင္းမ်ားက်ေရာက္ျခင္း၊ ေျမျပိဳျခင္း၊ ငလ်င္လွဳပ္ျခင္း၊ ေတာမီးေလာင္ျခင္း၊ေခ်ာင္းေရ ျမစ္ေရႏွင့္ ေျမေအာက္ေရမ်ား ေရအရည္အေသြးက်ဆင္းလာျခင္း စသည္တို႔ ေတြ့ျကဳံေနရေပသည္။ ယေန႔ ထပ္မံေတြ႔ျကံဳရသည့္ အခ်က္တစ္ခုမွာ ေဒသတစ္ခုတြင္ မိုးမ်ားေသာေနရာသည္ ပို၍မ်ားလာျပီး၊ မိုးေခါင္ေသာ ေနရာသည္ ပို၍ေခါင္လာျခင္းပင္ျဖစ္သည္။

၂ ။ လ်ွပ္တစ္ျပက္ေရျကိးမွဳ ျဖစ္ေပၚႏွိင္သည့္အခ်က္မ်ား

ျမန္မာႏုိင္င၏ံ သဘာ၀ေဘးအႏၲရာယ္ က်ေရာက္မွဳမ်ားစာရင္းတြင္ မီးေလာင္မွဳမွာ အမ်ားဆံုးျဖစ္ျပီး ေရေျကာင့္ျဖစ္ျခင္းမွာ ဒုတိယျဖစ္ပါသည္။ ေရေျကာင့္ျဖစ္ရသည့္ သဘာ၀ေဘးအႏၲရာယ္မ်ားတြင္ လ်ွပ္တစ္ျပက္ေရ ျကီးမွဳ သည္္ပါ၀င္ပါသည္။ ရာသီဥတု ေျပာင္းလဲမွဳ ျဖစ္စဥ္ေျကာင့္ မိုးရြာသြန္းမွဳပံုစံ ေျပာင္းလဲလာရာ ပံုမွန္မဟုတ္သည့္ ေနရာကြက္၍မိုးျကီးျခင္း၊ အခ်ိန္တိုအတြင္း ျပင္းထန္စြာရြာသြန္းျခင္း၊ စသည့္ျဖစ္စဥ္ေျကာင့္ ရြာခ်သည့္ေနရာရွိ ေခ်ာင္းေျမာင္းမ်ား၏ သယ္ယူႏွိင္စြမ္းထက္ မ်ားစြာပိုမိုကာ အလံုးအရင္းႏွင့္စီးဆင္း လာသျဖင့္ ေခ်ာင္းကမ္းပါးမ်ား ရုတ္တရက္ ျပည့္လွ်ံျခင္း ေက်ာ္လြန္ျခင္းတ႔ိုျဖစ္ေပၚလာသည္။ ေခ်ာင္းတေလ်ာက္ ရွိသမွ်တို့ကို တိုက္စားျပီး တဟုန္တိုးစီးဆင္းေနသည့္ ေရေနာက္သို႔ ေျမာပါသြားျခင္းေျကာင့္ ေရွာင္တိမ္းခ်ိန္ မရဘဲ အသက္အိုးအိမ္စည္းစိမ္တို႔ မ်ားစြာ ဆံုးရွဳံးျကရေလသည္။ အမ်ားအားျဖင့္ မေျမွာ္လင့္သည့္ အခ်ိန္ႏွင့္ ေနရာတို့တြင္ အခ်ိန္တိုအတြင္း ျကံဳေတြ႔ရတတ္သျဖင့္ အငိုက္မိျခင္းခံရေလသည္။ တစ္ခါတရံ လ်ွပ္တစ္ျပက္ေရ ျကိးမဳွုေျကာင့္ ေတာတိရစာၧန္မ်ားျဖစ္ေသာ ၊ ဂ်ီမ်ား၊ ဆင္မ်ားပင္ ေရစီးႏွင့္အတူ ေျမာပါလာတတ္သည္ကို ေတြ႔ရွိရေလသည္။ ယခု ၂၀၁၉ ခုႏွစ္မိုးရာသီ ခ်င္းတြင္းျမစ္ဖ်ားပိုင္းေရျကီးရာတြင္ ေမ်ာက္မ်ားပင္ ပါလာေျကာင္း သိရွိရပါသည္။

လ်ွပ္တစ္ျပက္ေရျကိးမွုႏွင့္ပံုမွန္ေရျကီးမွဳတို႔ ကြဲျပားမွဳမွာ မိုးရြာခ်ိန္တိုေတာင္းျပီး ျပင္းထန္စြာေနရာကြက္ ရြာသြန္း ၍ ေရအလံုးအရင္းႏွင့္စီးဆင္းကါ ရုတ္ျခင္းျပန္လည္က်ဆင္းသြားပါက လ်ွပ္တစ္ျပက္ေရျကိးမွဳဟုေခၚဆိုပါသည္။ လ်ွပ္တစ္ျပက္ေရျကိးမွဳသည္ မိုးတြင္းကာလမ်ားႏွင့္၊ မုန္တိုင္းက်ေရာက္သည့္အခါ ျဖတ္သန္းရာ လမ္းေျကာင္းတေလ်ာက္တြင္ ျဖစ္ေပၚတတ္ေသာ္လည္း၊ ရာသီဥတု ရုတ္ျခင္း ေဖါက္ျပန္ေျပာင္းလဲသည့္အခါ ေႏြေခါင္ေခါင္တြင္ပင္ မေျမွာ္လင့္ဘဲ ျဖစ္ေပၚတတ္ေလသည္။

ေကာင္းကင္တြင္ တိမ္မရွိဘဲ မိုးရြာသြန္းမွဳ မျဖစ္ေပၚႏွိင္ေပ။ သို့ရာတြင္ တခါတရံ ေႏြေခါင္ေခါင္၌ပင္ မိုးတိမ္တစ္အုပ္သည္ ေလႏွင့္အတူေရာက္ရွိလာျပီး၊ မ်ားျပားလွေသာမိုးေရ မိုးေပါက္တို့သည္ တိမ္တိုက္မွေပါက္ ကြဲျပိဳဆင္းလာ (Cloud Burst) ျခင္းေျကာင့္ ရုတ္တရက္ ျပင္းထန္စြာ သြန္ခ်သကဲ့သို့ မိုးရြာသြန္းျခင္းကိုျဖစ္ေစသည္။ ဤကဲ့သို့ျဖစ္ေပၚရျခင္းမွာ ေျမျပင္မွပူေႏြးေသာ ေလစီးေျကာင္းမ်ားသည္၊ မိုးတိမ္အုပ္ကို ေအာက္ဘက္မွပင့္ တင္လိုက္ရာ မိုးေရပါရွိေသာ မိုးတိမ္တို႔သည္ ေလးလန္သျဖင့္ အထက္သိ့ လိုက္ပါျမင့္တက္ႏွိင္ျခင္းမရွိဘဲ ေအာက္ဘက္သို႔ မိုးတိမ္အုပ္တစ္ခုလံုး အခ်ိန္တိုအတြင္း ျပိဳဆင္းရြာခ်ျခင္းေျကာင့္ လွ်ပ္တစ္ျပက္ ေရျကီးမွဳကို ျဖစ္ေပၚေစေလသည္။

လွ်ပ္တစ္ျပက္ ေရျကီးမွဳမ်ားမွာ အခ်ိန္တိုအတြင္း ျဖစ္ေပၚႏွိင္သျဖင့္ မိုးေလ၀သႏွင့္ ဇလေဗဒ ဦးစီးဌာနအေနျဖင့္ ျကိဳတင္သတိေပးခ်က္ထုတ္ျပန္ရန္ အခက္အခဲရွိႏွိင္ပါသည္။

(၂ – က) ေရဆင္းဧရီယာႏွင့္ မုန္တိုင္းလမ္းေျကာင္း

ယခင္က လွ်ပ္တစ္ျပက္ ေရျကီးမွဳမ်ား ရွိခဲ့ေသာ္လည္း ယခုကဲ့သို့ ရာသီဥတု ေျပာင္းလဲလာသည့္ အခ်ိန္ တြင္္ ျဖစ္ပ်က္မွဳ မ်ားျပားလာသည္ကို ေတြ႔ျမင္ေနရေပသည္။ လွ်ပ္တစ္ျပက္ ေရျကီးမွဳသည္၊ ေခ်ာင္းေျမာင္းတို႔၏ ေရဆင္းဧရိယာ ပံုသ႑န္ႏွင့္ ဆက္စပ္ေနသည္။ ထို႔ျပင္ ျမန္မာနိဳင္ငံ၌ရြာသြန္းေသာ မုန္တိုင္းမိုးမ်ားသည္ အေနာက္ဘက္ ဘဂၤလား ပင္လယ္ေအာ္မွလာေသာ ဆိုင္ကလံုမုန္တိုင္း မ်ားမွလည္းေကာင္း အေရွ့ဘက္ ေတာင္ တရုတ္ပင္လယ္မွလာေသာ တိုင္ဖံုးမုန္တိုင္း အက်ြင္းအက်န္မ်ားမွလည္းေကာင္း ရရွိသည္ျဖစ္ရာ မုန္တိုင္းမည္သည့္ဘက္က လာသည္ ဆိုသည္မွာလည္း အေရးျကီးေသာအခ်က္တစ္ခု ျဖစ္သည္။

ေရဆင္းဧရိယာ ပံုသ႑န္ အမ်ိဳးမ်ိဳးရွိရာ အခ်ိဳ႔မွာ ရွည္ေမ်ာေမ်ာ (Elongate) ပံုစံရွိသကဲ့သို႔ အ၀ိုင္း (Round) ပံုစံလည္းရွိတတ္သည္။

(က) ရွည္ေမ်ာေမ်ာပံု (ခ) အ၀ိုင္းပံု

 

ေရဆင္းဧရိယာ ရွည္ေမ်ာေမ်ာ ပံုစံရွိေသာ ေခ်ာင္းတစ္ခုတြင္မိုးရြာသြန္းသည့္အခါ မုန္တိုင္း လမ္းေျကာင္းသည္၊ ေခ်ာင္း၏အထက္မွေအာက္သို့လား၊ ေအာက္မွအထက္သို့လား၊ အလယ္မွျဖတ္သြားသလား စသည္တို႔အေပၚ မူတည္၍ ေရျကီးမွဳပံုစံကြဲျပားျကသည္။ အ၀ိုင္းပံုစံရွိေသာ ေခ်ာင္းတစ္ခုတြင္ မိုးျကီးပါက လွ်ပ္တစ္ျပက္ေရျကီးမွဳကို ျဖစ္ေပၚေစႏွိင္သည္။ အထင္ရွားဆုံး ဥပမာမွာ မင္းဘူးခရုိင္ရွိ ေရွြစက္ေတာ္ဘုရားတည္ရွိရာ မန္းေခ်ာင္း၏ ေရဆင္းဧရိယာသည္ အ၀ိုင္းပံုသ႑န္ျဖစ္ပါသည္။

( ၂-ခ ) ေခ်ာင္းေျမာင္းတို့၏ ေရစီးဆင္းမွဳပံုစံ

ေခ်ာင္းေျမာင္းတို့၏ ေရစီးဆင္းမွဳပံုစံအမ်ိဳးမ်ိဳးရွိေသာ္လည္း အဓိကအားျဖင့္ အျမဲတန္းရာသီမေရြးစီးဆင္း ေနေသာ (Ephemeral Stream) အမ်ိဳးအစားႏွင့္ အျမဲတန္းလိုလို ေျခာက္ေသြ့ေနျပီး တခါတရံမွသာ စီးဆင္းေသာ ေခ်ာင္းေျခာက္ (Intermittent Stream ) အမ်ိဳးအစားတို႔ျဖစ္ျကသည္။ ပထမအမ်ိဳးအစားသည္ ေရအျမဲ စီးဆင္း ေနသျဖင့္ တံတားမ်ားေဆာက္လုပ္ထားရာ သတိထား ျဖတ္သန္း ျကသျဖင့္ အႏၲရာယ္ မေတြ႔ႏွိင္ေသာ္လည္း၊ ဒုတိယအမ်ိဳး အစားတြင္မူ ေခ်ာင္းက်ယ္ေသာ္လည္း တံတားမ်ား မရွိျခင္း၊ ထို့ျပင္ ကားလမ္းရွိသည့္ေခ်ာင္း ငယ္ျဖစ္ပါကလည္း ေရေက်ာ္ (Causeway) အျဖစ္သာ ထားရွိျခင္းစသည္တို့ေျကာင့္ လွ်ပ္တစ္ျပက္ေရျကီးမွဳ အႏၲရာယ္ႏွင့္ ေတြ႔ျကံဳရတတ္ပါသည္။

၃ ။ လ်ွပ္တစ္ျပက္ေရျကီးမွဳ ျဖစ္ေပၚခဲ့သည့္ ေနရာေဒသမ်ား

လ်ွပ္တစ္ျပက္ ေရျကီးမွဳမ်ားသည္ ျမန္မာ ျပည္အလယ္ပိုင္းတြင္ အမ်ားအားျဖင့္ ေတြ႔ျကံဳရတတ္ျပီး၊ စစ္ကိုင္းတိုင္း မေကြးတိုင္း ႏွင့္မႏၲေလးတိုင္းတို႔အတြင္းေတြ႔ျကံဳ ရတတ္သည္။ သို့ရာတြင္ အျခားတိုင္းႏွင့္ ျပည္နယ္္းမ်ားျဖစ္ေသာ ပဲခူး၊ကခ်င္၊၊မြန္ စသည္တို့တြင္လည္း ျကံဳရသည္ကို ေတြ႔ရွိရသည္။ ျဖစ္ပ်က္ခဲ့ေသာ ထင္ရွားသည့္ လ်ွပ္တစ္ျပက္ေရျကီးမွဳမ်ားကို ေနာက္ဆက္တြဲစာရင္း (က) တြင္ေဖၚျပထားပါသည္။

၄။ လ်ွပ္တစ္ျပက္ေရျကီးမွဳႏွင့္ ပတ္သက္၍ သတိျပဳသင့္သည့္ အ ခ်က္မ်ား

(က) လ်ွပ္တစ္ျပက္ေရျကီးမွဳျဖစ္ေပၚတတ္သည့္ေခ်ာင္း (သို႔မဟုတ္) ေရေက်ာ္ (Causeway) ေနရာတို့သို႔ မေရာက္ခင္ (၁)မိုင္ခန္႔အလိုတြင္ သတိေပးဆိုင္းဘုတ္ရွိသျဖင့္ သတိျပဳျဖတ္ေက်ာ္ရမည္။ သတိေပးဆိုင္းဘုတ္မရိွ ပါက နမူနာ ဆိုင္းဘုတ္ပါအတိုင္း စိုက္ထူသင့္ပါသည္။ ေရာက္ရွိသည့္အခါ ေခ်ာင္း၏ ဘယ္ညာ အေျခအေနကို ျကည့္ရွဳျပီး ခပ္သြက္သြက္ ျဖတ္ကူးရန္ျဖစ္ပါသည္။

(ခ) ျဖတ္ကူးမည့္ေခ်ာင္း အထူးသျဖင့္ ေခ်ာင္းေျခာက္မ်ားအတြင္း သို့မဟုတ္ အနီးအနားတြင္၊ ေခ်ာင္းအတြင္း၊ ေရရွိသည္ျဖစ္ေစ ေရမရွိသည္ျဖစ္ေစ ညအိပ္ညေန ရပ္နားျခင္း၊ ေခတၱနားေနျခင္း၊ ပစၥည္းမ်ားထားသိုျခင္း၊ ယာယီတဲမ်ားေဆာက္ျပီး ေခတၲေနထိုင္ျခင္း၊ ဆိုင္ဖြင့္ျခင္း စသည္တို႔မျပဳလုပ္သင့္ပါ။ လ်ွပ္တစ္ျပက္ေရျကီးမွဳသည္ မေျမွာ္လင့္ေသာအခ်ိန္တြင္ ေရာက္ရွိလာတတ္သည္။

(ဂ) လ်ွပ္တစ္ျပက္ေရျကီးေနခ်ိန္ ေရစပ္တြင္ေသာ္လည္းေကာင္း၊ ေခ်ာင္းစပ္ေရထဲတြင္ေသာ္လည္းေကာင္း ရပ္မေနသင့္ေပ။ ေရ၏စီးဆင္းမွဳမွာ လြန္စြာျပင္းထန္သျဖင့္ ေတြ႔သမွ်ကို ဆြဲယူသြားသည့္အျပင္ ေခ်ာင္းျကမ္းျပင္တေလ်ာက္ သဲ၊နဳန္း၊ေျမျကီး၊ေက်ာက္တံုး စသည္ တို့ကိုပါတိုက္စားသြားတတ္ရာ ေရနက္အိုး (Scour Hole) ျဖစ္ေပၚေနတတ္သျဖင့္ ျမင္းႏွင့္ အေျပးျဖတ္ကူးသည့္တိုင္ ေျခေထာက္တစ္ေခ်ာင္းက်န္ေန၍ လူေရာ ျမင္းပါအသက္ ဆုံးရွဳံးရ ေျကာင္း ေျပာစမွတ္ရွိပါသည္။ ေရျကီးသည့္အခ်ိန္ ေခ်ာင္းျကမ္း ျပင္တေလ်ာက္တိုက္စားႏွိင္ေသာ ေရစားအနက္ (Scour Depth) ကိုတြက္ခ်က္ႏွိင္ျပီး ယင္းအနက္၏ ေအာက္ေရာက္သည္အထိ အုတ္ျမစ္ခ်ထားျခင္းမရွိသည့္ တံတားမ်ား ျပိဳက်ႏွိင္သျဖင့္ တံတားေပၚတြင္္ ေရျကီးခ်ိန္ ျကာရွည္စြာရပ္နား ထားျခင္းလည္းမျပဳသင့္ေပ။

(ဃ) လွ်ပ္တစ္ျပက္ေရျကီးမွဳ၏ ျဖစ္ေပၚႏွိင္သည့္ အႏၲရာယ္ကို ေလ်ာ့မတြက္သင့္ေပ။ အေမရိကန္နင္ငံ၏ ေလ့လာ ခ်က္တစ္ခုအဆိုအရ ကားေမာင္းးရင္း အသက္ဆံုးရွဳံးမွဳ၏ (၅၀%) မွာ `ေမာ္ေတာ္ယာဥ္ျဖင့္လွ်ပ္တစ္္ျပက္ ေရျကီးမွဳအတြင္း ျဖတိသန္းျခင္းေျကာင့္ ျဖစ္ေျကာင္းသိရွိရပါသည္။ အေျကာင္းမွာ ယာဥ္ေမာင္း၏စီတ္ထဲတြင္ ရာသီဥတု သာယာေနသျဖင့္ ျဖတ္ကူးျကသည့္အခါ မေျမွာ္လင့္သည့္ ေရလံုးျကီးသည္ စကၠန္႔ပိုင္းအတြင္း သစ္ပင္သစ္ငုတ္မ်ား၊ ေက်ာက္တံုး ေက်ာက္ခဲမ်ားႏွင့္အတူ တိုက္စားလိုက္ပါလာရာ ေရွာင္တိမ္းရန္ လြန္စြာေနာက္က်သြားတတ္၏။ ကမ္းႏင့္သိပ္မေ၀းလွ်င္ အေျခအေနကိုျကည့္ျပီး ေရစုံဘက္ရွိ ကားတံခါးကိုဖြင့္ကါ ကားကိုကြယ္ျပီး စိတ္ရွည္စြာ ေစာင့္ဆိုင္းသင့္ပါသည္။ လွ်ပ္တစ္ျပက္ေရျကီးမွဳသည္ အခ်ိန္တိုေတာင္းစြာျဖစ္တတ္ျပီး ေရျပန္က်မွဳျမန္ဆန္သျဖင့္ စိတ္ခ်ရမွသာ နီးရာကမ္းသို့ ျပန္ကူးသင့္ပါသည္။

လွ်ပ္တစ္ျပက္ေရျကီးမွဳတြင္ ေရအနက္အနည္းငယ္ပင္ အႏၲရာယ္ရွိေျကာင္း ေအာက္ပါ ဇယားကိုေလ့လာပါက သိရွိႏွိင္ပါသည္။

လွ်ပ္တစ္ျပက္ေရျကီးမွဳတြင္ ေရအနက္ႏွင့္ ျဖတ္ကူးေသာ ယာဥ္မ်ား၌ ေတြ႔ျကံဳႏွိင္သည့္အေျခအေန

စဥ္

ေခ်ာင္းအတြင္းခန္႔မွန္းေရအနက္

ေခ်ာင္းအတြင္း ယာဥ္မ်ားေမာင္းပါက ေတြ႔ျကဳံႏွိဳင္သည့္ အေျခအေန

မွတ္ခ်က္

၆ လက္မ

အိမ္စီးစလြန္း၊ဗင္ စသည့္ကားငယ္မ်ား၏ ျကမ္းခင္းကိုေရ ထိႏွိင္သည္။ ကားေမာင္းပါက ထိမ္းရခက္ကါ ဟိုရိမ္းဒီယိုင္ျဖစ္ႏွိင္သည္။

ကိုးကါး ။ ။ Federal Emergency Management Agency (FEMA), USA

၁ ေပ

အိမ္စီးဆလြန္း၊ဗင္ စသည့္ကားငယ္ အမ်ားစုသည္ ေရေပၚ တြင္ ေပါေလာ ေျမာေနျပီး ထိမ္းသိမ္းမရေတာ့ေပ။

၂ ေပ

ပစ္ကပ္ကားမ်ား၊ ၀က္ဂြန္္ကားမ်ား၊ SUV ကားမ်ား ႏွင့္ အလားတူကားမ်ားသည္ ထိမ္းသိမ္းမရေတာ့ဘဲ ေရစီး ေနာက္သို႔ ပါသြားႏွိင္သည္။

၂ ေပ အထက္

ထရပ္ ႏွင့္လူစီးကား အပါအ၀င္ ကုန္တင္ကားျကီးမ်ားသည္ လြတ္ေလာက္သည္အထင္ႏွင့္ ျဖတ္ကူးသည္လည္း ရွိ၏။ သို႔ေသာ္ ေရနက္သျဖင့္မွန္းဆရခက္ကာ ေျမမာလမ္း ေျကာင္းမွ တိမ္းေခ်ာ္ျပီး ေျမေျပာ့ကို နင္းမိသည္ႏွင့္ ကားတိမ္းေစာင္းသြားျပီး ေမွာက္ႏွိင္သည္။

(င) လွ်ပ္တစ္ျပက္ေရျကီးမွဳ၏ အႏၲရာယ္ကို ေလ်ာ့ခ်ႏွိဳင္ရန္ ေခ်ာင္း၏ အထက္ပိုင္း သင့္ေတာ္သည့္ေနရာတြင္ ေရေလွာင္တမံ တစ္ခုကိုတည္ေဆာက္ေပးျခင္းအားျဖင့္ ေရျကီးမွဳျဖစ္ပါက ယာယီအားျဖင့္ ေခတၠခဏ ထိန္းသိမ္းထားႏွိင္သည္။ ေရေလွာင္တမံ ကန္ေရျပည့္မွသာ ေရပိုလွြဲေပၚက ေက်ာ္က်သျဖင့္ ေရျကီးမွဳကိုု ေလ်ာ့ခ်ႏွိင္သကဲ့သို့ အခ်ိန္ကိုလည္း ဆြဲထားႏွိင္သည္။ ထိုသို႔အခ်ိန္ရသျဖင့္ တမံေအာက္ဘက္ေန ျပည္သူမ်ား ျကိဳတင္ျပင္ဆင္ခ်ိန္ရႏွိင္ျခင္း၊ ေရွာင္ရွားႏွိင္ျခင္းစသည္တို႔ကို ေဆာင္ရြက္ႏွိင္ပါသည္။

၅။ လ်ွပ္တစ္ျပက္ေရျကီးမွဳႏွင့္ ပတ္သက္၍ ျကိဳတင္ ေဆာင္ရြက္ထားသင့္သည့္ အ ခ်က္မ်ား

လ်ွပ္တစ္ျပက္ေရျကီးမွဳမ်ားသည္၊ ျဖစ္တတ္ေသာေနရာေဒသရွိ ေခ်ာင္းေျမာင္းမ်ားတြင္ ထပ္မံ၍ ျကံဳေတြ႔ရ တတ္သည္ကို သတိျပဳရမည္ျဖစ္သည္။ ဥပမာအားျဖင့္ မန္းေခ်ာင္း ေရြွစက္ေတာ္ဘုရားတြင္ ႏွစ္ေပါင္း (၃၀) ခန္႔ျကာျပီးေနာက္တစ္ျကိမ္ ထပ္မံ၍လည္းေကာင္း၊ ပခုကၠဴ ေရွြေခ်ာင္းတြင္ (၇) ႏွစ္ ခန္႔ျကာျပီးေနာက္တစ္ျကိမ္ ထပ္မံ၍လည္းေကာင္း၊ မိတၦီလာ ေလ်ွာ္ပင္ေခ်ာင္းတြင္ (၁၅) ႏွစ္ ျကာျပီးေနာက္တစ္ျကိမ္ ထပ္မံ၍လည္းေကာင္း၊ ျဖစ္ပ်က္ခဲ့သည္။ အမ်ားအားျဖင့္ ပထမအျကိမ္ျဖစ္စဥ္က အထိနာတတ္ျပီး၊ ဒုတိယအျကိမ္တြင္မူ သတိရွိျပီးျဖစ္ေန၍ ျကိုတင္စီစဥ္ထားႏွိင္သည့္အခ်က္မ်ားကို ေဆာင္ရြက္ထားႏွိင္သျဖင့္ ထိခိုက္မွဳ ေလ်ာ႔နည္းမွဳရွိေျကာင္းေတြ႔ရွိ ရပါသည္။

လ်ွပ္တစ္ျပက္ေရျကီးမွဳျဖစ္တတ္သည့္ ေခ်ာင္းေျမာင္းအနီးတြင္ေနထိုင္ပါက၊ ေနအိမ္ကို ဆင့္ထိုး၍ ေနထိုင္ သင့္သည္။ ထို႔ျပင္ ေခါင္မိုးကို သင့္ေတာ္ေသာအျမင့္တြင္ မိုးထားျခင္းအားျဖင့္ ေရရုတ္တရက္တက္လာပါက ဆင့္တစ္ခု ထပ္ထိုးျပီး လူမ်ားတက္ေရာက္ေနႏွိင္ေပသည္။ အေရးေပၚအေျခအေနတြင္ အမိုးကိုခြာျပီး ထြက္ႏွိင္ေအာင္လည္း စီစဥ္ထားသင့္သည္။

ရာသီဥတုေျပာင္းလဲမွဳ ျဖစ္စဥ္ေျကာင့္ လ်ွပ္တစ္ျပက္ေရျကီးမွဳမ်ားကို ျကံဳေတြ႔ႏွိင္သည္ျဖစ္ရာ ေတာင္ေျခ သို့မဟုတ္ ေတာင္ေစာင္းတြင္ အိမ္ေဆာက္ေနထိုင္ျကျပီး အနီးအနားတြင္ ေသးငယ္ေသာေခ်ာင္းပင္ ျဖစ္ေစ၊ ေတာင္ေစာင္းမွ စီးဆင္းလာေသာ ေခ်ာင္းျဖစ္ပါက သတိျပဳေနထိုင္ရန္လိုအပ္ပါသည္။ လွ်ပ္တစ္ျပက္ေရျကီးမွဳ ျဖစ္သည့္အခါ ေက်ာက္တံုး ေက်ာက္ခဲမ်ားကို တိုက္စားသယ္ေဆာင္ လာျပီး၊ ေခ်ာင္းေဘးတြင္ တည္ေဆာက္ထားေသာ အိမ္မ်ားအတြင္း ၀င္ေရာက္ဖ်က္စီးတတ္ေလသည္။ တခါတရံ ညဥ့္နက္သန္းေခါင္တြင္ အခ်ိန္တိုအတြင္း လ်ွပ္တစ္ျပက္ေရျကီးမွဳ ျဖစ္ေပၚတတ္သျဖင့္ ထြက္ေျပး လြတ္ေျမာက္ရန္ နည္းလမ္းကိုျကိဳတင္ တြက္ဆျပီး သတိျပဳ ေနထိုင္ သင့္ေပသည္။

လ်ွွပ္တစ္ျပက္ေရျကီးမွဳ သတိေပးဆိုင္းဘုတ္ကိုေတြ႕ရွိပါက ေန႔ေရာ ညပါ သတိျပဳျဖတ္သန္းရန္ လိုအပ္ပါသည္။ ယခုအခါ ျမန္မာျပည္ အလယ္ပိုင္း မေကြးတိုင္းတြင္ရွိ အေ၀းေျပး လမ္းမျကီးမ်ားတြင္ ေရေက်ာ္ (Causeway) မ်ားတည္ေဆာက္ထားရာ မျကာခဏ လ်ွွပ္တစ္ျပက္ေရျကီးမွဳမ်ားႏွင့္ ေတြ႔ျကံဳရတတ္သျဖင့္၊ ဂ်ပန္အေဆာက္ အအုံ မိတ္ဘက္အဖြဲ႔ (Japan Infrastructure Partners) ၏ အကူအညီျဖင့္ ေရျမဳပ္ခံတံတားမ်ား (Submersible Bridge) တည္ေဆာက္ေပးေနသည္္ဟု သိရွိရသည့္အတြက္ မ်ားစြာ အက်ိဳး ျပဳမည္ဟု ထင္ျမင္မိပါေျကာင္း တင္ျပအပ္ပါသည္။