Water Security : Sand Dams မိုးနဲ ရေရှား ဒေသ မြေအောက် သဲတမံများ

တွေးမိတွေးရာ ရေးမိရေးရာ. (၁၂ ) ။မှ ပြန်လည်ဖေါ်ပြပါသည် ။

သဲထဲက မြေအောက် တမံ၊

Sand Dam ဘယ်လို တည်ဆောက်မလဲ။

နွေ ရောက်ပြီ။

ရေရှားပါးပြတ် လပ် လာတော့ မယ် ။

အထူးသဖြင့် အညာဒေသ။

အော က် ပြည် အော က်ရွာ တွေမှာလဲ ရေရှား တာတွေဖြစ်ခဲ့ ဘူးတယ်. ။

၂၀၁၁/၂၀၁၂ခန့်က နွေခေါင်ခေါင် မှာ တစ် နိုင်လုံးရေရှားပါးပြတ်လပ် ခဲ့ ဘူးတယ်။

ရေအလှူရှင်တွေနဲ့ ရေပြသနာ ဖြေရှင်း ခဲ့ ကြပါတယ် ။

သဲချောင်း တွေ ပေါ တဲ့ အညာဒေသ မိုးနည်း ရပ်ဝန်းဒေသ ။

စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းတွေမှာ နွေအခါ ရေရှားတတ် ကြ ပါ တယ် ။

ကြ ို တင် ပြင် ဆင် သင့် ကြပြီ။

မိုးကုန်သည်နှင့် စတင်ရေစုသင့်.ကြပြီ။

သဲချောင်းတွေအောက်မှာ အသေ းစား တမံ တား ပြီး ၊ မမြင်ရတဲ့ မြေအောက် မှာ အလွယ်တကူ ရေစု လို့ ရတဲ့ နည်း ရှိ နေ ပါ ပြီ။

ရေနံချောင်း ဒေသမှာ လုပ်နေ ကြကတာ လက်တေ ွ့ အောင်မြင် တဲ့ သတင်းတွေ

ဝမ်းသာစရာကြားနေရပါတယ် ။

မြေအောက်သံ. ကြော ထဲ မှာ သဲတမံ ကို ဘ ယ် လို တည်ဆော က်ကြမလဲ။

သဲချောင်းတွေထဲမှာ

သဲကြောအောက်ခံ ရွှံ့အမာခံ မူလချေ ာင်း အောက် ခံ မြေလွှာထိ သဲချောင်းတစ်လျေက်ချောင်းဆင်ခြေလျောအလိုက် မြေအောက် သဲထဲမှာ သဲ တမံတွေအဆင့်ဆင့် တား ပြီး cascade of underground dam inside sand layer လုပ်နိုင်ရင် အညာဒေသရေရှားပြသနာ အလွယ်ကလေး ရှင်းပေးနိုင်တယ် ။ဘာမှခက်တာမဟုတ်။ ငွေကုန်လည်းနည်းတယ်။ သဲထဲ မြ ုပ် ပြီး ဆောက် မဲ့ တမံရဲ့ဒီဇိုင်းသဘောအရ တ မံအတွင်းအပြင် မှာ သက်ရောက်အား တွေက active pressure/ passive pressure ၂ ဘက်စလုံးသဲဖို့ ပိတ်ထားလို့ တူညီသလောက် နီးပါးမို့ သဲမြေအောက်တမံ structure design မရှုတ်ထွေး ဘူး ။မခက်ဘူး ။လွ ယ်တယ် ။

သဲ ကြောထဲက ရွှံ့ မြေသား တမံ ဆောက်ရင် ရေလှောင်တတဲ့ဘက်မှာ စုနိုင်မဲ့ ရေအနက်ပေ အရ၊ ရေဖိအား အသင့် အတင့်ရှိလို့ ရွှံ့ မြေသာ း တမံထုရဲ့အောက်ခြေ ကျဉ် း ကျဉ်းမှာ တမဲ အ ပြင်ဘက် ဆင်ခြေ လျောကို ရေစု မဲ့ တမံအတွင်း ဘက် ဆင်ခြေလျောထက် အထိုက်အလျောက် ပိုေ ြ ပလျော ဘို့တော့ လိုပါမယ် ။ တမံ အတွင်ဘက် မှာ လှာင်နိုင်မဲ့ ရေအနက်ပေါ်မူ တည် ပြီး တမံ အပြင် ဘက် အောက်ဘက် တမံ ရဲ့ ဆင်ခြေ လျော ကိုရွး ခြယ် ရ ပါတယ်။

ချောင်းမကျယ်ဘူး။ မနက်ဘူးဆိုရင် င်Sheet pile သပ်ပြားကို သစ်သားဖြစ်ဖြစ် ၊စတီး သံ ပြား ဖြစ်ဖြစ် pvc ဖိုင်ဘာ၊ ပလပ်စတစ်ပြားတွေ နဲ့ဖြစ်ဖြစ်၊ ရေလုံအောင် ထပ်သားပေး ပြီး ရိုက် သွင်းလို့ရသေးတယ် ။ သုံးမဲ့ ငွေ ကြေ း အင် အား မူတည်ပါတယ် ။

အလွယ်ဆုံး. နောက်တစ်နည်းက

သဲကိုတူး ၊ ရေလှောင်မဲ့ ဘက်ခြမ်း ပေါ်နေတဲ့ ဆင်ခြေလျော သဲမျက်နှာပြင်ပေါ် ကို ရေလုံတဲ့ ပလပတစ် အစတွေ ဖုံးအုပ်ခင်း ပြီးလဲ စမ်းနိုင်သေးတယ ်။တစ်ဘက်သဲမျက်နှာပြင် အစောင်း ပေါ်မှာ ဖြန့်ခင်းပိတ်ထားတဲ့ ပလပ်စတစ်စပေါ်ကို သဲတွေ ပြန်ခင်းပိတ်. ်ပြီး သဲကြောထဲမှာ မြုပ် ထာရမယ်။သဲကြောဲ ထဲ. စီးနေတဲ့ ရေတွေကိုတားထ ား ၊ စု ထား ၊ လှောင်ထား လို့ ရပါပြီ။

ငွေကြေး အသက် သာ. ဆံ ု း နဲ့ အလွယ် ကူဆုံးနည်း က တော့ သဲချောင်း နဲ့ နီးရာဒေသမှာ ရွှ ံ့ စေးမြေ ၊ ရှ ွံ့ေ မြ ရှာ ပါ ။ သဲချောင်း ကို ရေတား ဘို့ ကန့် လန့် ဖြတ် တူး ပြီး ။ ရွှံ့ ေ မြနဲ့ ပြန်အစားထို း ပြန် ဖြည့် ဖို့ပါ။ ရွှံ့ ေ မြက ရေကိုတားထားနိုင်တယ် ။ ရေစိမ့်အားနည်းတယ် ။စိမ့်ရေကို ခပ်လှမ်းလှမ်းသင့်ရာနေရာမှာ နောက်ထပ် သဲတမံ ထပ်ဆောက် ပြီးရေကိုတားယူ ထားနိုင်သေးတယ် ။

ဒီနည်းနဲ့ သဲချောင်းထဲကရေတွေ ပေးမစီးစေတော့ဘဲ့ သဲထုထဲမှာရေတွေ စု ထား နိုင် ပြီ။တမံနောက်မှာရေပြည့်လို့ လျံကျစီးဆင်းလာမဲ့သဲထဲကရေကို နောက်တစ်နေရာမှာ တမံတစ်ခုထပ် ဆောက်ပြီးရေထပ်စုနိုင်သေးတယ်

ဒီနည်းနဲ့သဲချောင်းတစ်လျောက်မှာသဲတမံတွေဆင့်ကဲဆင့်ကဲ ဆောက်ပြီးသဲထဲကမြေအောက်ရေတွေကို ဖမ်းယူစုဆောင်းနိုင်ပါတယ်

နွေ ရောက်လို့ရေရှားတာနဲ့ သဲချောင်းတွေမှာ လက်ယက် တွင်းတွေ တူး ကြ၊ ရွာသူတွေရေလာ ခပ် ကြတယ် ။ခါတိုင်းနှစ်တွေထက် လက်ယက်တွင်းထဲကရေတွေ အလွယ်တကူ လျော့ မ သွားနိုင်တော့ပါ ဘူး။

ဘာလုပ်လုပ်အလွယ်လေး။ လွယ်လွန်းပီးကုန်ကျစရိတ်နည်းလို့ လားမသိ၊ လူကြီးတွေ တာဝန်ရှိသူတွေစိတ်မဝင်စားတာလား၊ ခေတ်အဆက်ဆက် ရေရှား ပြ သနာ ဖြစ်နေခဲ့တာ ပါ ။ မသိကြတာလဲ ဖြစ်နိုင် ပါ တယ် ။ယနေ့ခေတ်လူငယ်တွေစိတ်ကူးကောင်းကြပါတယ် ။ လူ ကြီးတွေ ၊ တာဝန်ရှိသူတွေ ကအားပေး.ကြ ဘို့ဘဲလိုပါတယ် ။ အာဖရိကနိုင်ငံတွေ၊ ဆူဒန် နဲ့ ပါကစ္စတန်နိုင်ငံတွေမှာ တွင် ကျယ်စွာ ုအ သုံ း ပြ ု နေကြကြော င်း နိုင်ငံတကာ မိတ်ဆွေများ ထံက လဲကြားသိခဲ့ ရဘူး ပါတယ် ။

မြန်မာမှာတော့

နွေရောက်လို့ရေရှားမှ ငယ်သံပါအောင်တစ်နိုင်ငံလုံးအော်ကြ ငိုကြ လုပ်တတ်ကြ၊ ရေအလှူတွေ ပေးကြ လှ ူ ကြတာ တွေ သာ အရင်နှစ်တွေမှာ တွေ့ ခဲ့ ရဘူးပါတယ် ။

ခုတော့သဲတမံတွေ စမ်း သပ်လုပ်. ကြ၊ သဲချောင်းထဲမှာ ရေစု နေကြ၊ အော င် မြ င် နေ ကြတဲ့ သတင်းတွေ ဝမ်းသာစရာ ကြား နေရပါ တယ်။

ပူးတွဲ ပုံပါနည်းက သဲချေ ာ င်း ပေါ် မှာ တ ည် ဆောက်ပြီး တမံ နောက်မှာ သဲတွေပြည့်သွား စေတဲ့သဲစုပြီး ရေလေ ှာင် တဲ့ သံထဲရေစုတဲ့နည်းပါ။

ကျွနိတော် အဆိုပြ ု ဖေ ါ် ပြ ထား တဲ့ နည်းက သံချောင်း အထဲမှာ ရေတားတဲ့ နည်း ပါ ။

ငွေ ကြေး အ င် အား အရ မိမိတို့ ကြိ ု က် ရာ နည်းန ဲ့ သဲချောင်းထဲက ရေကိုတားဆည်းနိုင် ကြပါတယ် ။

Face book ပေါ် က နှိုးဆွပေးသူ ဝါသနာရှင်ပညာရှင်ကို ကျေးဇူးတင်ရပါတယ် ။

နိုင်ငံအကျိုးဆထက်တိုးထမ်း ဆောင်နိုင်ကြ ပါစေ။

ကိုဗစ်ရောဂါ ဘေး လဲ ကင်းစင်ဝေးပါစေ ခင် ဗျား။

မရှင်းလင်းက ၊အခက်အခဲရှိက မေးမြန်းစုံစမ်းနိုင်ပါတယ် ခင်ဗျား။

အေးမြင့်(ညောင်တုန်း)

(Edited and Revised 27/12/2021)

ရည်ညွှန်း (၁)

ရေနံ့သာ ဒင်းဂါးpost

22july 2021

Sand dam

“””””””””””””””””'”

သဲချောင်းကို ရေမစိမ့်နိုင်တဲ့အောက်ခံမြေသားထိတူးပြီး တမံငယ်လေးဖြတ်ပိတ်လိုက်တယ် ။

မိုးကာလရေစီးချိန် တမံအထက်မှာ သဲတွေပို့သွားတယ်

ရေမစိမ့်နိုင်တဲ့မြေထိတမံပိတ်ထားလို့ ရေတွေကထွက်စရာမရှိဘူး

သဲတွေထဲမှာ ရေ 20-40% ခိုအောင်းနေတယ်

နွေရေရှားရင်ထုတ်သုံးယုံပဲ

သဲထဲကရေမို့ အငွေ့မပျံဘူး

အညစ်ကြေးနည်းတယ်

ခိုအောင်းနေတဲ့ရေတွေကြောင့် ချောင်းချောက်ဘေးဝဲယာ စိမ်းလန်းလာတယ်

တမံစာရိတ်က ရတဲ့အကျိုးကျေးဇူးနဲ့ယှဉ်ရင် မပြောပလောက်ဖူး

တပိုင်တစ်နိုင်လုပ်နိုင်တယ်

အခြားတိုင်းပြည်တွေမှာရှိတယ်

သဲချောင်းတွေပေါပြိးရေရှားတဲ့အညာဒေသအတွက် အဖြေဖြစ်နိုင်တယ်

ယခု ရာသီဥတုနဲ့က နည်းပညာအသစ် စရိတ်နည်းတွေ လုပ်ပြီးသုံးတာ ပိုအကျိုးရှိနိင်ပါတယ်

Credit- ဆရာထွန်းခေါင်ဦး(၂)

——-

ရည်ညှ ွန်း(၂)

တွေးမိတွေးရာ ရေးမိရေးရာ(၃၂)

၂၃/၉/၂၀၁၆ က ခံစား ရေးခဲ့ဘူးတာပါ။ြ

မြန်မာတွေအတွက် ဖြစ်စေလွန်းခဲ့တဲ့ဆန္ဒ နဲ့လက်တွေ့အလုပ်။

Underground Storage Reservoirs

For Myanmar

One of my past Facebook post appeared in 2014 is about a drinking water storage pond when I inspected the drinking water storage pond at Dala ,located at the other side of Yangon River .

The works came into being when Myanmar faced a severe drought happening in all over our country in 2011 and later years that most of he drinking water storage ponds were dried up .

I also had an interview with DVB news agency about this subject and case in the past ( which included as an attachment in the published book )

We brainstormed how to solve the drinking water shortage problems in Myanmar and found some solutions including this one .

One drinking water storage pond in Dala township was chosen as a pilot project and many more were tested in some locations of dry zone of Myanmar .

I monitored some ponds for the results and outcomes .

Our senior engineer U Htwe Myint ,who had recently passed away ,also interested in these subject and he even wrote a booklet about this matter as a case study and published for the public to apply if they needed . We supported him for the data and some information required for his book .

I and my friend author U Kyaw Oo ( who is trying to publish a book on ” Rainwater Harvesting ” in coming years ) , are now trying to publish a second revised edition of my senior engineer advisor’s original book with inclusion of our latest findings on this subject and other water related matters .

Based on this water shortage challenges and issues facing in Myanmar I am also brain storming my self to formulate and implement an under ground storage reservoir idea and concept , to be chosen in a place of appropriately and strategically located sand rivers in central dry zone .

I had once inspected some sand rivers in some place of Magwe region .

I met some Africans in Stockholm Water Week event in Sweden in 2014 and found out that they had many sand dams constructed in water scarred areas of Africa and very useful to the rural villagers .

Recently I met one Pakistan consultant engineer in Indonesia who had done such sand dams in Sudan , Africa.

I would like to formulate and implement such an easy innovative and alternative solution for water stressed areas of Myanmar especially in sand rivers of dry zone areas .

I assumed that these underground reservoir might have less or no evaporation losses compared to land based storage reservoirs and drinking water storage ponds normally and generally applied and constructed in Myanmar .I assumed that It is also environmentally friendly underground storage dams without much water borne disease germs like surface waters stored in canal and ponds .

Then we can get the cleaner drinking water under the sand rivers though the volume of storage water may be much lesser quantity due to existing bulk volume of sands deposited within along the river stretch .So we need to find the rivers with coarse grained sand rivers to get much higher volume of storage water .

We need to collect relevant data, information and some investigation works to design and formulate such a proper under ground storage reservoir .

I would like to discuss with one relevant professionals in detail to get some feed back and some data and information on this subject matters if you all can be available , since some are a ground water specialist and some are expert Hydrogeologist in Myanmar .

After we got the typical design and information ,I would like to distribute our works and results freely to the public who need to implement such an innovative idea in Myanmar by constructing an under ground reservoir in fresh water scarced regions of our country .

They may also need a pre- or full feasibility study before implementing the works .

Brain stormed by

Aye Myint ( Nyaungdone )

NEPS Co.

Sent from my iPad Air 2

————————–

ရည် ညွှန်း ( ၃)

တွေးမိတွေးရာ

ရေးမိရေးရာ ( ၇၄ )

မြေအောက် သဲတမံ

မြေအောက်က ရေလှောင်ကန်

သဲကြောထဲက ရေ လှေ ာင် တမံ

မြန်မာပြည်အလယ်ပိုင်း အပူပိုင်းဇုံတွင် နွေရာသီ ပူပြင်းခြေက်သွေ့ ခါ

ရေတွင်းရေကန် အများ ရေငွေ့ ပြန်ခါ မကြာခန ရေခန်းခြောက် သည့်

အဖြစ်များနှင့် သောက်ရေသုံးရေများရှားပါးပြတ်လပ်သည့် အဖြစ်များ မကြာခန ကြားသိနေရပါသည်

သဲချောင်းများအောက်တွ င် မိုးရာသီက စိမ့်ဆင်းစီးနေသော မိုးရေများ ဖြင့် မိုးနှောင်းကာလတွင် အပြည့်ရှိပေရာ နွေရောက်လာသည်နှင့် သဲ ချောင်းများ အောက်က မြေအောက်ရေများ သည် နောက်ဆုံးစီးဝင်ရာ မြစ်ချောင်းကြီးများထဲ သို့ စီးဝင် ရောက် ရှိ သွားပြီး သံချောင်းထဲကရေများ တစ်စတစ်စ လျော့နည်း ခန်းခြောက် ကုန် လာပါသည်

ဒေသခံများ ရွာသူများ အုပ်စုဖွဲ၍ သဲချောင်းများရှိ လက်ယက်တွင်းထဲမှရေများ ကို ဝေးလံစွာ သွားရောက် ရေခပ်သယ်ယူကြရ သည်ကို တွေ့နေကြရပါသည် ပူပြင်းသောနွေရာသီရောက်လာသည်နှင့် သဲထဲမှလက်ယက်တွင်းထဲက ရေများ လည်း တဖြည်းဖြည်းခပ်ယူရတာ ဝေးသွားခါ ကြာလျင် ခန်းခြောက် ကုန် ကြပါသည်

အညာဒေသ အပူပိုင်း ဇုံတွင် နှစ်ပေါင်းများစွာက မျောပါစီးဆင်းစုပုံနေသည့် သဲထုပမာဏများစွာဖြင့် ပြည့်နေသည့် သဲချောင်းများ အများအပြားရှိကြပါသည် သဲထုအနက် ပေ ၅ပေနှင့်အထက် ၁၀ ပေလန့်အထိပင် ရှိနေကြပါသည်

သဲချောင်းများထဲတွင် မိုးရာသီကအောင်းထားသော မိုးရေများသည် နွေရာသီတွင် စီးဆင်း လျော့နည်းသည့်အဖြစ်များ ဖြင့် ကြုံ တွေ့ နေကြ ပါသည်

မြေအောက်သဲတမံဆို သည် မှာ သံချောင်းအောက်တွင် သံများကို ခေတ္တခန ဖယ်ရှားပြီး အမာခံ ရွှံ့ မြေသားပါးပါးဖြင့် သော်လည်းကောင်း သစ်သားပြား ဝါး မျောတိုင် သွပ်ပြားသံပြား စသည့် သပ်များ ရိုက်သွင်း၍သော်လည်းကောင်း အနီးအနားမှ အလွယ်တကူ နိုင်သည့် ကျောက်တုံးကျောက်ခဲများစုပုံ၍သော်လည်းကောင်း အုတ်များစုပုံ ထပ်ပုံ ၍သော်လည်းကောင်း လွယ်လွယ်ကုကူဖြင့် ရေတားတမံ တည်ဆောက်ခါ သဲများဖြင့်ပင် တမံရှေ့နောက်နှစ်ဘက်တွင် ပြန်ဖုံး ပိတ်ရသည့် မြေအောက်က ရေလှောင်တမံ ဖြစ်ပါသည်

သဲထုထဲကတမံဖြစ်ပေရာ အကုန်အကျ အလွန် နည်းပြီး ရွာသူရွာသာူများ ကိုယ်တိုင်ပင်လျင် အလွယ်တကူဆောင်ရွက်နိုင်သော ရေစုဆောင်းနည်းဖြစ်ပါသည်

မြေအောက်က သဲတတွင်ရေမလုံသ ဖြင့် ရေစိမ့်စီးခါ ရေဆုံးရှုံး မည်ကိုလည်း ပူပင်စရာမလို ပါ

သဲချောင်းမကြီးတစ် လျောက်တွင် ဘူမိရုပ်သွင် ကို လေ့လာနိုင်ကလေ့လာဆန်းစစ်၍သော်လည်းကောင်း သဲချောင်းအောက် ချောင်း၏ အောက်ခံ အမာခံ အောက်ခြေ ချောင်း မျက်နှာပြင် အနိမ့်အမြင့် ဆင်ခြေလျော ကို သဲကိုတုး ခါ တိုင်းတာ မှတ်သား၍ သော်လည်းကောင်း လေ့လာခါ ချောင်းတစ်လျောက် မြေအောက်သံတမံများ ဆင်ခြေလျောအရ အဆင့်ဆင့် တစ်ခုပြီးတစ်ခု ဆက်ခါဆက်ခါ တည်ဆောက် ခြင်းဖြင့် စိမ့်စီးဆင်းလာသော ရေများကိုဆင့်ကဲဆင့်ကဲပြန် လည် ထိန်းစုပေးနိုင်ပါသေးသည်

လွယ်လွန်းလို့လား မသိကြ၍လား အလေးမထားကြ၍လားမသိ မိမိတို့ ပညာရှင်အင်ဂျင်နီယာအများပင် သတိမမူ ကြ မသိကြဟု ယူဆရပါသည်

မြန်မာ့ယဉ်ကျေးမှုဓလေ့သဘောအရ မြန်မာအများစုသည် တစ်ဖက်သားအပေ့ါ် စာနာထောက်ထား ကူညီယိုင်းပင်းတတ်ကြ မြဲ ဖြစ် ကြပေရာ နွေရာသီတွင် သောက်ရေသုံး ရေများရှားပါးပြတ်လပ် လာသည်နှင့် မြန်မာပြာ် တစ်ဝှမ်း တွင် ရေ ရေ ရေ ဟု တစာစာ အော် လိုက် ကြ လျင် ရေသန့်နှင့် ရေအလှူ ရှင်များ နှစ်စဉ်ပေါ်ပေါက်လာ လေ့ ရှိကြောင်း လေ့လာ တွေ့ရှိရပါသည်

မကြာသေးသော နှစ်များက မြန်မာနိုင်ငံအဝှမ်းဖြစ်ခဲ့ကြ ကြုံ ခဲ့ ရ တွေ့ခဲ့ရ သိခဲ့ရ သော ရေရှားပါး အ ဖြစ်များပါ

မြန်မာများ၏ မိရိုးဖလာ ရေလှ ူပြီး ကူညီယိုင်းပင် းတတ် ကြသော ဓလေ့စရိုက်ဖြစ်၍ ဝမ်းသာ ကြည်နူး စရာပါ

သို့ရာ တွင်

အစဉ်အမြဲဖြစ်နေတတ်သော ရေရှားပါး ပြသနာအတွက် ရေလှ ူ ပြီး လတ်တလောဖြေရှင်း ပေးနိုင်ကြ သကဲ့သို့ ပင် ရေရှည် ဖြေရှင်းနိုင်သောနည်းများရှာဖွေရန် စိတ်ကူ းထုတ်သူ ဆောင်ရွက် လိုသူ အလွန်နည်းပါးသည်ဟု ယူဆမိပါသည်

ယခုမိမိတို့ ဖေါ်ပြထားသော သောက်သုံးရေစုဆောင်းနည်းသည် အလွန်လုပ်ကိုင် ရလွယ်ကူ ပြီး အကုန်အကျနည်းသော နည်းဖြစ်ပေရာ ရေရှားဒေသ ရှိ တာဝန်ရှိလူကြီးများ စိတ်ဝင်တစား ဖြင့် အလေးထားကြလျင် ကောင်းလေစွ ဟု သဘောထားမိပါသည်

မြန်မာပြည် အဝှမ်း မည်မျှအတိုင်းအတာအထိ ဆောင်ရွက် လလုပ်ကိုင်နေကြသည်ကို စာရင်းဇယား လေ့လာ မှတ်သားမှု အားနညါးသော နိုင်ငံဖြစ် မသိရသော်လည်း ကမ္ဘာအဝှမ်းတွင် ဖွံ့ ဖြိုး ပြီးနိုင်ငံတွေသာမက ဖွံ့ဖြိုးဆဲနိုင်ငံများ တွင်ပါ ဆောင်ရွက် အသုံးချနေကြကြောင်း စရရေးဆရာကြီးဦးကျော် ဦး ရှာဖွေထောက်ပြသဖြင့် သိရှိရပါသည်

သဲတမံတည်ဆောက်အသုံး ပြ ုရေး နှင့်ပတ်သက်၍ လိုအပ်သည့်အကူအညီ နည်းပညာ အကြံညာဏ်များရယူလိုပါက မိမိတို့မှ ကူညီရန် အသင့်ရှိပါကြောင်း သတင်းစကား ပါးအပ်ပါသည်ခင်ဗျား

မိမိတို့မသိရှိသေးသည့် မြေအောက်က ရေလှောင်ကန် သဲတမံ များ မြန်မာပြည် အဝှမ်း ဆောင်ရွက်နေကြသူ များရှိပါကလည်း အတွေ့အကြုံများကို အများပြည်သူများအတွက် ထပ်ဆင့်မျှဝေပေးကြစေလိုပါသည်ခင်ဗျား

နိုင်ံရေး မဟုတ်

နိုင်ငံအရေး

နိုင်ငံတော်ပြည်အရေး

ရေအရေး ရေရေးရာ ရေကိစ္စတွေ အတွက်

တဖက်တလမ်း အကြံပေး ကူညီ ရေးသားလိုက်ရခြင်းဖြစ်ပါတယ်

အေးမြင့် ( ညောင်တုန်း )

ရေအရင်းအမြစ်အင်ဂျင်နီယာ

NEPS Co

10/12/2921

ရည်ညွှန်း

kyawoo.com 10/12/2021 ပါ

မိမိ၏ မူရင်း အတွေးအရေးများကို ဦးကျော်ဦးမှ တည်းဖြတ် ပြင်ဆင်ဖြည့်စွက် ပေထားသည့် “မြေအောက် သဲတမံ” ဆောင်းပါး ပါ သဲ တမံသဘော နှင့် တည်ဆောက်နည်းများ

မြန်မာပြည်အလယ်ပိုင်း ခြောက်သွေ့ရေရှားဒေသ သဲချောင်းများထဲ၌ ဆောက်လုပ်၍ ရေအခက်အခဲကို ဖြေရှင်းပေးနိုင်သော အေးမြင့်(ညောင်တုန်း)ရေးသားသည့် မြေအောက်သဲတမံဆောင်းပါးကို ဤလင့်ခ် https://bit.ly/3pFTNv3 တွင် ဖတ်ရှုနိုင်ပါသည်။

မြေအောက်သဲတမံ (အေးမြင့်-ညောင်တုန်း)

ON DECEMBER 10, 2021 BY UKYAWOOIN AWARENESS, RESOURCES, WATER

၂၀၁၂ က ဆွီဒင်နိုင်ငံ စတော့ဟုမ်းမှာ Stockholm Water Week ရေရက်သတ္တပတ်ကို သွားတက်ခဲ့စဉ်က မြန်မာပြည်မြစ်ဝကျွန်းပေါ် ရေစီမံမှုကိစ္စတွေ စာတမ်းတင် ဖတ်ကြားပြီး အတွေ့အကြုံ ဖလှယ်ခဲ့ပါတယ်။

Stockholm Water Week ကမ္ဘာ့ရေညီလာခံမှာ ရေအလုပ်တွေ တင်ပြ မျှဝေကြတဲ့ အာဖရိကအဖွဲ့တွေနဲ့ ဆုံခဲ့ရပါတယ်၊ သူတို့ ကျေးလက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်နေကြတဲ့ သဲချောင်းတွေထဲက သဲတမံ(Sand Dam)တွေအကြောင်း အားပါးတရ တင်ပြဆွေးနွေးကြပါတယ်၊ သဲတမံ ဆိုတာကို ပထမဆုံးကြားသိခဲ့ရခြင်းပါပဲ၊ မြေသားတမံ၊ ရွှံ့မြေနဲ့ ခိုင်ခန့်အောင် ဆောက်ရတဲ့တမံတွေသာ အဓိကလုပ်ခဲ့ဖူးသူမို့ သဲတမံဆိုတော့ ထူးဆန်းနေတယ်။

သဲတမံဆိုတာကို လေ့လာလိုက်တော့ သဲနဲ့လုပ်ထားတဲ့ မြေပေါ်တမံတင်မဟုတ်ဘူး၊ သဲချောင်းတွေရဲ့ မျက်နှာပြင်အောက် သဲထုထဲမှာဆောက်ပြီး သဲနဲ့ပဲ ပြန်ဖုံးထားတဲ့ မြေအောက်သဲတမံ (Underground Sand Dam) ကိုလည်း ဆောက်လုပ်နိုင်ကြောင်း သိလာရပါတယ်။ သဘောက သဲချောင်းတွေရဲ့ သဲထုထဲမှာ စီးနေတဲ့ရေကို အလဟသစီးမသွားစေဘဲ တားထား သိုလှောင်ထားပြီး လိုတဲ့အခါ ထုတ်သုံးကြဖို့ပါပဲ၊ ဒါ့ကြောင့် မိုးအခါရေစီးပြီး မိုးမရွာတော့ရင် ခြောက်သွားတဲ့ သဲချောင်းရှိတဲ့ ဒေသတိုင်းမှာ သဲတမံဆောက်နိုင်ပါတယ်။ အောက်ပုံကိုကြည့်ပါ။

ရေကိုတားနိုင်အောင် တမံကို ကွန်ကရစ်၊ အုတ်နဲ့ ဆောက်နိုင်သလို ကျေးလက်တွေမှာ ရနိုင်တဲ့ ရွှံ့နဲ့လည်း ဆောက်နိုင်ပါတယ်၊ ရွှံ့နဲ့ အဖိုးနည်းဝန်ပါ ဆောက်လို့ ရေနည်းနည်း စိမ့်သွားလည်း အရေးမကြီးဘူး၊ စိမ့်သွားတဲ့ရေကို တားဖို့ ချောင်းအောက်ပိုင်းမှာ နောက်ထပ်တမံတစ်ခု ထပ်ဆောက်ရုံပါပဲ၊ ဒီလို တမံတွေ ချောင်းထဲမှာ ဆင့်ကဲဆင့်ကဲ ဆောက်သွားတော့ ရေပိုလှောင်နိုင်တာပေါ့။ သဲချောင်းရှည်သလောက် အောက်ဘက်မှာ သဲတမံအများကြီး လုပ်လို့ ရသေးတယ်။

မြေအောက်သဲတမံက ရေအားပညာသဘောအရ တည်ဆောက်ရတာ လွယ်ပါတယ်၊ တမံကို ပုံစံထုတ်ရာမှာ တမံအထက်ပိုင်း upstream နဲ့ အောက်ပိုင်း downstream မှာရှိတဲ့ ရေအနက်ပေပမာဏ၊ လှောင်ထားတဲ့ ရေတွန်းအား အနည်းအများပေါ် မူတည်ပြီး ရေစိမ့်အားလည်း ခံနိုင်အောင် ဒီဇိုင်း ပုံထုတ်ရပါတယ်။ မြေအောက်တမံကို အထက်ပိုင်း အောက်ပိုင်း နှစ်ဘက်ညှပ်ပြီး ချောင်းထဲက သဲထုနဲ့ ပြန်ဖို့ထားလို့ တမံထု ကြီးကြီး မလိုဘူး၊ မြေအောက်တမံက ငြိမ်တယ်။ မြေပေါ်မြေသားတမံတွေထက် တည်ဆောက်စရိတ် မြောက်မြားစွာ သက်သာပါတယ်။

သဲတမံအငယ်စားတွေကို အလွယ်တကူဆောက်နိုင်ပေမယ့် နက်ပြီး ကျယ်တဲ့ချောင်းတွေမှာ ဆောက်မယ့် သဲတမံအကြီးစားတွေအတွက်ကိုတော့ ဘူမိဗေဒသမားတွေနဲ့ ကြိုတင်တိုင်ပင်ဖို့ လိုပါတယ်။ သဲကြော အရမ်းထူတဲ့ နေရာတွေမှာ (ရေမစိမ့်အောင်) သဲကြောထူသလောက် သဲတမံကို နက်အောင် လိုက်ဆောက်ရတာဖြစ်လို့ ကုန်ကျစရိတ် များပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေဖြစ်တဲ့ အာဖရိက ဆူဒန် ပါကစ္စတန် အာရပ်နိုင်ငံတွေက ကျေးလက်အများအပြားမှာ တွင်တွင်ကျယ်ကျယ် အသုံးချနေကြတာ တွေ့ရပါတယ်။

အောက်ပါပုံအရဆိုရင်တော့ အမေရိကန်မှာလည်း သဲတမံတွေ တည်ဆောက်အသုံးပြုနေကြကြောင်း သိရပါတယ်။

မြန်မာပြည်အလယ်ပိုင်း ခြောက်သွေ့ ရေရှားဒေသတွေက သဲချောင်းတွေ၊ တောင်ပေါ်က ဆင်းလာတဲ့ ရေတွေ စီးတဲ့ မြေပြန့်က သဲချောင်းတွေမှာ သဲတမံတွေ ဆောက်နိုင်ပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာ သဲတမံတွေ တည်ဆောက် အသုံးပြုကြတာ နည်းပါသေးတယ်။

နည်းတယ်လို့ ပြောရတာက သဲတမံဆောက်ပြီး အသုံးပြုနေကြသူတွေ ရှိတယ်၊ ဒါပေမယ့် မြန်မာပြည်ရဲ့ ထုံးစံအတိုင်း စနစ်တကျ မှတ်တမ်းတင်ထားတာမျိုး မရှိလေတော့ ဘယ်သူက ဘယ်ဌာနက

အောက်ပါပုံအရဆိုရင်တော့ အမေရိကန်မှာလည်း သဲတမံတွေ တည်ဆောက်အသုံးပြုနေကြကြောင်း သိရပါတယ်။

ဘယ်နေရာမှာ သဲတမံဆောက်ခဲ့တယ်၊ ဘယ်လိုအောင်မြင်လို့ ဒေသခံတွေမှာ ဘယ်လို အကျိုးတွေရနေတယ်၊ သို့မဟုတ် ဘယ်လို အခက်အခဲတွေကြောင့် မအောင်မြင်ဘူး ဆိုတာတွေကို သိလိုပေမယ့် အလွယ်တကူ ရှာလို့ မရနိုင်ပါဘူး။

ရှာလို့ရတဲ့ ဦးထွန်းတည်(ဖေ့စ်ဘွတ်အကောင့် Min Tun Tee) ရေးထားတဲ့အထဲက ပြန်လည်မျှဝေရရင် –

“ကျွန်တော်ကိုယ်တိုင် လေ့လာ ဒီဇိုင်းထုတ် တည်ဆောက်ခဲ့သည့် သဲတမံဟာ ချောင်းအကျယ်ပေ ၁၀၀၊ သဲထုအနက် ၁၀ ပေ ရှိတယ်၊ ကုန်ကျစရိတ်သိန်း ၇၀ ရှိပါတယ်။ ဒေါင်းသေရွာအထက်မှာ တဲကြီးကုန်းဆိုတဲ့ရွာ ရှိတယ်၊ သူ့အထက် ကပ်လျက်မှာ ချောင်းနှစ်ခုဆုံတဲ့နေရာ ရှိပါတယ်၊ ဘယ်ဘက်က ချောင်းနားမှာ မြေကြီးထဲက ထွက်လာတဲ့ရေတွေ နွေအထိ စီးနေတဲ့ ချောင်းတစ်ခု ရှိတယ်၊ အဲဒီရေတွေဟာ တဲကြီးကုန်းရွာအထိ မရောက်ဘဲ သဲထဲပြန်ဝင်သွားတယ်၊ အဲဒီနေရာမှာ သဲတမံဆောက်ရင် ရေဂါလန်သန်းနဲ့ချီပြီး လှောင်ထားနိုင်ပါတယ်“

ဦးထွန်းတည်ရေးခဲ့သည်ထဲက တွေ့သလောက် ပြန်လည်မျှဝေခြင်း ဖြစ်ပါတယ်။

အလားတူ အချို့ဒေသတွေမှာ သဲတမံတွေရှိနေကြောင်း သိရပါတယ်။ အဲဒီသဲတမံတွေကို ဘယ်လို တည်ဆောက်ခဲ့တယ်၊ ဘယ်လိုအကျိုးရှိတယ်ဆိုတဲ့ အတွေ့အကြုံတွေကို အများသိအောင် ဝေမျှကြရင်တော့ သဲချောင်းရှိပြီး ရေရှားတဲ့အညာဒေသတွေမှာ ရေဖူလုံလာပါလိမ့်မယ်။

မြေအောက်သဲတမံတင်မက မြေပေါ်သဲတမံတွေအကြောင်းကို ဟိုတောင်ဆီမှာပြိုသည့်မိုးဆောင်းပါးမှာလည်း ဖတ်ရှုလေ့လာနိုင်ကြပါတယ်။

Share this:

Click to share on Twitter (Opens in new window)Click to share on Facebook (Opens in new window)

Related

မြစ်တို့ရဲ့အခွင့်အရေး (အေးမြင့်-ညောင်တုန်း)

November 26, 2021

In “Climate Change”

ဟိုတောင်ဆီမှာပြိုသည့်မိုး

September 26, 2021

In “Floods”

မြို့ကြီးများ၌ ရေကြီးရေလျှံ ကာကွယ်ရေး (ကြည်ခင်)

December 9, 2021

In “Floods”

Post navigation

PREVIOUS

မြို့ကြီးများ၌ ရေကြီးရေလျှံ ကာကွယ်ရေး (ကြည်ခင်)