ပညာရေး ။ စက်မှုတက္ကသိုလ် ကျောင်းဆင်း နှစ်၅၀ ရွှေရတု

မှတ်ဖွယ် မှတ်ရာ
စာပဒေသာ ( ၄၁ )

RIT ကျောင်းဆင်း နှစ် ၅၀ ၊ ရွှေ ရတု နှစ် အမှတ်တရ.

နှစ် ပေါင်း ၅၀ အတွင်း ခွဲခွါ သွားကြသူ ကျောင်းနေဖက် သူငယ်ချင်းများ

၁၉၇၂ RIT ဆင်း
B.E Civil မြို့ပြ အင်ဂျင်နီယာ ဘွဲ့ ရကျောင်းဆင်း များအဖွဲ့ ။

၂၀၂၂ မှာ RIT ကျောင်းဆင်းခဲ့တာ နှစ် ပေါင်း ၅၀ ကြာခဲ့ ပါ ပြီ .။

ကိုဗစ်ကာလ ထဲရောက်နေလို့ ကျောင်းဆင်းနှစ် ရွှေရတုပွဲ နွှဲကြလို့တော့ မရ။
၁၉၇၂ ခုနှစ် မှာ RIT ကျောင်းဆင်း ၁၂၆ ယောက် အင်ဂျင်နီယာဘွဲ့တွေ ရခဲ့ကြတယ်.။
ဒီနေ့မှာ ၊
ကျောင်းနေဖက် မိတ်ဆွေ သူငယ်ချင်းတွေ အပေါင်းအသင်းတွေ ကတော့ ၄ ပုံ ၁ ပုံ ခနိ့ မရှိကြတော့ ပါ။

ရွှေရတု နှစ် ၅၀ ပြည့် အမှတ်တရ ပြန်ပြောင်း တွေးမိ တဲ့အခါ ၊

၇၀ ကျော်တန်း အဖိုး အရွယ် တွေရောက်နေကြပြီဖြစ် တဲ့
ကျွန်တော်တို့အင်ဂျင်နီယာ အများစုတွေ
နိုင်ငံအတွက် အင်ဂျင်နီယာ အလုပ်တွေ မျိုးစုံ လုပ်ပေး ခဲ့ကြ ပါတယ် ။
နိုင်ငံ့တာဝန်တွေ အတွက် ၊ တာဝန်ကျေခဲ့ကြပြီးပြီ ။
နိုင်ငံအတွက် ထားသင့်တာတွေ ထားခဲ့ကြပြီးပြီ ။
တမလွန်ဘဝကို ယူသွားနိုင် ကြ ဘို့ အလုပ်တွေသာ လုပ်သင့်ကြတော့တယ် ။
သံသရာအတွက် သာ လုပ်ဘို့လိုနေပြီ။
ဘဝမှ ာ နေရချိန်တွေများများမကျန်တော့ ပါ။

ဆရာဇော်ဂျီက
သင်သေးသွားသော် သင်ဖွားခဲ့တဲ့မြေ ၊ သင့်နိုင်ငံအတွက်
သင်ဘာတွေလုပ်ပေးခဲ့သလဲ သဘောဆောင်တဲ့ သံဝေဂ ကဗျာတစ်ပုဒ် ရေးစပ်ခဲ့ဘူးတယ် ။

ဆုံးခဲ့သူတွေလဲ ဆုံး ခဲ့ကြပြီ .
ကျန် ခဲံတဲ့ တဲ့သူတွေကလဲ အလှည့်စောင့်နေကြပြီ ။

မှတ်တမ်း တွေ အစုအဆောင်း အမှတ်အသားကောင်းတဲ့ သူငယ်ချင်း လူမှ ုရေးသမားမိတ်ဆွေ ဲကြီး ဆည်မြောင်းရောင်းရင်း ကိုရဲမြင်္င့နဲ့ တွေ့လို့ထ ပ်ဖြည့် စွက်လိုက်တာ ကွယ်လွန်သွားကြ ပြီဖြစ်တဲ့ ကျောင်းဆင်း သူငယ်ချင်း မိတ်ဆွေ တွေ၄ပုံ ၁ ပုံ ခ န့် ပင် ရှိနေပါ ပြီ။

၁၉၇၂ ခုနှစ်မှ ာ ၁၂၆ ဦး မြို့ပြအင်ဂျင်နီယာ ဘွဲ့ရရှိခဲ့ကြပါတယ် ။

ကျောင်းဆင်းပြီးအများစုက အစိုးရအလုပ် တွေ နိုင်ငံတာဝန်တွေ ထမ်းရွက်ခဲ့ ကြပြီး အ ချိ ု ု့သောအနည်းငယ် သာ ပြည်ပကိုထွက်ခွါသွားကြ။ ပုဂ္ဂလိက ကိုယ်ပိုင် အလုပ်တွေ လုပ်ကြတာရှိပါတယ် ။
ဘွဲ့ရပြီး နောက် ကွန်တော်တို့တစ်တွေ အမိနိုင်ငံတော် အတွက်
ကျရာနေရာကနေ ကိုယ် တတ်သိ နားလည်ထားတဲ့ပညာတွေကို အသုံးချပြီး တိုင်းပြည် တာဝန်ကို နိုင်သရွေ့ တစ်တပ်တစ်အား ပါဝင် လုပ်ဆောင်ခဲ့ကြပါတယ် ။

ဆည်မြောင်းလုပ်ငန်းတွေ ဆောက်လုပ်ရေး လမ်းတံတား လုပ်ငန်းတွေ စက်မှ ုဝန်ကြီးဌာနလို ဌာနတွေက မြို့ပြ အင်ဂျင်နီယာ ဆိုင်ရာ အလုပ်တွေ ရေအားလျှပ် စစ် အလုပ်တွေ စတဲ့ မြို့ပြအင်ဂျင်နှီယာဆိုင် ရာ အလုပ် တွ လုပ်ဆောင်ပေးခဲ့ကြပါတယ် ။
အသက်၆၀ ပြည့်လို့ နိုင်ငံ တော်က အနားပေး လိုက်လို့ လုံးလုံး အနားယူ သွားကြသူတွေရှိသလို အနားမယူနိုင်ကြသေးဘဲ ပြင်ပ ပုဂ္ဂလိက အင်ဂျင်နီယာ အလုပ်တွေမှာ စိတ်မကုန်သေးဘဲ ဆက်လုပ်နေကြသူတွေလဲ အများအပြား ရှိနေပါသေးတယ် ။နှစ်တွေကြာလာ အသက်တွေက ကြီးလာ ကြဆိုတော့
ကျန်းမာရေးက ချိ ု့ ယွင်းလာနေကြပါပြီ။
လောကဓံအရ လောကကြီးကို အပြီးအပိုင် စွန့်ခွာ သွားကြသူတွေလဲမနဲတော့ပါဘူး။
အခု အခါမှာ တစ်နှစ်ပြီးတစ်နှစ် ဟောတစ် ယောက် ဟော တစ်ယောက် နဲ့ မမျော်လင့် ဘဲ ကွယ် လွန် သွားနေကြတဲ့ မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းတွေကလဲ မနဲတော့ပါဘူး ။

မှတ်မိသလောက် ရှေ့က သွားနှင့်ကြင်္ပြီဖြစ်တဲ့ ၁၉၇၂ မှာ တစ်နှစ်ထဲ ကျောင်းဆင်းခဲ့ကြတဲ့ မိတ်ဆွေ အပေါင်းအသင်း တွေကို ပြန်ကြည့်လိုက်ရင် ။

၁ ။ ပထမဆုံးကရခိုင်သားကိုညီညီ – ကျောင်းပြီးပြီး ခြင်း ရခိုင်အပြန်လား ရခိုင်က အလာလား သံတွဲ လေယဉ် ပျက်တဲ့ ထဲ့ပါခဲ့ပြီး ဆုံး သွား ခဲ့ရရှာတယ် ။ပညာတတ် လူတော်တစ်ဦးဆုံးရှ ံ ုးခဲ့ရတယ် ။ (၁၉၇၃)
၂ ။ မော်လမြိုင်သား ကိုကင် ကြိုင်း ဘာကြောင့်မသိ အစောဆုံးဆုံးခဲ့တယ် ။ပဆင ဆောက်လုပ်ရေးမှာ ရေသန့် ပိုင် လုပ်တယ် ထင်တယ် ။ ( )
၃ ။ နောက် ရခိုင်သားတစ်ယောက်က ကိုကျော်ပန်းသာ ။သူ မဆုံးခင် ကျန်းမာရေးမကောင်းခင် ရန်ကုန် ယုဇန အိမ်မှာ သွားတွေ့ ခဲ့ လိုက်သေးတယ်။ ( )
၄ ။ အရင်းနှီးဆုံး နဲ့ အဆောင်နေ အခန်းဖေါ် ပုသိမ် ကန်ကြီးဒေါင့် သား ကိုစံလှ ခိုင် ။ပဆင ရဲ့ ဒိတ်ဒိတ်ကြဲ အင်ဂျင်နီယာတွေထဲက တစ်ယောက် ။ဆုံးသွားတာ မမျော်လင့်ဘဲ ကြားခဲ့ရတယ် ။ ( )
၅ ။ ရန်ကုန်သား ကိုသိန်း လှိုင်။ ပဆင ရေသန့် အင်ဂျင်နီ ယာ။သင်္ကြန်မှာ နားထဲရေဝင် ရောဂါဖြစ်ပြီး ဆုံးတယ် ကြားလိုက်ရတယ် ။ကျောင်းနေစဉ် မှာ သူရယ် ကိုစံလှခိုင်ရယ် ကို ခင်မောင်ဆယ်တိုက့ နေ့လည်ထမင်းစားချိန် ဆို ကျွန်တော့် အခန်းမှာ လာ စု ကြ ဝိုင်းဖွဲ့ စကားဆိုကြသူတွေ ။ကာဘိုး အောင်သိန်းလဲပါတယ် ။ ( )
၆ ။ ကိုဟုတ်ကြည်က ဆည်မြောင်း သားမိတ်ဆွေ ။ငယ်ငယ် နဲ့ဘဲ့ သန်တုံးမြန်ုံးအရွယ်မှာ ဆုံးသွားတယ် ။သူ့ပုံကို မျက်စေ့ထဲက မပျောက် ။ ( ၂၃/၅/၂၀၁၁)
၇ ။ မကြာသေးသော နှစ်တွေက ရင်းချာ တဲ့ မိတ်ဆွေတွေ ရန်ကုန်သား ကိုသိန်းစို းနဲ့ ကို မန္တလေး သား ကိုလှမြင့်တို့ဆုံးပါး ခဲ့ရတယ် ။

တစ်တန်းတည်းသူ RIT ဆရာမ လုပ်ခဲ့သူ မော်လမြိုင်သူ မစွမ်တီ ရဲ့ ခင် ပွန်း ကိုသိန်း းစိုးက မထင်မှတ်ဘဲ မမျော် လင့်ဘဲ့ ဆုံးသွားရှာတယ် အလုပ်သံယောဇဉ်ကြီးလွန်းတော့ ကျွန်တော်တို့ညောင်တုန်းမြို့ မြစ်ကမ်းပြို ကိစ္စ တွေ သူက လုပ် လာခဲ့ဘူးသူ ဆိုတော့ နောက်ဆုံးအခြေအနေအထိ ဝင်ပါ ဝင်ပြော ကျွန်တော်နဲ့ အကျယ်တဝင့်ဆွေးနွေးဖြစ်ခဲ့ တယ် ။သူမှာခဲ့လို့ဆိုပြီး သူဆုံးတော့ သူ့ရဲ့ အရိုးပြာ တွေကို သူ့သမီးတွေက ညောင်တုန်းက ပန်းလှိ ုင် မြစ် ထဲ သွားမျော ချ ပေးခဲ့တယ်လို့ သူ့ သမီးထံက စိတ်မကောင်းစွာ သိ ခဲ့ရတယ် ။တွေလိုက် ရင် သူ့ပုံ က အမြဲ ပြ ုံးရယ် နေတတ် တဲ့ မျက် နှာ ။နှမျောစရာပါ။ ( ၁၉/၁၁/၂၀၁၇ )

၈ ။ လှမြင့် ၂ ယောက် ရှိရာမှာ အရှည်ကြီး လက်ပတန်း လှ မြင့် နဲ့ လေကြီးလို့ ဆိုင်ကလုံး လှမြင့်လို့ခေါ်ခဲ့တာ မန္ထလေးသား ဆိုင်ကလံုး ကိုလှ မြင့် ဆုံးနှင့်ပြီ။(၁၈/၁/၂၀၁၈)ဆိုင်ကလုံး ကိုလှမြင့် ဆိုရင် ကျွန်တော်တို့ နှစ် စဉ် လွတ်လပ်ရေးနေ့ တွေ့ဆုံ ညစာစားပွဲကို ဆုံးခါနီးနှစ်တွေမှာ ကျန်မာရေး ချိ ု့ တဲ့နေတဲ့ကြားက မန္တလေးကနေ တကူးတက လာတက်တယ် ။ ( ၁၈/၁/၂၀၁၈ )

၉ ။ ကိုသိန်းလှိုင်နဲ့ယေက်ဖ ကို ခင်မောင်လတ် ။သူငယ်ချင်းတွေ နှစ်စဉ် တွေ့ဆုံပွဲမှာ တစ်ကြိမ် ပြန်ဆုံတယ် ။ကျောင်းမှာ ရင်းချာ သူတစ်ဦး ။ ( ၁/၄၂၀၁၆ )

၁၀ ။ မမျော်လင့်ဘဲ မထင်မှတ်ဘဲ သွားသွားလာလာ မာမာချာ ချာ နဲ့ ရုတ်တရက် ဆုံးသွားသူက ဆည်မြောင်း က ကိုအေးသိန်း ။ခုထိ မြင်နေသေး ရှိနေသေးတောင်ထင်မိတယ် ။အမြင်မှာ ကျန်းမာလို့နေသူ။ ( ၂၃/၁၀ /၂၀၁၅)
၁၁ ။ နောက်သတိရမိသူတေက ဆုံးခါနီး အချိန်တွေမှာ ဆုံ့ ဖြစ်ခဲ့တဲ့ ကိုဖေသန်း ။ ( ) မင်းသားစိုးဝင်းနဲ့ ကိုသန်းအောင်းတဲ့ရဲ့ ကျောင်းတုန်းက သူတို့ ကတစ်ဖွဲ့ ရင်းချာကြတဲ့သူငယ် ချင်းတွေ ။
၁၂ ။ စမ်းချောင်းမှာ နေတဲ့ ပဆင ကိုကျော် မင်းစိန် ။ ( )
၁၃ ။ ရီလိုက်ရင် မျက်စေ့ မှေးမှေးနဲ့ ပိန်ပိန်ပါးပ်း ကိုလှကျော်မင်း ။ ( ၉/၂/၂၀၁၃ )
နောက်တစ်ယောက်က ကျောင်းမှာ အရပ်ရှည်ပြီး အရပ်တိုတို နဲ့ တွဲ နေခဲ့ အိမ်ထောင်ပြုခဲ့တဲ့ တဲ့ ကို မြင့်စိုး ဦး ခေါ် ဖိုးကြွက် တို့တစ်တွေ ။ ( ၃/၁၂/၂၀၁၁)

၁၄ ။ ကို ဘသန်း အေး ခေါ် ကို မျိ ုး မြင့် က ကိုအောင်သိန်း မင်္ဂလာ ဆောင်အသွား ကား မတော်တဆဖြစ်ပြီး ဆုံး ခဲ့ တယ် ။ ( )
၁၅ ။ ကင်းတားဆည် မှာ တာဝန်ကျခဲ့တဲ့ ကိုစိုးန်ုင် ခေါ် ဗိုလ်ပန်လို့ ခေါ်ကြသူလဲဆုံးသွားပြီဖြစ်တယ် ။ (၁၄/၁/၂၀၁၁ )
၁၆ ။ စောစောစီးစီး ရောဂါ နဲ့ ဆုံးသွားတဲ့ ကို ဘိုဝင်း ။ ( )

ကျွန်တော်က သိသလောက်ရေးချပြီး ကိုရဲမြင့်နဲ့တွေ့တော့မှ ဆုံခဲ့တဲ့ သူငယ်ချင်းမိတ်ဆွေတွေ အများကြီး ပေါ် လာတယ် ။

၁၇ ။ နောက်ဆုံး နှစ်မှာ ဆုံးခဲ့ တဲ့ ကျောက်ဆည် သား တံတားဦး ကိုတင်စိုး ( ၁၉၇၂)
၁၈ ။ ပြီး တော့ ကိုသန့် စင် ။ ကိုယ် ထဲမှာ ကျည်ဆန် ရှိနေတာ ထုတ်လို့ မရခဲ့ ။
ဆုံးတော့ ကင်ဆာနဲ့ ဆုံး တယ် သိလိုက်ရ ။( )
၁၉ ။ ကို ဌေး အောင် က အိုးအိမ်မှာ လုပ် တာသိထားတယ်။သူလဲ ဆုံးပြီ။ စကားပြောရင် ကျောင်းထဲက အထစ်အထစ်နဲ့ ။( )
၂၀ ။ မေ့နေတာ ကိုရဲမြင့် ပြော တော့မှ ကိုဘိုလေးထွန်း အညာသားကို သွားသတိရတယ် ၊ ဆည်မြောင်း အောက်ပြည် အောက်ရွာ မြစ်ဝကျွန်ူးပေါ် ဒေသ အလုပ် တွေ လုပ်တဲ့ ဆည်မြောင်း တဆရ (၆) မှာ အတူ လုပ်ခဲ့ ရင်း လည်ချောင်း ကင်ဆာနဲ့ ဆုံးခဲ့ တယ် ။အညာသားဖြစ်လို့ အောက်က ဒီရေအကြောင်း သူမသိဘူး ။ဖျာပုံ ဘက် ကွင်းဆင်းရင်းအသွားမှာ ချောင်းထဲ ရေတွေ အပြည့်ရှိပြီး အပြန်မှာ ရေတွေ မတွေ့တော့လို့ ဘယ်ပျောကိသွားလဲ တပည့်တွေကို မေးတာ ကြားခဲ့ဘူးတယ် ၊ ဒီရေအတက်အကျ ကို သူ ပထမဆုံးတွေ့ခဲ့ဘူးတာကိုး ။ ( )
၂၁ ။ ကိုရဲမြင့် ပြန်သတိပေးလို့ နာဂအောငိခင် ရဲ့ အဖြစ်ဆိုးကို ပြန်သတိရတယ် ။ကလေး တက္ကသိုလ် ဘက်ကို သူ့သမီး ဆီ အသွား ကားမတော်တဆဖြစ်ပြီး လင်မယားနှစ်ယောက်စလုံးဆုံးပါးသွားခဲ့တာ ကြားကြားချင်း စိတ် မကောင်း ဖြစ်မိလိုက်တာ ။ ( )
ကမ္မမြို့ က သူနေတဲ့အိမ်ကို အုတ်ရှစ်ပင်ကမ္မ လမ်းအူကြောင်းတိုင်းတာရေးမှာ သူလဲပါတော့ သူ့အိမ် ဝင်လည် ခဲ့ ဘူးသေးတာမှတ်မိတယ် ။သူ့ဇနီးက ကျွန်တော့ဇနီးနဲ့ကလဲ BEd တတန်းတည်းသား ။
၂၂ ။ ကျွန် တော် တို့ အထဲမှာ စိုးမြင့် တွေ အများကြီး ရှိတဲ့ ထဲက မန္တလေး က အဂျလာ စိုးမြင့်။မကွေးက မကွေးစိုးမြင့် ။ သံလျင်က ညာဏ်ကျယ်စိုးမြင့် ။စိုးမြင့် ၃ ယောက်ထဲက မကွေး စိုးမြင့် ဆုံးတယ် ။ ( )
၂၃ ။ မျိုးမြင့် ၄ ယောက် ရှိရာမှာ သာယသာဝတီက နထိုင်းမျိ ုးမြင့် ၊ ( ၂၄/၂၀၁၅)
ပခုက္က ူ က ပသိုင်းမျိ ုးမြင့် ။မုံရွ ာ ကနီဘက်က ကနီ မျိ ုးမြင့်။
ဘသန်းအေး ခေါ် ဝက်ခြံ ကိုမျိ ုးမြင့်တို့ ရှိကြရာမှာ နထိုင်းနဲ့ ဝက်ခြံ မျိ ုးမြင့် ( ) ၊၂၄ ၂၄ ။ ပသိုင်းမျိုးမြင့် ၃ ယောက်က ဆုံး သွားပြီ ။ ပသိုင်းမျိုးမြင့် က လေဖြတ် ကျန်းမာရေးမကောင်းတဲ့ကြားက ကျွန်တော်တို့ ရဲ့ နှစ်စဉ် လွတ်လပ်ရေးနေ့ တွေ့ဆံုပွဲ ညစာစားပွဲ တွေကို သူ့ ဇနီး အဖေါ် ခေါ် ပြီး လာဖြစ်အောင် လာခဲ့သေးတယ် ။
၂၅ ။ ပြီးတော့ ကိုသောင်းရွှေဂေါက် ရိုက် ကအ့ပြန် အိမ်ရောက်တော့ မကြာခင် ဆုံးခဲ့ တယ် ။ကျွန်တော်တို့နဲ့ အုတ်ရှစ်ပင် ကမ္မ လမ်း တိုင်း အဖွဲ့မှာ ပါခဲ့သေးတယ်။( )
၂၆ ။ ကိုဝင်းကျော် လက်ပတန်းသား ၊ ဆုံးခါနီးမှာ လေဖြန်းနေခဲ့ပြီး လမ်းကောင်းကောင်းမလျောက်နိုင် ။ ဆုံး သွာူခဲ့တယ် ။ ပြည်မှာနဝင်း ဆည် အင်ဂျင်နီယာ ပေါက်စဘဝ အုပ်စုတွေ ထဲမှာ သူ့ကို ဘရိုက်ဆန်းလို့ လူသိများကြတယ် ။လမ်းထွက်ရင် ဆံပင်ကိုကျော့နေအောင့်ဖြီးတတ်လို့ ပါ။စပါး (၁) စီမံကိန်း ဝါးခယ်မမှာ တာဝန်ကျခဲ့သူ ။( )
၂၇ ။ နောက်တစ်ယောက်က ကိုထွန်းအောင်လွင် ။ပြည် နဝင်းဆည် စီမံကိန်းတွေမှာ စံချိန် တင်နိုင် လောက်အောင် AE အင်ဂျင်နီယ အငယ်ကနေ SE ရာထူးအမြင့် နဲ့ ရာထူးမျိ ုးစုံ နဲ့ ပြည်မှာ အကြာဆုံး တာဝန် ယူ လုပ်သွားသူ ။( ၂၈/၁၁/၂၀၁၁)
၂၈။ နောက်တစ်ယောက်က ကိုခင်သောင်း ကြံခင်းသား ။ (၅/၅/၂၀၁၂)
လျှပ်စစ် က ကို ကြည်စိုးနဲ့ မိတ်ဘက် ။
၂၉ ။ အရင်းနှီးဆုံ း ဖြစ်ပြီး ကျောင်း ပြီးကတည်းက မတွေ့တာ ကြာခဲ့ တဲ့ ပခု က္က ူသား ကိုစိန်ဝင်း။ ကျောင်းတုံးက ကျန်ကျန်းမာမာ နဲ့ လူ ။ရွှေ ပြည်သာမှာ အိမ်မှာ တစ်ယောက်ထဲ နေရင်း ဆုံး သွားခဲ့တာ ကြားတော့ စိတ်မကောင်း လိုက်တာ ။(၂/၄/၂၀၁၄)
၃၀ ။ နိုင်ငံခြားမှာ သွားနေပြီး ဆုံးသွားခဲ့တာ ပု သိမ်သား ကိုဝင်းနိုင်။ ဆည်မြောင်းမှာ လုပ်ခဲ့သေးတယ်။( )
၃၁ ။ ပဆင ရေသန့် ကို မျိ ုး ညွန့် ။ဆုံးတာ ခုမှ ကိုရဲ မြင့် ပြောမှ သိရတယ် ။ပျော်ဘွယ် မျိ ုးညွန့် အနေနဲ့ မှတ်ထားတယ်။ ( ၁၃/၉/၂၀၁၆ )

၃၂ ။ နောက်ဆုံး နှစ်အောင်တဲ့ အမျိ ုး သမီး စုစုပေါင်း ၂၀ ရှိတဲ့ ထဲ က ဆုံး တာ မတင်တင်အုန်း နဲ့

၃၃ ။ ကယားက ဝတုတ် ကြီး မ မာ ။ နှစ်ယောက်ဘဲ ရှိသေး တယ် ။

၃၄ ။ မကြာသေးမီကထပ်ကြားလိုက်ရတာ ရွှေတီဂုံ ဂေါပက လုပ်ခဲ့တဲ့ ကျောင်းတုန်းက မောင်ပီလို့ သူငယ်ချင်းတွေ ခေါ်ကြတဲ့ ကိုမောင်ပီ ကို လွတ်လပ်ရေးနေ့တွေမှာ နှစ်စဉ်လာနေကျ မှာ တွေ့ရတာ ကျန်းမာရေးက သိပါကောင်းပုံ မရ. ။ ဆုံးတယ်ကြားလိုက်ရတယ်။

၃၅ ။ ကိုဗစ်လိုင်းမှာ ၂၀၂၁ မှာ ပါသွားသူများ

ကျန်းကျန်းမာမာနဲ့ ၂၀၂၁ ခုနှစ် ကိုဗစ်ခေါ်ရာ ပါသွားသူတွေ ၂ ယောက်ရှိခဲ့တာ
– ဖြူးသား,စိုင်း လှ မောင် ။ သူသံုးတဲ့ကားတစ်စီး ကို ကျွန်တော်တို့ NEPS ရုံး က ဝယ် သံုးဘူးခဲ့တယ် .။ အဲ ဒီ က စလို့ အဆက်အသွယ် ရခဲ့တယ် ။. ကျန်းမာရေး Public Health မှာ လုပ်ပြီး ပင်စင်ဘူခဲ့တဲ့ ကိုကျော်ဝင်းနဲ့ အရင်းချာဆုံး မိတ်ဆွေ ပါ ဖြူးသား ကို စိုင်းလှမောင် က .။သူ့မိတ်ဆွေ ကိုကျော်ဝင်းကိုလဲကူပေးပါအုံးဆိုလို့ public Health ထိခိုက်မှု ရှိမရှိ ဝင်ကူလုပ်ပေးဘို့ သူ့ကိုခေါ်ပြီး အလုပ်အတူလုပ်နေတယ်။။ကျွန်တော်တို့ EIA အဖွဲ့ မှာ ကျွန်တော်တို့နဲ့အတူ EIA အလုပ်တွေမှာ လူထုကျန်းမာရေး ထိချုက်မှု ရှိမရှိ စီစစ် တဲ့ အလုပ်တွေ ကူညီ လုပ်ပေးနေပါတယ် ။

၃၆ ။ ကိုဗစ်ကာလ ဆံုးပါးသွားခဲ့သူ နောက် တစ် ဦးက ကိုငွေထွန်း ။ တတန်းတည်းသူ ထားထားညွန့် နဲ့ အိမ်ထောင်ကျခဲ့သူ .ပဆင ဆောက်လုပ်ရေး သုဝဏ္ဏ မြေစမ်းဌာနမှာထင်တယ် လုပ်ခဲ့တယ် .။

၃၇ ။ စာရင်းကျန်တော ။ ပုသိမ်သား ကို အုန်းသွင် မရှိတော့ ။ မေမြို့ မြေတိုင်းသင်တန်း မှာ မန္တလေးသင်းကြန် အလ ည် ဆင်းစဉ် ကားပေါ်မှာ မြနန္ဒာ သီချင်းကို ခေါင်းဆောင် လုပ်ဘသီဆိုခဲ့တာ မှတ်မိနေသေးတယ် .မယဒလင်ညတီးတယ် ။သီချင်းဆိုတတ်တယ် ။ ဆည်မြောင်း စပါး၁ ရုံးမှာ ပြန်ဆုံခဲ့ပြီး အလုပ်တွေအတူတူလုပ်ခဲ့တယ် ။ ရင်းချာခဲ့တဲ့မတ်ဆွေ သူငယ် ချင်းတစ်ဦးပါ။ ( )

စုစုပေါင်းဆုံး သွားပြီး လေသူ ( ၃၇ ) ယောက် ရှိသွားပါပြီ ။ ၁၉၇၂ အတူ ကျောင်းဆင်း ကြတာ ၁၂၆ ယောက် ရှိတယ် ။
အတူကျောင်းဆင်းတွေထဲက ကွယ် လွန်သွားကြလေသူ ယခင် ရာခိုင်နှုန်း ၂၆.၂ % ကနေ ယခု နောက် ထပ်တိုးတွေ နဲ့ပါ ဆိုလျင် ၂၉.၄ % ရှိသွားပါပြီ . ၂၉ % ခန့်ဆိုတောာ့ ၊ အား လုံးရဲ့ ယခင် ၄ ပုံ ၁ ပုံ ကျော်ခန့် က နေ အခု နောက်ဆုံးစာရင်းအရ ၃ ပံု ၁ ပုံ ခန့် ဘဝ တပါးကို ပြောင်း သွားခဲ့ကြပါပြီ။
ကျန်တဲ့ ၃ ပုံ ၂ ပုံ .သူငယ်ချင်တွေ ၈၉ ဦး ခန့် က သူတို့ နောက်လိုက် ဘို့ အလှည့်ကျ စောင့်ဆိုင်း နေကြဆဲပါ။

အတော်များများက အဆက်အသွယ်တွေမရကြပါဘူး ။

မှတ်မိသလောက် တွေပါ ။ မသိလို့ ကျန်နေသူတွေ ရှိနိုင်ပါသေးမယ် ။

ဆုံးသွားသူတွေ ပြောစရာ ကျန်နေပါသေး တယ် ။
ရင်းနှီးခဲ့တဲ့ သူငယ်ချင်တွေထဲက အ ချိ ု့ပါ။
ကျန်တဲ့သူတွေထဲ ကျန်းမာရေးတွေ လဲ ချိ ု့တဲ့လာနေကြပါပြီ။
အရင်က ကိုကို မမ အရွယ်တွေကနေ ခု တော့ ဖိုးဖိုးဖွားဖွား တို့ အရွယ် တွေ ရောက်ကုန်ကြပါပြီ။မျိ ုးဆက်သစ် သားတွေ သမီးတွေ မြေးတွေ မြစ်တွေ လဲ ရနေကြပါပြီ။
အလှည့်ကျ ကံစီမံရာ အတိုင်း ကျွန်တော်တို့ တစ်တွေလည်း သွားနှင့်လေသူ မိတ်ဆွေများ းနောက် ကို ဆက် လိုက်ကြရမှာပါ။
ဆရာ ဇော်ဂျီရဲ့ သင်သေသွား သော် ကဗျာ လေးကို အမှတ်ရမိပါတယ် ။
သင် မကွယ် လွန် မီ နိုင်ငံ အကျိ ုး မိသားစုအကျိ ုး ၊ကိုယ့် ပတ်ဝန်ကျင်ကောင်း

ကျိ ုး၊လောက ကောင်းကျိ ုး၊ သင်ဘာတွေ လုပ်ခဲ့သလဲတဲ့ ။သင့် ကောင်းတဲ့လုပ်ရပ်တွေ – အများအတွက် ကျန်ရစ်ခဲ့စေချင်တယ်တဲ့ ။ဆရာဇော်ဂျီက ဆုံးမသဩဝါဒပေးခဲ့ပါတယ် ။
သတိပြုစရာတွေ ပါ ။

ထပ်ဖြည့် /



ရွှေတိဂုံဘုရားမှာ ဂေါပက အဖွဲ့ဝင်လုပ်ခဲ့ဘူးတဲ့ ကိုမောင်ပီ ဆုံးတာ ကြားတယ် ။

မှတ်မှတ်ရရ

ကျွန်တော်တို့နှစ်မှာ ကျောင်းပြီးခါနီး အမှတ်တရ ဓာတ်ပုံ ရိုက်ခဲ့ကြစဉ် ထူးခြားတဲ့ဖြစ်ရပ် လေးရှိခဲ့တယ် ။ စုပေါင်းဓာတ်ပံုထဲ့မှာ ကျောင်းသားတွေရဲ့ ဝတ်စားဆင်ယင် ပံုကိုသတိပြ ုမိသူများတွေ့နိုင်ပါတယ် ။ ကျွန်တော်တို့လို သာမန် အဝတ်အစားနဲ့ဓာတ်ပံုရိုက် ကြသူများပါတယ် ။ ဓာတ်ပံုမရီုက်ခင် တစ်နေ့မှာ အချင်းချင်းသိထားတာက အချို့ က အနောက်တိုင်းဝတ်စုံ နဲ့ရိုက်ကြမယ် ဆိုတာကို သူငယ်ချင်းတွေအချင်းချင်းကြို သိထားကြတယ် . သူတို့က အနောက်တိုင်းနက်ကတိုင်နဲ့ရိုက်ရင် ဒို့က ကြက်သရေခေါင်းပေါင်းနဲ့ရိုက်မယ် ဆိုတဲ့ အဖွဲ့ ပေါ်လာ တယ် ။ ကျိတ်ပြီးလူစုကြစည်းရံုးကြတယ် ။ ဓာတ်ပံရိုက်တဲ့နေ့မှာ မြန်မာဝတ်စဲံု တွေ နဲ့ မောင့်ကြက်သရေခေါင်းပေါင်းတွေနဲ့ ကျောင်းသားအုပ်စု တွေ ကို ဓာတ်ပံုရိုက်ခါနီးမှာ မားမား နဲ့ အုပ်စုလိုက် ဝင်လာတာ တွေ့ လိုက်ကြတော့ အချင်းချင်း လက်တို့ပြီး သဘောကျ အံ့ဩ ကုန်ကြတယ်
ဥရောပ ဝတ်စံုနဲ့ စမတ်ကျကျ ဝတ်စားထားကြတဲ့ ကျောင်းသားတွေနဲ့အပြိုင် မြန်မာဝတ်စုံ ပြည့်နဲ့ ဖြစ်သွားတယ် ။
လွန်ခဲ့သော အနှစ် ၅၀ က ကျွန် တော်တို့ လူငယ် ချာတိတ် အင်ဂျင် နီယာ လောင်းတွေရဲ့ မခံချင်လို့ ပြိုင်ခဲ့ကြတဲ့
အမှတ်တရ စုပေါင်းဓာတ်ပံုထဲက မှတ်မှတိရရ Group Photo တွေပါဘဲ ခငိဗျား ။
ကျွန်တော်တို့ခေတ်မှာ ပေါ်လာတဲ့ ဓာတ်ပုံဆရာ မောင်မောင်ညှပ်ကလဲတော်သလားမပြော နဲ့ ။ လူ၁၀၀ ခန့်. ဒီလောက်များတဲ့ကျောင်းသားတွေ အားလုံး ကိုမြင်ကွင်းထဲ အကုန်ဝင်အောင် RIT ကျောင်းတော်ကြီးနောက်ခံထားပြီးရိုက်ပေးနိုင်ခဲ့တယ် ။

မိတ်ဆွေ သူငယ်ချင်း အပေါင်းကို သတိရစွာဖြင့်

အေးမြင်ိ့ ( ညောင်တုန်း )

၂၇/၃/၂၀၂၂

( edited and revised )

၁၆/၃/၂၀၁၉
( Edited and Added on 16/3/2022 )

ရည် ညွှန်း

ဆရာဇော်ဂျီ၏ သင်သေသွားသော် ကဗျာ ။
နှင့် အတူ
လွန်ခဲ့သော နှစ် ၅၀ ခန့် ကကျွန်တော် ကျောင်းသားဘဝမှာ ရေးခဲ့တဲ့ အို/နာ/သေ သရုပ်ဖေါ် ပန်းချီ ၊ နှင့် သက္ကရာဇ် ၂၀၀၀ ပြည့်အလွန် ၂၀၀၅ ခန့်က
ညောင်တုန်းသားပန်းချီဝင်းမြင့်မိုးလကိရာ ပဲခူးဘုရား သီရီမင်္ဂလာဆုတောင်းပြည့်စေတီ မတည်မီ စိတ်ကူး ဘုရား ပန်းချီပုံ။