Flood Disasters ရေဘေး အန္ထရာယ်

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်သော ရေကြီးရေလျှံမှုများအကြောင်း ပါမောက္ခဦးမောင်မောင်အေးနှင့် တွေ့ဆုံမေးမြန်းခြင်း

ON JANUARY 7, 2022 BY UKYAWOOIN CLIMATE CHANGE, FLOODS

မြန်မာနိုင်ငံပထဝီဝင်အသင်း၏ ဦးဆောင်နာယက၊ အမျိုးသားပညာရေးမူဝါဒကော်မရှင် အဖွဲ့ဝင်၊ မြန်မာ့ပတ်ဝန်းကျင်သိပ္ပံ၏ ပဓာနအကြံပေးပုဂ္ဂိုလ်၊ မြန်မာနိုင်ငံ အမျိုးသားရေအရင်းအမြစ် ကော်မတီ အကြံပေးအဖွဲ့ဝင် ပါမောက္ခ ဦးမောင်မောင်အေးအား မြန်မာနိုင်ငံပထဝီဝင်အသင်းက မြန်မာ့ရေကြီးရေလျှံမှုများအကြောင်း ၂၀၁၈ ခုနှစ်က တွေ့ဆုံမေးမြန်းခဲ့ပါသည်။

အဆိုပါ တွေ့ဆုံမေးမြန်းချက်ကို ဆရာဦးမောင်မောင်အေး၏ ခွင့်ပြုချက်ဖြင့် စာချောအောင် အနည်းငယ်တည်းဖြတ်ပြီး ဝေမျှပါသည်။

မေး (၁) မြန်မာနိုင်ငံ ပြည်နယ်နဲ့တိုင်းဒေသကြီးအချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့ အခြေအနေကို သုံးသပ်ပေးပါဆရာ။

ဖြေ (၁) မြစ်ဝှမ်းအပေါ်ပိုင်းတွေမှာ ဆက်တိုက် အားကောင်းမောင်းသန် မိုးရွာချတဲ့အခါ မြစ်ရေကြီးခြင်း စဖြစ်တာပါပဲ။ ဧရာဝတီမြစ်ဝှမ်းကို ကြည့်မယ်ဆိုရင် မြောက်ဖျားပိုင်းက ရွာတဲ့မိုးက အဓိကဖြစ်ပါတယ်၊ မြစ်ဖျားပိုင်းကစပြီး တဖြည်းဖြည်းနဲ့ အောက်ဘက်ကို ဆင်းလာတာ။ ထူးခြားတာက အခု ဧရာဝတီ တိုင်းဒေသကြီးဘက်မှာ ရေကြီးတဲ့အသံ သိပ်မကြားရသေးပါဘူး၊ လာတော့ လာမယ်၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ကျတော့ စက်တင်ဘာ အောက်တိုဘာလတွေမှာ ရေကြီးရေလျှံ ယေဘုယျ ဖြစ်တတ်တယ်။

အခုက စစ်တောင်းမြစ်ဝှမ်းမှာ ဖြစ်တယ်၊ မွန်ပြည်နယ် ဘီးလင်းချောင်းမှာ ဖြစ်တယ်၊ နောက်ပြီး သံလွင်မြစ် အောက်ပိုင်းမှာ စီးဝင်နေတဲ့ လက်တက်တွေရော။ အဲဒီဒေသမှာ မိုးဆက်တိုက်ရွာတော့ မြစ် (ချိုင့်ဝှမ်း) ထဲမှာ ရေထုထည်ပမာဏ အများကြီးဝင်နေတယ်။ ခေါင်ရေတက်တဲ့ ရေထရက်နဲ့လည်း တိုက်နေတော့ ပင်လယ်ရေက တောင့်ခံထားတဲ့အတွက် ကမ်းလုံးပြည့်အဆင့်ကို လွန်ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်တာ တွေ့ရတယ်။ စံချိန်တင်မိုးကြောင့် ရေနစ်မြုပ်တာတွေ ဖြစ်တယ်။ လယ်မြေတွေ ဧကထောင်ချီပြီး နစ်မြုပ် ပျက်စီးရတယ်။ ကားလမ်းတွေ ရေကျော်တယ်၊ တံတားတွေ ရေတိုက်စားခံရတယ်။ အဲဒီ ရေကြီး နစ်မြုပ်မှုကြောင့် မြန်မာနိုင်ငံမှာ ဆုံးရှုံးမှုတွေ အများကြီး ဖြစ်တယ်။ ပဲခူးမြစ်ဆိုရင် ၉၆၈ စင်တီမီတာ သို့မဟုတ် ၃၁ . ၇၆ ပေလောက် တက်တယ်ဆိုတာ ၅၄ နှစ်အတွင်းမှာ စံချိန်ကျိုးတာပါပဲ။

အဲဒီလိုပဲ မြန်မာနိုင်ငံ တစ်နေရာမဟုတ် တစ်နေရာမှာ ရေကြီးရေလျှံတာတွေကို နှစ်စဉ်တွေ့နေရတယ်။ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းကလည်း ဒီလိုပဲ၊ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ ရေဘေးဒုက္ခ အများကြီး ကြုံခဲ့ရတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုအနက်မှာ ၁၂ ခုလောက်မှာ ထိခိုက်မှုတွေ ရှိခဲ့တယ်။ တစ်နိုင်ငံလုံး နီးပါး ဖြစ်သွားတယ်။ အခုလောလောဆယ်ဆယ် ရရှိထားတဲ့စာရင်းဇယားအရ ဇူလိုင်လမှာ ရွာတဲ့မိုးကြောင့် ထိခိုက်ခံစားရတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ခုနစ်ခုလောက် ရှိသွားပြီ။ အထူးသဖြင့် ပြည်နယ်တွေထဲက မွန်၊ ရခိုင်၊ ကရင်၊ တိုင်းဒေသကြီးထဲမှာက ပဲခူး၊ ရန်ကုန်နဲ့ မန္တလေးတိုင်း ဒေသကြီးတွေမှာပါ။

မေး (၂) နှစ်စဉ် တစ်နေရာမဟုတ် တစ်နေရာဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ရတဲ့ အဓိက အကြောင်းရင်းတွေကို ရှင်းပြပေးပါဆရာ။

ဖြေ (၂) အဓိကအကြောင်းက မိုးရွာသွန်းခြင်းပါပဲ။ မြန်မာနိုင်ငံမှာ ဇွန်လပိုင်းကနေ အောက်တိုဘာလပိုင်းကို ကြည့်ရင် ရေကြီးမှုဖြစ်တဲ့ ကြိမ်နှုန်းက ဇွန်လမှာ ၆ ကြိမ်၊ ဇူလိုင်လမှာ ၂၃ ကြိမ်၊ သြဂုတ်လမှာ ၄၉ ကြိမ် အသီးသီးဖြစ်လေ့ရှိတယ်။ သြဂုတ်လမှာ အများဆုံးပေါ့။ စက်တင်ဘာရောက်ရင် ၁၄ ကြိမ်လောက် ပြန်ဖြစ်သွားတယ်၊ မိုးဦးနဲ့စာရင် စက်တင်ဘာ ရေလွှမ်းမိုးမှုက များသေးတယ်၊ အောက်တိုဘာ ရောက်ရင် ၈ ကြိမ်လောက်ပဲ ရှိတော့တယ်။ မိုးနှောင်းကာလ ဖြစ်သွားပြီ။ အကြမ်းဖျင်း ပြောပြတာပါ။ အဓိကကတော့ မိုးရွာသွန်းမှု ပိုမိုများပြားလို့ ဖြစ်တာပါ။

ယေဘုယျအားဖြင့် မြန်မာနိုင်ငံက အပူပိုင်းမုတ်သုံရာသီဥတု၊ တစ်နိုင်ငံလုံးရဲ့ ပျမ်းမျှ မိုးရေချိန်က ၉၃ လက်မ (၂၃၆ . ၂၂ စင်တီမီတာ)လောက် ရှိတယ်၊ ဥတုအလိုက် ဒေသအလိုက် ကွဲပြားမှုတော့ ရှိတယ်။ မြန်မာနိုင်ငံ မြစ်တွေချောင်းတွေမှာ စီးဆင်းတဲ့ ရေအရင်းအမြစ်က တစ်နှစ်တစ်နှစ်ကို ပျမ်းမျှ ၁၀၈၂ ကုဗကီလိုမီတာ၊ ဂါလန်အနေနဲ့ သန်းပေါင်း ၃၅၀ လောက် ရှိတယ်။ မြန်မာနိုင်ငံမှာ ရေသယံဇာတ အလွန်ကြွယ်ဝတယ်။

မြန်မာနိုင်ငံမှာဖြစ်တဲ့ သဘာဝဘေးအန္တရာယ်တွေထဲမှာ မီးဘေးကြောင့် ဆုံးရှုံးရတာ အများဆုံးပါ။ ဒုတိယ ကတော့ ရေကြီးရေလျှံမှုကြောင့်ပါပဲ။ မြန်မာနိုင်ငံမှာ မြစ်ရေခန့်မှန်းခြင်းကို စတင်ပြီး ဆောင်ရွက်တာ ၁၉၆၆ ခုနှစ် ဇွန်လ ၁ ရက်နေ့မှာ ဖြစ်ပါတယ်၊ ဖွံ့ဖြိုးပြီးနိုင်ငံများထက် နောက်ကျတာပေါ့၊ အဲဒီအချိန်ကစပြီး မြန်မာနိုင်ငံမှာ စိုးရိမ်ရေအမှတ်၊ မြစ်ရေကြီးခြင်း သတိပေးထုတ်ပြန်ကြေညာမှုတွေကို မကြာခဏ တွေ့ရတယ်။ အခု လောလောဆယ် ဖြစ်နေတာက သဘာဝဘေးအန္တရာယ်အဆင့်ကို ကျော်သွားပါပြီ။ သဘာဝဘေးဒုက္ခ ဖြစ်နေတာပါ။ အသက်အိုးအိမ် စည်းစိမ်တွေကိုပါ ထိခိုက်လာနေပါတယ်။ နိုင်ငံတော်အဆင့် ကူညီမှုတွေ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြရပါတယ်။

မေး (၃) ရေကြီးရေလျှံမှုဖြစ်စဉ်တွေက အမျိုးမျိုးကွဲပြားတယ်လို့ သိရပါတယ်။ ကျေးဇူးပြု၍ ရှင်းပြပေးပါ ဆရာ။

ဖြေ (၃) ရေကြီးခြင်းသုံးမျိုးလောက် တွေ့ရတယ်။ (၁) ဒေသကျယ်ရေကြီးခြင်း၊ (၂) လျှပ်တပြက် ရေကြီးခြင်းနှင့် (၃) မုန်တိုင်းနဲ့အတူပါလာတဲ့ လှိုင်းလုံးကြီးများကြောင့် ရေကြီးခြင်းတွေပါ။

မေး (၄) ဒေသကျယ်ရေကြီးခြင်းဆိုတာက ဘယ်လိုနေရာတွေမှာ ဖြစ်ပါသလဲ ဆရာ။

ဖြေ (၄) ဒေသကျယ်ရေကြီးခြင်းက မြစ်ဝှမ်းဧရိယာ အရွယ်အစားကြီးမားတဲ့ မြစ်တွေမှာ ဖြစ်လေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်နဲ့ ပဲခူးမြစ်ဝှမ်းတွေမှာ ဖြစ်တတ်တယ်။ဒေသကျယ်ရေကြီးပြီဆိုရင် မြေနိမ့်လွင်ပြင် မြေပြန့်လွင်ပြင်တွေ ရေမြုပ်တယ်၊ ရေမြုပ်တဲ့ ဧရိယာက တော်တော်လေး ကျယ်ပြန့်ပါတယ်၊ ရေမြုပ်ချိန်လည်း ပိုပြီးကြာတတ်တယ်။ ဒေသကျယ် ရေကြီးခြင်းက နှစ်စဉ်ဖြစ်လေ့ဖြစ်ထတော့ မရှိဘူး။ ငါးနှစ်တစ်ကြိမ် ၁၀ နှစ်တစ်ကြိမ်၊ ၁၅ နှစ်တစ်ကြိမ် စသဖြင့်တော့ ရှိတယ်။ သူကရုတ်တရက် ရေကြီးတာမျိုမဟုတ်ဘူး။ ဒေသကျယ်ရေကြီးခြင်းကို မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနက ကြိုတင်ခန့်မှန်း တွက်ချက်သိရှိနိုင်ပါတယ်။

မေး (၅) လျှပ်တစ်ပြက်ရေကြီးခြင်းကိုလည်း ရှင်းပြပေးပါ ဆရာ။

ဖြေ (၅) လျှပ်တစ်ပြက်ရေကြီးခြင်းကတော့ သိပ်ပြီးတော့ အလျားမရှည်တဲ့ မြစ်ငယ်၊ ချောင်းငယ်တွေမှာပဲ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အပူပိုင်းခြောက်သွေ့တဲ့ဒေသများမှာ တွေ့ရတတ်တယ်။ မိုး မရွာရင်လည်း အရှင်း၊ မိုးရွာရင်လည်း ဒလဟောရွာတဲ့အခါ လျှပ်တစ်ပြက်ရေကြီးခြင်းကို ဖြစ်စေတယ်။ ထိုဖြစ်စဉ်တွေက နှစ်စဉ်လည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေ တောင်ပေါ်ကရေတွေ ကျဆင်းပြီး နာရီပိုင်း အတွင်း ရေလွှမ်းတာတွေ ရှိတတ်တယ်၊ ကြိုတင်သိရှိဖို့ရန် မလွယ်ကူတဲ့အတွက် ပြင်ဆင်ဖို့ မလွယ်ပါဘူး။ ရေမြုပ်တဲ့အချိန်လည်း သိပ်ပြီးမကြာပါဘူး။ ဒါပေမယ့် ကာကွယ်ချိန်မရတော့ ဆုံးရှုံးမှု ပိုများပါတယ်။

အခု ရေကြီးတဲ့ဘီးလင်းချောင်းမှာဆိုရင် သူ့ရဲ့ရေဆင်းချိုင့်ဝှမ်းပေါ် မိုးရွာအပြီး ရေတွေ ဒလဟော ဆင်းလာတယ်၊ ဒီချောင်းတွေက တိုတောင်းတဲ့အတွက်ကြောင့် ရေအားက အရှိန်နဲ့ဝင်လာတယ်၊ ရေမျက်နှာပြင် ကမ်းလုံးပြည့်တဲ့အဆင့်ကို ခပ်မြန်မြန်ရောက်သွားပြီး မြစ်ကမ်းတစ်ဖက်တစ်ချက်က လူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေတယ်။

အရှိန်ပြင်းပြင်းနဲ့ ဒလဟောစီးဆင်းလာတဲ့ ရေကြောင့် တာတမံတွေ ကျိုးပေါက်နိုင်တဲ့ အနေအထားမျိုးအထိ ဖြစ်သွားတယ်၊ တချို့တာတမံတွေဆိုရင် မလွဲမသွေဖောက်ချရတာမျိုးတောင် ရှိကောင်း ရှိလာနိုင်တယ်။ တာတမံတွေ ကျိုးပေါက်တာအပြင် ရေစီးအရှိန်ကြောင့် တံတားတွေ မျောပါသွားတာတို့၊ လမ်းမြေသား ကျွံတာတို့၊ မြေပြိတာတို့လည်း ဖြစ်တတ်ပါတယ်။

ဒါတွေက လျှပ်တစ်ပြက်ရေကြီးခြင်းကြောင့် အချိန်တိုအတွင်း ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်များ(processes) ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ လျှပ်တစ်ပြက်ရေကြီးခြင်းကို မိုးကြိုကာလဖြစ်တဲ့ ဧပြီလ၊ မေလနဲ့ မိုးနှောင်းကာလ စက်တင်ဘာလ၊ အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေအထိ ဖြစ်တတ်ပါတယ်။

နောက်တစ်ခုသတိထားရမှာက ဒီနှစ်မိုးခေါင်ပြီး နောက်နှစ် မိုးများလာရင် ယခင်နှစ်က နူးမွနေတဲ့ မြေသားတွေက ဒလဟောရွာချတဲ့ မိုးရေနဲ့အတူ ပျော်ဆင်းသွားပြီး မြေဆီလွှာဆုံးရှုံးမှုတွေ ဖြစ်ပေါ်တတ်တယ်။ ထိုမြေဆီလွှာတွေဟာ ရေစီးနဲ့အတူပါသွားပြီး ချောင်းတွေ၊ မြစ်တွေထဲမှာ သွားပြီး စုပုံနေတတ်တယ်။ အဲဒီအခါကျရင် ချောင်းတွေ၊ မြစ်တွေ တိမ်လာတယ်။ မြစ်ကြမ်းပြင်တွေ မြင့်တက်လာတယ်၊ မြစ်ကြမ်းပြင် မြင်လာတော့ ရေမျက်နှာပြင်တွေကလည်း လိုက်မြင့်တက်ပြီး ရေကြီးရေ လျှံမှုတွေကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ဒါကြောင့် မိုးခေါင်တဲ့နှစ်အပြီး နောက်တစ်နှစ် လျှပ်တစ်ပြက်ရေကြီးပြီ ဆိုရင် အဲဒီလျှပ်တစ်ပြက်ရေကို ခုခံစွမ်းအင်လျော့ပါးနေတော့ ပျက်စီးဆုံးရှုံးမှုတွေ ပိုဖြစ်တတ်တာကို သတိထားဖို့ လိုပါတယ်။

မေး (၆) မုန်တိုင်းကြောင့် ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်လာရတဲ့အကြောင်းကိုလည်း ရှင်းပြပေးပါဆရာ။

ဖြေ (၆) မုန်တိုင်းကြောင့် ရေလွှမ်းတာကတော့ ပင်လယ်ကမ်းရိုးတန်းဒေသများရှိ မြစ်ဝတွေ၊ ချောင်းဝတွေ မှာ ဖြစ်တတ်ပါတယ်၊ နှစ်စဉ်တော့ မဖြစ်ပါဘူး။ ပြင်းထန်တဲ့မုန်တိုင်းကြီးတွေ ကျရောက်မှသာ အလွန်ကြီး မားတဲ့ လှိုင်းလုံးကြီးတွေက ၎င်းင်းတို့ထိစပ်ရာ မြစ်ဝတွေ၊ ချောင်းဝတွေကနေတဆင့် ကုန်းတွင်းကို ဝင်ရောက်လာတာပါ။ မုန်တိုင်းနဲ့အတူ ဖြစ်ပေါ်လာတဲ့ ပင်လယ်ရေလွှမ်းတာကတော့ မုန်တိုင်းလာတာကို မှန်း လို့ရရင် ကြိုပြီး သိနိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ ၂၀၀၈ ခုနှစ်၊ မေလ ၃ ရက်နေ့မှာ ဝင်ရောက်လာခဲ့တဲ့ မုန်တိုင်းနာဂစ်နဲ့အတူ ပါလာခဲ့တဲ့ မုန်တိုင်းဒီရေကြောင့် လူတွေရဲ့ အသက်တွေ အမြောက်အမြား ဆုံးရှုံးခဲ့ရတာကို တွေ့ရမှာပါ။

မေး (၇) မြန်မာနိုင်ငံမှာ ထူးကဲတဲ့ရေကြီးရေလျှံမှုတွေက မကြာခဏ ဖြစ်လေ့ရှိပါသလား ဆရာ။

ဖြေ (၇) ထူးကဲတဲ့ ရေကြီးရေလျှံမှုတွေက မကြာခဏ ဖြစ်လေ့မရှိပါဘူး။ ၂၅ နှစ်၊ အနှစ် ၅၀ စသည်ဖြင့် ခြားခြားပြီး ဖြစ်တတ်တာမျိုးပါ။ ရာစုနှစ်တစ်ခုမှာ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံး လေးကြိမ် အဲဒါမျိုးပါ။ သဘာဝကလည်း သူ့စည်းချက်နဲ့သူ လာတာပါ။ ဒါကိုတော့ သတိထားဖို့ လိုအပ်ပါတယ်။

သက်တမ်းကြာလို့ ကြံ့ခိုင်မှုအားနည်းတဲ့ ရေကာတာတွေ၊ တာတမံတွေ၊ ရေလှောင်ကန်တွေ၊ ဆည်တွေဟာ ထူးကဲတဲ့ရေကြီးရေလျှံမှုတွေနဲ့ တွေ့ရင် ပျက်စီးကျိုးပေါက်နိုင်ပါတယ်။ မြေတွေကလည်း မိုးရေနဲ့နူးနေပြီး မိုးကြီးကြီးရွာတဲ့အခါ နူးမွနေတဲ့မြေတွေက ရေစီးနဲ့အတူ ပြိုဆင်းလာကြပါတယ်။

ထူးကဲတဲ့ရေကြီးရေလျှံမှုတွေကို လူအများက အတွေ့အကြုံနည်းတော့ ဘေးအန္တရာယ်ကို လျှော့ပေါ့ တွက်ဆထားရင် ဆုံးရှုံးမှုတွေ ပိုများတယ်။ မြစ်တို့ရဲ့သဘောသဘာဝ၊ ရေကြီးရေလျှံမှုတွေရဲ့ သဘော သဘာဝကို လူထုတွေနားလည်အောင် ပညာပေးဖို့ လိုပါတယ်။ စာသင်ကျောင်းတွေ၊ ရပ်ကွက် ကျေးရွာ မြို့နယ် ခရိုင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ သူ့အဆင့်နဲ့သူ ပညာပေးဟောပြောပွဲတွေကို လောက်လောက်လားလား ပြုလုပ်ပေးသင့်တယ်။ ကျွန်တော်တို့နိုင်ငံမှာ ဒီလိုပညာပေးမှုတွေ အများကြီး လိုအပ်ပါသေးတယ်။

မေး (၈) ရေကြီးမယ်ဆိုတာကို ကြိုတင်ခန့်မှန်းတွက်ချက်လို့ ရပါသလား ဆရာ။

ဖြေ (၈) မြစ်ရေခန့်မှန်းချက်အနေနဲ့ မြစ်ဝှမ်းဒေသကြီးတစ်ခုရဲ့ မြစ်ဖျားးပိုင်းဒေသတွေမှာဆို တစ်ရက် နှစ်ရက်လောက် ကြိုတင်ခန့်မှန်းလို့ ရနိုင်ပါတယ်။ မြစ်ဖျားစွန်းဒေသတွေမှာတော့ တစ်ရက်ထက်ပိုပြီး မခန့်မှန်းနိုင်ပါဘူး။ ချောင်းငယ်ကလေးတွေနဲ့ မြစ်ဝှမ်းငယ်လေးတွေ ဆိုရင်လည်း တစ်ရက်ထက်ပိုပြီး မတွက်နိုင်ပါဘူး။ နည်းပညာတွေ သိပ္ပံပညာတွေ တိုးတက်လာရင်တော့ ဒါ့ထက်ပိုပြီး ကြိုတင်ခန့်မှန်း လာနိုင်မှာပါ။

ကြီးမာကျယ်ပြန့်တဲ့ ရေဆင်းချိုင့်ဝှမ်းတွေမှာ၊ ဥပမာ – ဧရာဝတီမြစ်အောက်ပိုင်း မြို့ကြီးတွေအတွက်ဆို တစ်ပတ်၊ ဆယ်ရက်လောက် ကြိုတင်ပြီး ခန့်မှန်းနိုင်တဲ့ သဘောရှိပါတယ်။

ရေလွှမ်းမိုးမှုက အဆိုးရွားဆုံး ပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဘေးတစ်ခု ဖြစ်ပါတယ်။ သမိုင်းနဲ့ချီပြီး ဖြစ်ပါတယ်။ အားနည်းချက်က ရေကြီးမှုကြောင့် နစ်နာဆုံးရှုံးမှုကို အတိအကျ စာရင်းကောက်ယူနိုင်ခြင်း မရှိသေးပါဘူး။ ကယ်ဆယ်ရေးပစ္စည်းတွေပေးတာကတော့ ဝမ်းသာဂုဏ်ယူစရာပါပဲ။ ဒါပေမယ့် ကယ်ဆယ်ရေး ပစ္စည်းတွေ ပေးတာသက်သက်နဲ့တော့ ရေဘေးက နောက်ဆုတ်မသွားပါဘူး။ အချိန်တန်ရင် နှစ်တိုင်းနှစ်တိုင်း၊ တစ်နေရာမဟုတ် တစ်နေရာမှာ ရေကြီးမှုတွေက ပြန်လာတာပါပဲ။ ပစ္စည်းဆုံးရှုံးတာ အပြင် စိတ်ဒဏ်ရာရရှိမှုက ပိုဆိုးပါတယ်၊ မိုးဥတုရောက်တိုင်း ပူပင်သောကအပြည့်နဲ့ နေထိုင်ရတာ အဆိုးဆုံးပါပဲ။

မေး (၉) ရေကြီးနစ်မြုပ်မှုတွေမှာ တခြားသတိထားရမယ့်အချက်တွေကိုလည်း ပြောပြပေးပါ ဆရာ။

ဖြေ (၉) မြစ်ကမ်းပါးနှစ်ဖက်ရဲ့ ခိုင်ခံ့မှု အားနည်းလာတဲ့အတွက် ရေတောင် မတိုက်စားရသေးဘူး ရေတိုးလာတာနဲ့ ကမ်းပါးတွေ တိုက်စားပျက်စီးတာတို့၊ သဲနုန်းပို့ချတာတို့ကြောင့် မြစ်ချိုင့်ကြောင်းထဲမှာ ရေစီးဆင်းမှုပုံစံ ပြောင်းလဲသွားခြင်း၊ သဘာဝအလျာက် ရေနုတ်သိမ်းမှု အားနည်းခြင်းတွေကြောင့်လည်း ရေကြီးရေလျှံ ဖြစ်စေပါတယ်။

ရေလိုရင် ထည့်ပေး၊ ရေပိုလို့ရှိရင် နုတ်ပေးမယ့် ရေထိန်းဆည် ရေထိန်းတံခါးတွေ ကျိုးပေါက်တာကြောင့်လည်း ရေကြီးရေလျှံ ဖြစ်စေနိုင်ပါတယ်။

ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုကိုလည်း မေ့လို့မရပါဘူး။ မြန်မာနိုင်ငံမှာ မုတ်သုံအဝင်နောက်ကျတာ၊ အထွက်စောတာ၊ မုတ်သုံကာလနဲ့ မိုးဥတုတိုတောင်းသွားတာ၊ မိုးရွာရက်တွေ နည်းသွားတာ၊ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်ပေါ်မှု နည်းလာတာ၊ မုန်တိုင်းဖြစ်ရင်လည်း သိပ်ကို ပြင်းထန် အားကောင်းတာစတဲ့ ရာသီဥတု အပြောင်းအလဲနဲ့ ၁၉၇၆ ခုနှစ် လောက်ကတည်းက စပြီး ရင်ဆိုင်နေရပါတယ်။ ဒါတွေကိုလည်း ရေကြီးရေလျှံဖြစ်တဲ့ အကြောင်းရင်းတွေထဲမှာ ထည့်သွင်း စဉ်းစားရပါမယ်။

နိုင်ငံ့မြောက်ဘက် ရေခဲတောင်တွေပေါ်က ဆီးနှင်းတွေအရည်ပျော်ပြီးတော့ စီးဆင်းလာမယ်၊ မုတ်သုံမိုးတွေ သည်းထန်စွာ ရွာသွန်းမယ်၊ ဘင်္ဂလားပင်လယ်အော်ထဲမှာ အပူပိုင်းမုန်တိုင်းတွေ၊ အရှေ့ဘက် တောင်တရုတ်ပင်လယ်ပြင်မှာ တိုင်ဖွန်းတွေဖြစ်မယ် စတာတွေနဲ့ ပင်လယ်ဒီရေထရက်နဲ့ ကြုံကြိုက်မယ် ဆိုရင်တော့ မစဉ်းစားရဲအောင်ပါပဲ။

နောက်ပြီးတော့ ရေဝေရေလဲဒေသတွေမှာ သစ်တောတွေရဲ့အရည်အသွေးတွေ ကျဆင်းလာမယ်၊ သစ်ခုတ်မှုတွေကြောင့် သစ်တောတွေပြုန်းတီးမယ်၊ အဲဒီဒေသမှာ လူတွေ အခြေချနေထိုင်မယ်၊ စိုက်ပျိုးရေးနဲ့ သတ္တုတူးလုပ်ငန်းတွေကို အလွန်အကျွံလုပ်ဆောင်မယ်၊ လွဲမှားတဲ့ မြေအသုံးချမှုစနစ်တွေ၊ မြေယာ စီမံအုပ်ချုပ်မှု အားနည်းတာတွေကို အထူးသတိပြုရှောင်ရှားဖို့ လိုပါတယ်။

ရေသယံဇာတနဲ့ သက်ဆိုင်တဲ့ ဝန်ကြီးဌာန ဦးစီးဌာနများ အချင်းချင်း အချိတ်အဆက်မိမိ ဆောင်ရွက်ဖို့ လိုပါတယ်။

မေး (၁၀) ရေကြီးရေလျှံမှုကို လျော့နည်း သက်သာအောင် ဆောင်ရွက်ပေးနိုင်မယ့် နည်းလမ်းကောင်းတွေ ရှိရင်လည်း ပြောပြပေးပါ ဆရာ။

ဖြေ (၁၀) ရေကြီးမှုကိုတော့ အနှေးနဲ့အမြန် ပြန်လည်တွေ့ကြုံရမှာပါပဲ။ မိုးရက်ဆက်ရွာတိုင်း ရေကြီးရတယ် ဆိုတာ လက်ခံနိုင်တဲ့ကိစ္စ မဟုတ်ဘူး။ ဘယ်လောက်ဆိုးရွားတဲ့ ရေဘေးဖြစ်ပါစေ သက်သာလျော့ပါးအောင် တားဆီးကာကွယ်နိုင်ပါတယ်။ ရင်းနှီးမြှုပ်နံှမှုနဲ့ လုပ်ငန်းသဘာဝအလိုက် နည်းပညာ၊ တတ်ကျွမ်းတဲ့ ပညာရှင်တွေ လိုပါတယ်။

ရေကြီးမှု လျော့ပါးပပျောက်ရေး စီမံချက် ရှိရပါမယ်။ အဲဒီစီမံချက်မှာ ရေကြီးနိုင်တဲ့ မြစ်ချောင်းရဲ့ အထက်စည်းရိုး အောက်စည်းရိုး၊ ရေကြီးမှုကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်း၊ ဒါတွေအားလုံးကို မဖြစ်မနေ ထည့်သွင်း စဉ်းစားဖို့ လိုပါမယ်။

ရေကြီးတဲ့နေရာကလေးပဲကွက်ပြီး စဉ်းစားလို့မရပါဘူး။ ရေကြီးစေတဲ့ အချက်အလက်တွေကို ခြုံငုံလေ့လာ သုံးသပ်ဖို့ လိုမယ်။ ဥပမာ – စစ်တောင်းမြစ်ရေကြီးတယ်ဆိုရင် စစ်တောင်းမြစ်ဝှမ်းကြီးတစ်ခုလုံးကို တွက်ချက်ခန့်မှန်းရမယ်။

ရေဘေးကာကွယ်ရေးအတွက် ဇလဗေဒစံနှုန်းတွေမှာ သတ်မှတ်ထားပြီးသား ရှိတယ်။ ဒါကို နားလည်ဖို့ လိုပါတယ်။ မြို့ပြ ရေနုတ်မြောင်းတွေကို ပုံစံထုတ်ရင် အနှစ် ၂၀ ကနေ ၅၀ အတွင်းမှာ အမြင့်ဆုံး ဖြစ်နိုင်မယ့် မိုးရေချိန်ကို အခြေခံပြီး မြောင်းတွေရဲ့ အကျယ်၊ အနက်၊ အလျား တွက်ချက် လုပ်ဆောင်ရတယ်။ မြစ်ကူးတံတားကြီးတွေကို ဆောက်ရင် အနှစ် ၂၀၊ အနှစ် ၅၀ အထိဖြစ်နိုင်မယ့် အမြင့်ဆုံး မိုးရေချိန်ကို ခံနိုင်မယ့် တံတားကြီးတွေကို တည်ဆောက်ရပါမယ်။ ရေပမာဏများစွာ သိုလှောင်နိုင်တဲ့၊ လူတွေကို ထိခိုက်နိုင်တဲ့ဆည်ကြီးတွေကို တည်ဆောက်မယ်ဆိုရင်လည်း စာရင်းအင်းဗေဒကို အသုံးပြုပြီး တွက်ချက်ခန့်မှန်းရပါမယ်။

အတွေ့အကြုံရင့်ကျက်တဲ့ ပညာရှင်တွေ ရေးဆွဲတည်ဆောက်တဲ့ ရေဘေးကာကွယ်ရေးလုပ်ငန်းတွေဟာ ရေရှည်တည်တံ့ပြီး အကျိုးသက်ရောက်မှုကို ခံစားရရှိမှာ ဖြစ်တယ်လို့လည်း ယုံကြည်ပါတယ်။ ဒီလို လုပ်ငန်းတွေက ဖြစ်သလို ဒီဇိုင်းရေးဆွဲ တည်ဆောက်တဲ့ လုပ်ငန်းတွေထက် ကုန်ကျစရိတ် ပိုနိုင်ပါတယ်။ ဒါပေမယ့် ရေရှည်မှာ အများကြီး ပိုမိုသက်သာ ပိုမိုအကျိုးရှိပါတယ်။

မြန်မာနိုင်ငံပထဝီဝင်အသင်း (GAM)

Zawgyi

ျမန္မာႏိုင္ငံတြင္ ျဖစ္ေပၚေသာ ေရႀကီးေရလွ်ံမႈမ်ားအေၾကာင္း ပါေမာကၡဦးေမာင္ေမာင္ေအးႏွင့္ ေတြ႕ဆုံေမးျမန္းျခင္း

ON JANUARY 7, 2022 BY UKYAWOOIN CLIMATE CHANGE, FLOODS

ျမန္မာႏိုင္ငံပထဝီဝင္အသင္း၏ ဦးေဆာင္နာယက၊ အမ်ိဳးသားပညာေရးမူဝါဒေကာ္မရွင္ အဖြဲ႕ဝင္၊ ျမန္မာ့ပတ္ဝန္းက်င္သိပၸံ၏ ပဓာနအႀကံေပးပုဂၢိဳလ္၊ ျမန္မာႏိုင္ငံ အမ်ိဳးသားေရအရင္းအျမစ္ ေကာ္မတီ အႀကံေပးအဖြဲ႕ဝင္ ပါေမာကၡ ဦးေမာင္ေမာင္ေအးအား ျမန္မာႏိုင္ငံပထဝီဝင္အသင္းက ျမန္မာ့ေရႀကီးေရလွ်ံမႈမ်ားအေၾကာင္း ၂၀၁၈ ခုႏွစ္က ေတြ႕ဆုံေမးျမန္းခဲ့ပါသည္။

အဆိုပါ ေတြ႕ဆုံေမးျမန္းခ်က္ကို ဆရာဦးေမာင္ေမာင္ေအး၏ ခြင့္ျပဳခ်က္ျဖင့္ စာေခ်ာေအာင္ အနည္းငယ္တည္းျဖတ္ၿပီး ေဝမွ်ပါသည္။

ေမး (၁) ျမန္မာႏိုင္ငံ ျပည္နယ္နဲ႔တိုင္းေဒသႀကီးအခ်ိဳ႕မွာ ေရႀကီးေရလွ်ံမႈေတြ ျဖစ္ေပၚေနတဲ့ အေျခအေနကို သုံးသပ္ေပးပါဆရာ။

ေျဖ (၁) ျမစ္ဝွမ္းအေပၚပိုင္းေတြမွာ ဆက္တိုက္ အားေကာင္းေမာင္းသန္ မိုး႐ြာခ်တဲ့အခါ ျမစ္ေရႀကီးျခင္း စျဖစ္တာပါပဲ။ ဧရာဝတီျမစ္ဝွမ္းကို ၾကည့္မယ္ဆိုရင္ ေျမာက္ဖ်ားပိုင္းက ႐ြာတဲ့မိုးက အဓိကျဖစ္ပါတယ္၊ ျမစ္ဖ်ားပိုင္းကစၿပီး တျဖည္းျဖည္းနဲ႔ ေအာက္ဘက္ကို ဆင္းလာတာ။ ထူးျခားတာက အခု ဧရာဝတီ တိုင္းေဒသႀကီးဘက္မွာ ေရႀကီးတဲ့အသံ သိပ္မၾကားရေသးပါဘူး၊ လာေတာ့ လာမယ္၊ ဧရာဝတီ ျမစ္ဝကြၽန္းေပၚက်ေတာ့ စက္တင္ဘာ ေအာက္တိုဘာလေတြမွာ ေရႀကီးေရလွ်ံ ေယဘုယ် ျဖစ္တတ္တယ္။

အခုက စစ္ေတာင္းျမစ္ဝွမ္းမွာ ျဖစ္တယ္၊ မြန္ျပည္နယ္ ဘီးလင္းေခ်ာင္းမွာ ျဖစ္တယ္၊ ေနာက္ၿပီး သံလြင္ျမစ္ ေအာက္ပိုင္းမွာ စီးဝင္ေနတဲ့ လက္တက္ေတြေရာ။ အဲဒီေဒသမွာ မိုးဆက္တိုက္႐ြာေတာ့ ျမစ္ (ခ်ိဳင့္ဝွမ္း) ထဲမွာ ေရထုထည္ပမာဏ အမ်ားႀကီးဝင္ေနတယ္။ ေခါင္ေရတက္တဲ့ ေရထရက္နဲ႔လည္း တိုက္ေနေတာ့ ပင္လယ္ေရက ေတာင့္ခံထားတဲ့အတြက္ ကမ္းလုံးျပည့္အဆင့္ကို လြန္ၿပီး ေရႀကီးေရလွ်ံမႈေတြ ျဖစ္တာ ေတြ႕ရတယ္။ စံခ်ိန္တင္မိုးေၾကာင့္ ေရနစ္ျမဳပ္တာေတြ ျဖစ္တယ္။ လယ္ေျမေတြ ဧကေထာင္ခ်ီၿပီး နစ္ျမဳပ္ ပ်က္စီးရတယ္။ ကားလမ္းေတြ ေရေက်ာ္တယ္၊ တံတားေတြ ေရတိုက္စားခံရတယ္။ အဲဒီ ေရႀကီး နစ္ျမဳပ္မႈေၾကာင့္ ျမန္မာႏိုင္ငံမွာ ဆုံးရႈံးမႈေတြ အမ်ားႀကီး ျဖစ္တယ္။ ပဲခူးျမစ္ဆိုရင္ ၉၆၈ စင္တီမီတာ သို႔မဟုတ္ ၃၁ . ၇၆ ေပေလာက္ တက္တယ္ဆိုတာ ၅၄ ႏွစ္အတြင္းမွာ စံခ်ိန္က်ိဳးတာပါပဲ။

အဲဒီလိုပဲ ျမန္မာႏိုင္ငံ တစ္ေနရာမဟုတ္ တစ္ေနရာမွာ ေရႀကီးေရလွ်ံတာေတြကို ႏွစ္စဥ္ေတြ႕ေနရတယ္။ လြန္ခဲ့တဲ့ ၂၀၁၅ ခုႏွစ္တုန္းကလည္း ဒီလိုပဲ၊ ျမန္မာႏိုင္ငံတစ္ႏိုင္ငံလုံးမွာ ေရေဘးဒုကၡ အမ်ားႀကီး ႀကဳံခဲ့ရတယ္။ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ ၁၄ ခုအနက္မွာ ၁၂ ခုေလာက္မွာ ထိခိုက္မႈေတြ ရွိခဲ့တယ္။ တစ္ႏိုင္ငံလုံး နီးပါး ျဖစ္သြားတယ္။ အခုေလာေလာဆယ္ဆယ္ ရရွိထားတဲ့စာရင္းဇယားအရ ဇူလိုင္လမွာ ႐ြာတဲ့မိုးေၾကာင့္ ထိခိုက္ခံစားရတဲ့ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ ခုနစ္ခုေလာက္ ရွိသြားၿပီ။ အထူးသျဖင့္ ျပည္နယ္ေတြထဲက မြန္၊ ရခိုင္၊ ကရင္၊ တိုင္းေဒသႀကီးထဲမွာက ပဲခူး၊ ရန္ကုန္နဲ႔ မႏၲေလးတိုင္း ေဒသႀကီးေတြမွာပါ။

ေမး (၂) ႏွစ္စဥ္ တစ္ေနရာမဟုတ္ တစ္ေနရာျဖစ္ေပၚေနတဲ့ ေရႀကီးေရလွ်ံမႈေတြ ျဖစ္ေပၚရတဲ့ အဓိက အေၾကာင္းရင္းေတြကို ရွင္းျပေပးပါဆရာ။

ေျဖ (၂) အဓိကအေၾကာင္းက မိုး႐ြာသြန္းျခင္းပါပဲ။ ျမန္မာႏိုင္ငံမွာ ဇြန္လပိုင္းကေန ေအာက္တိုဘာလပိုင္းကို ၾကည့္ရင္ ေရႀကီးမႈျဖစ္တဲ့ ႀကိမ္ႏႈန္းက ဇြန္လမွာ ၆ ႀကိမ္၊ ဇူလိုင္လမွာ ၂၃ ႀကိမ္၊ ၾသဂုတ္လမွာ ၄၉ ႀကိမ္ အသီးသီးျဖစ္ေလ့ရွိတယ္။ ၾသဂုတ္လမွာ အမ်ားဆုံးေပါ့။ စက္တင္ဘာေရာက္ရင္ ၁၄ ႀကိမ္ေလာက္ ျပန္ျဖစ္သြားတယ္၊ မိုးဦးနဲ႔စာရင္ စက္တင္ဘာ ေရလႊမ္းမိုးမႈက မ်ားေသးတယ္၊ ေအာက္တိုဘာ ေရာက္ရင္ ၈ ႀကိမ္ေလာက္ပဲ ရွိေတာ့တယ္။ မိုးေႏွာင္းကာလ ျဖစ္သြားၿပီ။ အၾကမ္းဖ်င္း ေျပာျပတာပါ။ အဓိကကေတာ့ မိုး႐ြာသြန္းမႈ ပိုမိုမ်ားျပားလို႔ ျဖစ္တာပါ။

ေယဘုယ်အားျဖင့္ ျမန္မာႏိုင္ငံက အပူပိုင္းမုတ္သုံရာသီဥတု၊ တစ္ႏိုင္ငံလုံးရဲ႕ ပ်မ္းမွ် မိုးေရခ်ိန္က ၉၃ လက္မ (၂၃၆ . ၂၂ စင္တီမီတာ)ေလာက္ ရွိတယ္၊ ဥတုအလိုက္ ေဒသအလိုက္ ကြဲျပားမႈေတာ့ ရွိတယ္။ ျမန္မာႏိုင္ငံ ျမစ္ေတြေခ်ာင္းေတြမွာ စီးဆင္းတဲ့ ေရအရင္းအျမစ္က တစ္ႏွစ္တစ္ႏွစ္ကို ပ်မ္းမွ် ၁၀၈၂ ကုဗကီလိုမီတာ၊ ဂါလန္အေနနဲ႔ သန္းေပါင္း ၃၅၀ ေလာက္ ရွိတယ္။ ျမန္မာႏိုင္ငံမွာ ေရသယံဇာတ အလြန္ႂကြယ္ဝတယ္။

ျမန္မာႏိုင္ငံမွာျဖစ္တဲ့ သဘာဝေဘးအႏၲရာယ္ေတြထဲမွာ မီးေဘးေၾကာင့္ ဆုံးရႈံးရတာ အမ်ားဆုံးပါ။ ဒုတိယ ကေတာ့ ေရႀကီးေရလွ်ံမႈေၾကာင့္ပါပဲ။ ျမန္မာႏိုင္ငံမွာ ျမစ္ေရခန႔္မွန္းျခင္းကို စတင္ၿပီး ေဆာင္႐ြက္တာ ၁၉၆၆ ခုႏွစ္ ဇြန္လ ၁ ရက္ေန႔မွာ ျဖစ္ပါတယ္၊ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံမ်ားထက္ ေနာက္က်တာေပါ့၊ အဲဒီအခ်ိန္ကစၿပီး ျမန္မာႏိုင္ငံမွာ စိုးရိမ္ေရအမွတ္၊ ျမစ္ေရႀကီးျခင္း သတိေပးထုတ္ျပန္ေၾကညာမႈေတြကို မၾကာခဏ ေတြ႕ရတယ္။ အခု ေလာေလာဆယ္ ျဖစ္ေနတာက သဘာဝေဘးအႏၲရာယ္အဆင့္ကို ေက်ာ္သြားပါၿပီ။ သဘာဝေဘးဒုကၡ ျဖစ္ေနတာပါ။ အသက္အိုးအိမ္ စည္းစိမ္ေတြကိုပါ ထိခိုက္လာေနပါတယ္။ ႏိုင္ငံေတာ္အဆင့္ ကူညီမႈေတြ၊ ကယ္ဆယ္ေရးလုပ္ငန္းေတြ ေဆာင္႐ြက္ေနၾကရပါတယ္။

ေမး (၃) ေရႀကီးေရလွ်ံမႈျဖစ္စဥ္ေတြက အမ်ိဳးမ်ိဳးကြဲျပားတယ္လို႔ သိရပါတယ္။ ေက်းဇူးျပဳ၍ ရွင္းျပေပးပါ ဆရာ။

ေျဖ (၃) ေရႀကီးျခင္းသုံးမ်ိဳးေလာက္ ေတြ႕ရတယ္။ (၁) ေဒသက်ယ္ေရႀကီးျခင္း၊ (၂) လွ်ပ္တျပက္ ေရႀကီးျခင္းႏွင့္ (၃) မုန္တိုင္းနဲ႔အတူပါလာတဲ့ လႈိင္းလုံးႀကီးမ်ားေၾကာင့္ ေရႀကီးျခင္းေတြပါ။

ေမး (၄) ေဒသက်ယ္ေရႀကီးျခင္းဆိုတာက ဘယ္လိုေနရာေတြမွာ ျဖစ္ပါသလဲ ဆရာ။

ေျဖ (၄) ေဒသက်ယ္ေရႀကီးျခင္းက ျမစ္ဝွမ္းဧရိယာ အ႐ြယ္အစားႀကီးမားတဲ့ ျမစ္ေတြမွာ ျဖစ္ေလ့ရွိပါတယ္။ ျမန္မာႏိုင္ငံမွာ ဧရာဝတီျမစ္၊ ခ်င္းတြင္းျမစ္၊ စစ္ေတာင္းျမစ္၊ သံလြင္ျမစ္နဲ႔ ပဲခူးျမစ္ဝွမ္းေတြမွာ ျဖစ္တတ္တယ္။ေဒသက်ယ္ေရႀကီးၿပီဆိုရင္ ေျမနိမ့္လြင္ျပင္ ေျမျပန႔္လြင္ျပင္ေတြ ေရျမဳပ္တယ္၊ ေရျမဳပ္တဲ့ ဧရိယာက ေတာ္ေတာ္ေလး က်ယ္ျပန႔္ပါတယ္၊ ေရျမဳပ္ခ်ိန္လည္း ပိုၿပီးၾကာတတ္တယ္။ ေဒသက်ယ္ ေရႀကီးျခင္းက ႏွစ္စဥ္ျဖစ္ေလ့ျဖစ္ထေတာ့ မရွိဘူး။ ငါးႏွစ္တစ္ႀကိမ္ ၁၀ ႏွစ္တစ္ႀကိမ္၊ ၁၅ ႏွစ္တစ္ႀကိမ္ စသျဖင့္ေတာ့ ရွိတယ္။ သူက႐ုတ္တရက္ ေရႀကီးတာမ်ိဳမဟုတ္ဘူး။ ေဒသက်ယ္ေရႀကီးျခင္းကို မိုးေလဝသႏွင့္ဇလေဗဒ ဦးစီးဌာနက ႀကိဳတင္ခန႔္မွန္း တြက္ခ်က္သိရွိႏိုင္ပါတယ္။

ေမး (၅) လွ်ပ္တစ္ျပက္ေရႀကီးျခင္းကိုလည္း ရွင္းျပေပးပါ ဆရာ။

ေျဖ (၅) လွ်ပ္တစ္ျပက္ေရႀကီးျခင္းကေတာ့ သိပ္ၿပီးေတာ့ အလ်ားမရွည္တဲ့ ျမစ္ငယ္၊ ေခ်ာင္းငယ္ေတြမွာပဲ ျဖစ္တတ္ပါတယ္။ အထူးသျဖင့္ ျမန္မာႏိုင္ငံရဲ႕ အပူပိုင္းေျခာက္ေသြ႕တဲ့ေဒသမ်ားမွာ ေတြ႕ရတတ္တယ္။ မိုး မ႐ြာရင္လည္း အရွင္း၊ မိုး႐ြာရင္လည္း ဒလေဟာ႐ြာတဲ့အခါ လွ်ပ္တစ္ျပက္ေရႀကီးျခင္းကို ျဖစ္ေစတယ္။ ထိုျဖစ္စဥ္ေတြက ႏွစ္စဥ္လည္း ျဖစ္ႏိုင္ပါတယ္။ တစ္ခါတစ္ေလ ေတာင္ေပၚကေရေတြ က်ဆင္းၿပီး နာရီပိုင္း အတြင္း ေရလႊမ္းတာေတြ ရွိတတ္တယ္၊ ႀကိဳတင္သိရွိဖို႔ရန္ မလြယ္ကူတဲ့အတြက္ ျပင္ဆင္ဖို႔ မလြယ္ပါဘူး။ ေရျမဳပ္တဲ့အခ်ိန္လည္း သိပ္ၿပီးမၾကာပါဘူး။ ဒါေပမယ့္ ကာကြယ္ခ်ိန္မရေတာ့ ဆုံးရႈံးမႈ ပိုမ်ားပါတယ္။

အခု ေရႀကီးတဲ့ဘီးလင္းေခ်ာင္းမွာဆိုရင္ သူ႔ရဲ႕ေရဆင္းခ်ိဳင့္ဝွမ္းေပၚ မိုး႐ြာအၿပီး ေရေတြ ဒလေဟာ ဆင္းလာတယ္၊ ဒီေခ်ာင္းေတြက တိုေတာင္းတဲ့အတြက္ေၾကာင့္ ေရအားက အရွိန္နဲ႔ဝင္လာတယ္၊ ေရမ်က္ႏွာျပင္ ကမ္းလုံးျပည့္တဲ့အဆင့္ကို ခပ္ျမန္ျမန္ေရာက္သြားၿပီး ျမစ္ကမ္းတစ္ဖက္တစ္ခ်က္က လူေတြရဲ႕ အသက္အိုးအိမ္ စည္းစိမ္ေတြကို ထိခိုက္ဆုံးရႈံးမႈေတြ ျဖစ္ေပၚေစတယ္။

အရွိန္ျပင္းျပင္းနဲ႔ ဒလေဟာစီးဆင္းလာတဲ့ ေရေၾကာင့္ တာတမံေတြ က်ိဳးေပါက္ႏိုင္တဲ့ အေနအထားမ်ိဳးအထိ ျဖစ္သြားတယ္၊ တခ်ိဳ႕တာတမံေတြဆိုရင္ မလြဲမေသြေဖာက္ခ်ရတာမ်ိဳးေတာင္ ရွိေကာင္း ရွိလာႏိုင္တယ္။ တာတမံေတြ က်ိဳးေပါက္တာအျပင္ ေရစီးအရွိန္ေၾကာင့္ တံတားေတြ ေမ်ာပါသြားတာတို႔၊ လမ္းေျမသား ကြၽံတာတို႔၊ ေျမၿပိတာတို႔လည္း ျဖစ္တတ္ပါတယ္။

ဒါေတြက လွ်ပ္တစ္ျပက္ေရႀကီးျခင္းေၾကာင့္ အခ်ိန္တိုအတြင္း ျဖစ္ေပၚလာတဲ့ ျဖစ္စဥ္မ်ား(processes) ပဲ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ လွ်ပ္တစ္ျပက္ေရႀကီးျခင္းကို မိုးႀကိဳကာလျဖစ္တဲ့ ဧၿပီလ၊ ေမလနဲ႔ မိုးေႏွာင္းကာလ စက္တင္ဘာလ၊ ေအာက္တိုဘာလနဲ႔ ႏိုဝင္ဘာလေတြအထိ ျဖစ္တတ္ပါတယ္။

ေနာက္တစ္ခုသတိထားရမွာက ဒီႏွစ္မိုးေခါင္ၿပီး ေနာက္ႏွစ္ မိုးမ်ားလာရင္ ယခင္ႏွစ္က ႏူးမြေနတဲ့ ေျမသားေတြက ဒလေဟာ႐ြာခ်တဲ့ မိုးေရနဲ႔အတူ ေပ်ာ္ဆင္းသြားၿပီး ေျမဆီလႊာဆုံးရႈံးမႈေတြ ျဖစ္ေပၚတတ္တယ္။ ထိုေျမဆီလႊာေတြဟာ ေရစီးနဲ႔အတူပါသြားၿပီး ေခ်ာင္းေတြ၊ ျမစ္ေတြထဲမွာ သြားၿပီး စုပုံေနတတ္တယ္။ အဲဒီအခါက်ရင္ ေခ်ာင္းေတြ၊ ျမစ္ေတြ တိမ္လာတယ္။ ျမစ္ၾကမ္းျပင္ေတြ ျမင့္တက္လာတယ္၊ ျမစ္ၾကမ္းျပင္ ျမင္လာေတာ့ ေရမ်က္ႏွာျပင္ေတြကလည္း လိုက္ျမင့္တက္ၿပီး ေရႀကီးေရ လွ်ံမႈေတြကို ပိုမိုဆိုး႐ြားေစႏိုင္ပါတယ္။ ဒါေၾကာင့္ မိုးေခါင္တဲ့ႏွစ္အၿပီး ေနာက္တစ္ႏွစ္ လွ်ပ္တစ္ျပက္ေရႀကီးၿပီ ဆိုရင္ အဲဒီလွ်ပ္တစ္ျပက္ေရကို ခုခံစြမ္းအင္ေလ်ာ့ပါးေနေတာ့ ပ်က္စီးဆုံးရႈံးမႈေတြ ပိုျဖစ္တတ္တာကို သတိထားဖို႔ လိုပါတယ္။

ေမး (၆) မုန္တိုင္းေၾကာင့္ ေရလႊမ္းမိုးမႈေတြ ျဖစ္ေပၚလာရတဲ့အေၾကာင္းကိုလည္း ရွင္းျပေပးပါဆရာ။

ေျဖ (၆) မုန္တိုင္းေၾကာင့္ ေရလႊမ္းတာကေတာ့ ပင္လယ္ကမ္း႐ိုးတန္းေဒသမ်ားရွိ ျမစ္ဝေတြ၊ ေခ်ာင္းဝေတြ မွာ ျဖစ္တတ္ပါတယ္၊ ႏွစ္စဥ္ေတာ့ မျဖစ္ပါဘူး။ ျပင္းထန္တဲ့မုန္တိုင္းႀကီးေတြ က်ေရာက္မွသာ အလြန္ႀကီး မားတဲ့ လႈိင္းလုံးႀကီးေတြက ၎င္းတို႔ထိစပ္ရာ ျမစ္ဝေတြ၊ ေခ်ာင္းဝေတြကေနတဆင့္ ကုန္းတြင္းကို ဝင္ေရာက္လာတာပါ။ မုန္တိုင္းနဲ႔အတူ ျဖစ္ေပၚလာတဲ့ ပင္လယ္ေရလႊမ္းတာကေတာ့ မုန္တိုင္းလာတာကို မွန္း လို႔ရရင္ ႀကိဳၿပီး သိႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔ဆီမွာ ၂၀၀၈ ခုႏွစ္၊ ေမလ ၃ ရက္ေန႔မွာ ဝင္ေရာက္လာခဲ့တဲ့ မုန္တိုင္းနာဂစ္နဲ႔အတူ ပါလာခဲ့တဲ့ မုန္တိုင္းဒီေရေၾကာင့္ လူေတြရဲ႕ အသက္ေတြ အေျမာက္အျမား ဆုံးရႈံးခဲ့ရတာကို ေတြ႕ရမွာပါ။

ေမး (၇) ျမန္မာႏိုင္ငံမွာ ထူးကဲတဲ့ေရႀကီးေရလွ်ံမႈေတြက မၾကာခဏ ျဖစ္ေလ့ရွိပါသလား ဆရာ။

ေျဖ (၇) ထူးကဲတဲ့ ေရႀကီးေရလွ်ံမႈေတြက မၾကာခဏ ျဖစ္ေလ့မရွိပါဘူး။ ၂၅ ႏွစ္၊ အႏွစ္ ၅၀ စသည္ျဖင့္ ျခားျခားၿပီး ျဖစ္တတ္တာမ်ိဳးပါ။ ရာစုႏွစ္တစ္ခုမွာ တစ္ႀကိမ္၊ ႏွစ္ႀကိမ္၊ သုံး ေလးႀကိမ္ အဲဒါမ်ိဳးပါ။ သဘာဝကလည္း သူ႔စည္းခ်က္နဲ႔သူ လာတာပါ။ ဒါကိုေတာ့ သတိထားဖို႔ လိုအပ္ပါတယ္။

သက္တမ္းၾကာလို႔ ႀကံ့ခိုင္မႈအားနည္းတဲ့ ေရကာတာေတြ၊ တာတမံေတြ၊ ေရေလွာင္ကန္ေတြ၊ ဆည္ေတြဟာ ထူးကဲတဲ့ေရႀကီးေရလွ်ံမႈေတြနဲ႔ ေတြ႕ရင္ ပ်က္စီးက်ိဳးေပါက္ႏိုင္ပါတယ္။ ေျမေတြကလည္း မိုးေရနဲ႔ႏူးေနၿပီး မိုးႀကီးႀကီး႐ြာတဲ့အခါ ႏူးမြေနတဲ့ေျမေတြက ေရစီးနဲ႔အတူ ၿပိဳဆင္းလာၾကပါတယ္။

ထူးကဲတဲ့ေရႀကီးေရလွ်ံမႈေတြကို လူအမ်ားက အေတြ႕အႀကဳံနည္းေတာ့ ေဘးအႏၲရာယ္ကို ေလွ်ာ့ေပါ့ တြက္ဆထားရင္ ဆုံးရႈံးမႈေတြ ပိုမ်ားတယ္။ ျမစ္တို႔ရဲ႕သေဘာသဘာဝ၊ ေရႀကီးေရလွ်ံမႈေတြရဲ႕ သေဘာ သဘာဝကို လူထုေတြနားလည္ေအာင္ ပညာေပးဖို႔ လိုပါတယ္။ စာသင္ေက်ာင္းေတြ၊ ရပ္ကြက္ ေက်း႐ြာ ၿမိဳ႕နယ္ ခ႐ိုင္ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြမွာ သူ႔အဆင့္နဲ႔သူ ပညာေပးေဟာေျပာပြဲေတြကို ေလာက္ေလာက္လားလား ျပဳလုပ္ေပးသင့္တယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ဒီလိုပညာေပးမႈေတြ အမ်ားႀကီး လိုအပ္ပါေသးတယ္။

ေမး (၈) ေရႀကီးမယ္ဆိုတာကို ႀကိဳတင္ခန႔္မွန္းတြက္ခ်က္လို႔ ရပါသလား ဆရာ။

ေျဖ (၈) ျမစ္ေရခန႔္မွန္းခ်က္အေနနဲ႔ ျမစ္ဝွမ္းေဒသႀကီးတစ္ခုရဲ႕ ျမစ္ဖ်ားးပိုင္းေဒသေတြမွာဆို တစ္ရက္ ႏွစ္ရက္ေလာက္ ႀကိဳတင္ခန႔္မွန္းလို႔ ရႏိုင္ပါတယ္။ ျမစ္ဖ်ားစြန္းေဒသေတြမွာေတာ့ တစ္ရက္ထက္ပိုၿပီး မခန႔္မွန္းႏိုင္ပါဘူး။ ေခ်ာင္းငယ္ကေလးေတြနဲ႔ ျမစ္ဝွမ္းငယ္ေလးေတြ ဆိုရင္လည္း တစ္ရက္ထက္ပိုၿပီး မတြက္ႏိုင္ပါဘူး။ နည္းပညာေတြ သိပၸံပညာေတြ တိုးတက္လာရင္ေတာ့ ဒါ့ထက္ပိုၿပီး ႀကိဳတင္ခန႔္မွန္း လာႏိုင္မွာပါ။

ႀကီးမာက်ယ္ျပန႔္တဲ့ ေရဆင္းခ်ိဳင့္ဝွမ္းေတြမွာ၊ ဥပမာ – ဧရာဝတီျမစ္ေအာက္ပိုင္း ၿမိဳ႕ႀကီးေတြအတြက္ဆို တစ္ပတ္၊ ဆယ္ရက္ေလာက္ ႀကိဳတင္ၿပီး ခန႔္မွန္းႏိုင္တဲ့ သေဘာရွိပါတယ္။

ေရလႊမ္းမိုးမႈက အဆိုး႐ြားဆုံး ပတ္ဝန္းက်င္ဆိုင္ရာ ကပ္ေဘးတစ္ခု ျဖစ္ပါတယ္။ သမိုင္းနဲ႔ခ်ီၿပီး ျဖစ္ပါတယ္။ အားနည္းခ်က္က ေရႀကီးမႈေၾကာင့္ နစ္နာဆုံးရႈံးမႈကို အတိအက် စာရင္းေကာက္ယူႏိုင္ျခင္း မရွိေသးပါဘူး။ ကယ္ဆယ္ေရးပစၥည္းေတြေပးတာကေတာ့ ဝမ္းသာဂုဏ္ယူစရာပါပဲ။ ဒါေပမယ့္ ကယ္ဆယ္ေရး ပစၥည္းေတြ ေပးတာသက္သက္နဲ႔ေတာ့ ေရေဘးက ေနာက္ဆုတ္မသြားပါဘူး။ အခ်ိန္တန္ရင္ ႏွစ္တိုင္းႏွစ္တိုင္း၊ တစ္ေနရာမဟုတ္ တစ္ေနရာမွာ ေရႀကီးမႈေတြက ျပန္လာတာပါပဲ။ ပစၥည္းဆုံးရႈံးတာ အျပင္ စိတ္ဒဏ္ရာရရွိမႈက ပိုဆိုးပါတယ္၊ မိုးဥတုေရာက္တိုင္း ပူပင္ေသာကအျပည့္နဲ႔ ေနထိုင္ရတာ အဆိုးဆုံးပါပဲ။

ေမး (၉) ေရႀကီးနစ္ျမဳပ္မႈေတြမွာ တျခားသတိထားရမယ့္အခ်က္ေတြကိုလည္း ေျပာျပေပးပါ ဆရာ။

ေျဖ (၉) ျမစ္ကမ္းပါးႏွစ္ဖက္ရဲ႕ ခိုင္ခံ့မႈ အားနည္းလာတဲ့အတြက္ ေရေတာင္ မတိုက္စားရေသးဘူး ေရတိုးလာတာနဲ႔ ကမ္းပါးေတြ တိုက္စားပ်က္စီးတာတို႔၊ သဲႏုန္းပို႔ခ်တာတို႔ေၾကာင့္ ျမစ္ခ်ိဳင့္ေၾကာင္းထဲမွာ ေရစီးဆင္းမႈပုံစံ ေျပာင္းလဲသြားျခင္း၊ သဘာဝအလ်ာက္ ေရႏုတ္သိမ္းမႈ အားနည္းျခင္းေတြေၾကာင့္လည္း ေရႀကီးေရလွ်ံ ျဖစ္ေစပါတယ္။

ေရလိုရင္ ထည့္ေပး၊ ေရပိုလို႔ရွိရင္ ႏုတ္ေပးမယ့္ ေရထိန္းဆည္ ေရထိန္းတံခါးေတြ က်ိဳးေပါက္တာေၾကာင့္လည္း ေရႀကီးေရလွ်ံ ျဖစ္ေစႏိုင္ပါတယ္။

ကမာၻ႔ ရာသီဥတု ေျပာင္းလဲမႈကိုလည္း ေမ့လို႔မရပါဘူး။ ျမန္မာႏိုင္ငံမွာ မုတ္သုံအဝင္ေနာက္က်တာ၊ အထြက္ေစာတာ၊ မုတ္သုံကာလနဲ႔ မိုးဥတုတိုေတာင္းသြားတာ၊ မိုး႐ြာရက္ေတြ နည္းသြားတာ၊ ဘဂၤလားပင္လယ္ေအာ္မွာ မုန္တိုင္းျဖစ္ေပၚမႈ နည္းလာတာ၊ မုန္တိုင္းျဖစ္ရင္လည္း သိပ္ကို ျပင္းထန္ အားေကာင္းတာစတဲ့ ရာသီဥတု အေျပာင္းအလဲနဲ႔ ၁၉၇၆ ခုႏွစ္ ေလာက္ကတည္းက စၿပီး ရင္ဆိုင္ေနရပါတယ္။ ဒါေတြကိုလည္း ေရႀကီးေရလွ်ံျဖစ္တဲ့ အေၾကာင္းရင္းေတြထဲမွာ ထည့္သြင္း စဥ္းစားရပါမယ္။

ႏိုင္ငံ့ေျမာက္ဘက္ ေရခဲေတာင္ေတြေပၚက ဆီးႏွင္းေတြအရည္ေပ်ာ္ၿပီးေတာ့ စီးဆင္းလာမယ္၊ မုတ္သုံမိုးေတြ သည္းထန္စြာ ႐ြာသြန္းမယ္၊ ဘဂၤလားပင္လယ္ေအာ္ထဲမွာ အပူပိုင္းမုန္တိုင္းေတြ၊ အေရွ႕ဘက္ ေတာင္တ႐ုတ္ပင္လယ္ျပင္မွာ တိုင္ဖြန္းေတြျဖစ္မယ္ စတာေတြနဲ႔ ပင္လယ္ဒီေရထရက္နဲ႔ ႀကဳံႀကိဳက္မယ္ ဆိုရင္ေတာ့ မစဥ္းစားရဲေအာင္ပါပဲ။

ေနာက္ၿပီးေတာ့ ေရေဝေရလဲေဒသေတြမွာ သစ္ေတာေတြရဲ႕အရည္အေသြးေတြ က်ဆင္းလာမယ္၊ သစ္ခုတ္မႈေတြေၾကာင့္ သစ္ေတာေတြျပဳန္းတီးမယ္၊ အဲဒီေဒသမွာ လူေတြ အေျခခ်ေနထိုင္မယ္၊ စိုက္ပ်ိဳးေရးနဲ႔ သတၱဳတူးလုပ္ငန္းေတြကို အလြန္အကြၽံလုပ္ေဆာင္မယ္၊ လြဲမွားတဲ့ ေျမအသုံးခ်မႈစနစ္ေတြ၊ ေျမယာ စီမံအုပ္ခ်ဳပ္မႈ အားနည္းတာေတြကို အထူးသတိျပဳေရွာင္ရွားဖို႔ လိုပါတယ္။

ေရသယံဇာတနဲ႔ သက္ဆိုင္တဲ့ ဝန္ႀကီးဌာန ဦးစီးဌာနမ်ား အခ်င္းခ်င္း အခ်ိတ္အဆက္မိမိ ေဆာင္႐ြက္ဖို႔ လိုပါတယ္။

ေမး (၁၀) ေရႀကီးေရလွ်ံမႈကို ေလ်ာ့နည္း သက္သာေအာင္ ေဆာင္႐ြက္ေပးႏိုင္မယ့္ နည္းလမ္းေကာင္းေတြ ရွိရင္လည္း ေျပာျပေပးပါ ဆရာ။

ေျဖ (၁၀) ေရႀကီးမႈကိုေတာ့ အေႏွးနဲ႔အျမန္ ျပန္လည္ေတြ႕ႀကဳံရမွာပါပဲ။ မိုးရက္ဆက္႐ြာတိုင္း ေရႀကီးရတယ္ ဆိုတာ လက္ခံႏိုင္တဲ့ကိစၥ မဟုတ္ဘူး။ ဘယ္ေလာက္ဆိုး႐ြားတဲ့ ေရေဘးျဖစ္ပါေစ သက္သာေလ်ာ့ပါးေအာင္ တားဆီးကာကြယ္ႏိုင္ပါတယ္။ ရင္းႏွီးျမႇဳပ္နံွမႈနဲ႔ လုပ္ငန္းသဘာဝအလိုက္ နည္းပညာ၊ တတ္ကြၽမ္းတဲ့ ပညာရွင္ေတြ လိုပါတယ္။

ေရႀကီးမႈ ေလ်ာ့ပါးပေပ်ာက္ေရး စီမံခ်က္ ရွိရပါမယ္။ အဲဒီစီမံခ်က္မွာ ေရႀကီးႏိုင္တဲ့ ျမစ္ေခ်ာင္းရဲ႕ အထက္စည္း႐ိုး ေအာက္စည္း႐ိုး၊ ေရႀကီးမႈကို ျဖစ္ေပၚေစတဲ့ အေၾကာင္းရင္း၊ ဒါေတြအားလုံးကို မျဖစ္မေန ထည့္သြင္း စဥ္းစားဖို႔ လိုပါမယ္။

ေရႀကီးတဲ့ေနရာကေလးပဲကြက္ၿပီး စဥ္းစားလို႔မရပါဘူး။ ေရႀကီးေစတဲ့ အခ်က္အလက္ေတြကို ၿခဳံငုံေလ့လာ သုံးသပ္ဖို႔ လိုမယ္။ ဥပမာ – စစ္ေတာင္းျမစ္ေရႀကီးတယ္ဆိုရင္ စစ္ေတာင္းျမစ္ဝွမ္းႀကီးတစ္ခုလုံးကို တြက္ခ်က္ခန႔္မွန္းရမယ္။

ေရေဘးကာကြယ္ေရးအတြက္ ဇလေဗဒစံႏႈန္းေတြမွာ သတ္မွတ္ထားၿပီးသား ရွိတယ္။ ဒါကို နားလည္ဖို႔ လိုပါတယ္။ ၿမိဳ႕ျပ ေရႏုတ္ေျမာင္းေတြကို ပုံစံထုတ္ရင္ အႏွစ္ ၂၀ ကေန ၅၀ အတြင္းမွာ အျမင့္ဆုံး ျဖစ္ႏိုင္မယ့္ မိုးေရခ်ိန္ကို အေျခခံၿပီး ေျမာင္းေတြရဲ႕ အက်ယ္၊ အနက္၊ အလ်ား တြက္ခ်က္ လုပ္ေဆာင္ရတယ္။ ျမစ္ကူးတံတားႀကီးေတြကို ေဆာက္ရင္ အႏွစ္ ၂၀၊ အႏွစ္ ၅၀ အထိျဖစ္ႏိုင္မယ့္ အျမင့္ဆုံး မိုးေရခ်ိန္ကို ခံႏိုင္မယ့္ တံတားႀကီးေတြကို တည္ေဆာက္ရပါမယ္။ ေရပမာဏမ်ားစြာ သိုေလွာင္ႏိုင္တဲ့၊ လူေတြကို ထိခိုက္ႏိုင္တဲ့ဆည္ႀကီးေတြကို တည္ေဆာက္မယ္ဆိုရင္လည္း စာရင္းအင္းေဗဒကို အသုံးျပဳၿပီး တြက္ခ်က္ခန႔္မွန္းရပါမယ္။

အေတြ႕အႀကဳံရင့္က်က္တဲ့ ပညာရွင္ေတြ ေရးဆြဲတည္ေဆာက္တဲ့ ေရေဘးကာကြယ္ေရးလုပ္ငန္းေတြဟာ ေရရွည္တည္တံ့ၿပီး အက်ိဳးသက္ေရာက္မႈကို ခံစားရရွိမွာ ျဖစ္တယ္လို႔လည္း ယုံၾကည္ပါတယ္။ ဒီလို လုပ္ငန္းေတြက ျဖစ္သလို ဒီဇိုင္းေရးဆြဲ တည္ေဆာက္တဲ့ လုပ္ငန္းေတြထက္ ကုန္က်စရိတ္ ပိုႏိုင္ပါတယ္။ ဒါေပမယ့္ ေရရွည္မွာ အမ်ားႀကီး ပိုမိုသက္သာ ပိုမိုအက်ိဳးရွိပါတယ္။

ျမန္မာႏိုင္ငံပထဝီဝင္အသင္း (GAM)