Flood ရေဘေး

FLOODS

ရေဘေး ဒုက္ခ

ကျွန်တော့်အတွေး

ကျွန်တော့် အရေးများ(၂) မှ ပြန် လည်ဖေါ်ပြပါသည် .

( စိတ်ဝင်စားသူများအတွက် သာ သီးသန့် )

၁၉၇၄ ရေကြီးဖြစ်စဉ်နဲ့ ရေဘေးဒုက္ခ

၁၉၇၄ ရေကြီးဖြစ်စဉ် တကယ် ဖြစ်ခဲ့တာ

ဆက်ဖြစ်နေပါအုံးမယ်

“ဘူတာရုံမှာ သင်္ဘောကြီးတွေ ဆိုက်လိမ့်မယ် ” ဆိုတဲ့ အဲဒီခေတ်က စတီရီယို ခေတ် သီချင်းတစ်ပုဒ်

တဘောင်လို လို ပေါ်ခဲ့တယ် ။

မဖြစ်နိုင်တာကို သီချင်းရေးဆရာက ရေးစပ် ခဲ့ပြီးအဆိုတော် မင်းမင်းလတ် ထင်တယ် သီဆိုခဲ့ပြီး

ကက်ဆက်ခွေ သီချင်းထွက်ပြီးနောက် ကျွန်တော် ဆည်မြောင်းအလုပ်စဝင်တဲ့နှစ် မေလ ၁၉၇၄ ခုနှစ် နောက်ပိုင်း မိုးရာသီ ထဲမှာဘဲ ဧရာဝတီတစ်တိုင်းလုံးရေကြီးတော့တာပါ ဘဲ ။

ဘူတာရုံ မှာ သင်္ဘောကြီးတွေ ဆိုက်ကပ် ခဲ့သော နှစ်

1974 Flood in Ayeyarwady Delta

1974 May 15 မှာ ကွျွန်တော် ဆည်မြောင်းဌာနမှာ အလုပ် စဝင်ခဲ့ပါတယ်

၁၉၇၄ ဇူလိုင် /သြဂုတ် လတွေမှာ ကျွန်တော်တို့ ခေတ်ရဲ့ ဧရာဝတီတိုင်း မှာ အကြီးမားဆုံး ရေကြီး

မှ ု ဖြစ်ပေါ် ခဲ့တယ်။

ဆည်မြောင်းတိုင်းတာရေးရုံ း (၂) မှာ ပထမဆုံး တဝန်ကျ ပါတယ်။

လက်ဦး ဆရာ ဦးစဝ်အောင်မြင့် ရဲ့ တာဝန်ပေးမှ ုနဲ့ညောင်တုန်း ဆည်မြောင်းရုံး မှာ ရေဘေး ဆည်မြောင်း အလုပ်တွေ ကူလုပ်ဘို့ လေ့လာ ဘို့ တာဝန်ပေးခံရ ပါတယ်။

အစိုးရအလုပ် ဝင်ပြီး ဧရာဝတီ ရေကြီး ဖြစ်စဉ် ကို ပထမဆုံး ကြုံခဲ့ရ မြင်တွေ့ ခဲ့ရတဲ့ ငယ်ဘဝ အင်ဂျင်နီယာ ဖြစ်စ ကာလတွေပါဘဲ ။

တာတွေ ကျိ ုးပေါက် လိုက်တဲ့ဖြစ်ခြင်း။

မြိ့ ု့ တကာ ရွာတကာ ရေ ကြီး လိုက်တဲ့ဖြစ်ခြင်း

ပြည်မှာက အသိသာဆုံး ။

အဆီုးဆိုးတကာထဲ့က အဆိုး တစ်ခု က ဘူတာရုံရေမြ ုပ်တယ်

။ရှေ ွဆံတော် ဘုရားရှေ့ ရေခတယ်

။လှေတွေ သင်္ဘောတွေ ပြည် မြို့ထဲ ရောက်လာတယ်

အံ့စရာ

တဘောင်


ဒီနေ့ထိ ကမ္ဘာ့ ဘဏ်မှာ အကြံပေး လုပ်နေတဲ့ ဆရာ သမား Dr အုန်းမြင့် က အဲဒီဖြစ်စဉ် ဧရာဝတီရေကြီး ဖြစ်စဉ် ကို စစ်ဆေး သုံးသပ်ခဲ့တဲ့ ဂန္ဓဝင် 1974 Flood Report ကြီး သူမတူအောင် ထွက်ပေါ် ခဲ့ပါတယ် ။

နောင် ဆက် ဖြစ် လာ ခဲ့ တဲ့ ရေကြီးဖြစ်စဉ်တွေ အတွက် သူ့လို Report တွေ ထွက်မလာနိုင်ခဲ့ တော့ ပါ ဘူး ။

၁၉၇၄ ခုနှစ် ရေကြီးမှ ု အကြီးအကျယ် ဖြစ်ပြီး ဆည်မြောင်းက ဆရာသမား ဒေါက်တာ အုန်းမြငိ့က ရေကြီး ဲဖြစ်စဉ် လေ့လာ သုံးသပ် ချက် အစီရင်ခံစာ စာအုပ်ကြီး ရေးသား ထွက်ပေါ် ခဲ့တာ

နောင်မှာ

ပညာရပ်ပိုင်းဆိုင်ရ ာ ရေကြီး ဖြစ်စဉ် အစီရင်ခံစာ

သူ့လို အစီရင်ခဲစာ စာအုပ် မျိ ုး ဘယ် တုံးက မှ ပြည့်ပြည့်စုံစုံ မထွက်ပေါ်လာ နိုင်ခဲ့တော့ဘူး ။

ကျွန်တော်တို့ နှောင်းလူတွေ ညံ့တာလဲပါမယ် ။

စိတ်မဝင်စားကြတော့တာလဲပါမယ်

တာဝန်ရှိသူ လူကြီး မင်းများက တာဝန်မပေးတတ်တာလဲပါမယ် ။

ရှေ့မှာ နမူနာကောင်း အရေ ကြီး ဖြစ်စဉ် လေ့လာသုံးသပ်ချက် အစီရင် ခံ့စာ စာ အုပ် ကြီး တစ်အုပ် ရှိနေလျက်နဲ့ နမူနာ မယူတတ်ကြယူရကောင်းမှန်းမသိကတြ တာ လဲပါမယ် ။

အချိန်မပေးနိုင်ကြတာလဲပါမယ်

အချိန်တွေရှိတာတောင် ဦးစား မပေးကြတာလဲ ပါမယ် ။

ကျွန်တော် လက်လှမ်းမမီလို့ မသိသေးတဲ့ အခြားအကြောင်းတွေလဲ ရှိနိုင်ပါသေးတယ် ။

မြန်မာပြည်မှာ နေရာအနှံ့မှာ နှစ်စဉ်နှစ်တိုင်း မိုးရာသီးရောက်လာတိုင်း ရေကြီး မဲ့ အန္တရာယ်ကတော့

အမြဲ တစေ မလှ ွဲမသွေ ကြုံနေ ကြ ရ အုံးမှာ ပါလို့ ပြော လို့ ရနေပါပြီ။

မြန်မာပြည်အတွက် ပြောနိုင်ပါတယ် ။

တွေ့နေ မြင်နေရတဲ့ အကြောင်းတွေရှိနေလို့ပါ။

အဲဒီတော့

ဘာလုပ်ကြမလဲ ဘာဆက်လုပ်ကြမလဲ

မြန်မာ ပညာရှင်တွေရှိပါတယ် မြန်မာတွေမညံ့ကြပါဘူး

မြန်မာပြည် ထဲမှာလဲ ရေပညာရှင်တွေရှီကြပါတယ် ။

နိုင်ငံတော်အဆင့် ရေအရင်းအမြစ် ကော်မီတီကြီး ဆိုတာ လဲ ရှိနေပါတယ်

။ဒုသမတ တစ်ယောက်က ဥက္ကဌ ပါ ။

ရေကော်မီတီကိုလဲ ဝိုင်းကူ ပံ့ ပိုးပေးဘို့ ရေပညာရှင် အကြံပေး အဖွဲ့လဲ ရှိနေပါတယ် ။

လုပ်တတ် ကြ ဘို့ဘဲ လိုပါတယ်။


တာဝန်ရှိသူ လူကြီးတွေ ပေါ် လစီ ချသူတွေ ဆုံးဖြတ်နိုင်သူတွေ

စိတ်ကူးစိတ်သန်း ကောင်းကြဘို့ဘဲ လိုပါလိမ့်မယ် လို့ တွေးထင်မိပါတယ် ။

အေးမြင့် ( ညောင် တုန်း )

၃/၈/၂၀၁၉

ရည်ညှ ွန်း (၁)

ရန်ကုန်မှာရေကြီးတဲ့နေ့

((၂ သြဂုတ်လ ၂၀၁၈ ညနေပိုင်း )

ရွှေပြည်သာ မှာ မေ့န့ က သြ ဂုတ်လ ၂ ရက်နေ့ မှာသူ့ အိမ်ထဲ ရေကြီး နေတာ ကို ဦးပေသီးက ဓာတ်ပုံရု ိက် ပြီး သက်သေ ပြပါ တယ်။

လှိင်သာ ယာ မှာလဲအတူတူပါ။

ညနေရုံးဆင်း ၅ နာရီ အိမ်ရှေ့လမ်းရေမြုပ်နေတယ် ပြောလို့ ရန်ကုန် မြစ် ရေ တက်ရေကျ အခြေခအနေ ကြည့် လိုက်တော့ ရေစတက်တုံးဘဲ ရှိသေးးတယ် ည ၈ နာရီ မှ ပင်လယ်က ဒီရေ ရန်ကုန်မြစ်ထဲမှာ ရေပြည့် ခေါင်ရေ ရောက်ပြီး မှ ပြန် ဆင်း ပြန်ကျ သွားမယ်ဆိုတာ သွားတွေ့တယ် ။

ည ၈ နာရီကျော်စစ်ကြည့် တော့ မှန်နေတယ် နောက်ပိုင်း မှာ လမ်ထဲကရေတွေ ပြန် ဆွဲချသွားပြီ။ ရေတစ်စက် မှ မရှိတော့ဘူး ။

ရန်ကုန် မှာ ရေကြီးနေတာ တွေဟာ မြိ ု့က ရန်ကုန်မြစ်ဘေး ပင်လယ် နားမှာ ရှိနေလို့ ပင်လယ် ဒီရေ နဲ့ ရေတက် ရေကျ ။။ရေပြည့် ရေစစ် တွေနဲ့ဆက်စပ်မှ ု ရှိနေပါတယ် ။

မိုးဆက်တိုက် ပြင်းပြင်းရွာချနေချိန် နဲ့ ပင်လယ် ဒီရေ တက် ချိန် တိုက်ဆိုင် သွားလို့ ကတော့ ရေနုတ်မြောင် း စနင်္စ မကောင်း တဲ့ အရပ်တွေ၊ ရေထုတ် ရေတား ရေထိန်း တံခါး စနစ် မရှိတဲ့ နေရာ တွေ အနိမ် ပိုင်း တွေ တိုင်း မှာ ရေကြီး ပါ ပြီ။

ပြောရဲပါတယ် ။

ဒါဆို ဘာဆက်လုပ် ကြမလဲ —–

——

ရည်ညှ ွန်း (၂)

August 3 / 2018 My Facebook Post

မြန်မာပြည် အဝှမ်း ရေဘေးတွေ ကြုံနေလို့ တွေးမိတွေးရာတွေး နေ ရာက

အရင်နှစ်တွေ က တွေးခဲ့ ရေးခဲ့တဲ့ ရေကြီး ကိစ္စ တွေ အကြောင်း သွားတွေ့တယ်။

စိတ်ဝင်စားသူများ ဝေန် အကြံပေး ဆွေးနွေးနိင် ကြပါတယ် ။

မြစ်ဆုံအရေး နဲ့

ဆက်စပ်နေတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ ်ဒေသဟင်္သာတ တာတစ်ကျော

ဧရာဝတီ မြစ် ရေကြီး မှ ု ပြဿနာတွေ နဲ့ ရေဘေးကာကွယ်ရေး နည်းလမ်းများ။

ဆရာ ဦးဝင်းမျိ ုးသူရဲ့ မြစ်ဆုံ ကိစ္စ Facebook Post မှာ ပူးတွဲ ဖြန့်ထားတဲ့ You Tube Post ပညာပေး ဗွီဒီယို ဖိုင် လေးကို ထပ်ဆင့် မျှဝေပေး လိုက်ပါတယ် ။

( ယခင် နှစ်တွေ က တင်ခဲ့တာပါ ။ ဘာလဲ မသီတော့ )

အချိန်တွေပြောင်းခေတ်တွေပြောင်းလာတော့ အတွေးအခေါ ် အယူအဆတွေ လဲ ခေတ်နဲ့ အညီ ပြောင်လဲနေပါတော့တယ် ။

တစ်ခေတ် တခါကရေကြီးမှ ုတွေကာကွယ်ဘို့ဆိုရင် ရေဘေးကာကွယ်ရေး မြေသား တာတမံတွေ အခိုင်အမာ တည်ဆောက်မြှင့်တင်ပြီး ကာကွယ်ခဲ့ ကြပါ တယ် ။ Structural Measure လို့ ဆိုတဲ့ အင်ဂျင်နီယာ အဆောက် အအုံ နဲ့ ဖြေရှင်းတဲ့ နည်းပေါ့ ။

ရေဘေး ကာကွယ်ရေး အလုပ်တွေ အဓိကထား လုပ်နေကြတဲ့ ကျွန်တော်တို့ ရဲ့မိခင်ဌာဆည်မြောင်း ဌာန မှာ ပင်လျင် ကျွန်တော်တို့ ကိုယ်တိုင် ဒီနည်းဘဲ အဓိကထား လုပ်ခဲ့ ကြတာ ဒီနေ့ အထိတိုင် ပါဘဲ။

ဒါပေမဲ့ နယ်သာလင်နိုင်ငံမှာ ဒီလိုမဟုတ်တော့ ဘူး၊

ကျွန်တော်တို့ကိုယ်တိုင် မြစ်ဝကျွန်းပေါ ်ဒေသ ရေစီမံခန့်ခွဲ မှ ု ပညာတွေ လေ့ လာခွင့် ရခဲ့ ကြ တဲ့ ပင်လယ်ရေမျက်နှာ ပြင်အောက်မှာနေကြတဲ့ နယ်သာလင်နိုင်ငံက ဒတ်ချ် ပညာရှင်တွေ ကိုယ်တိုင် ဒီနေ့မှာဆိုရင် ရာသီဥတုတွေ ကမောက်ကမ ပြောင်းလဲနေတတ်တဲ့ေခ တ် ကြီး နဲ့ အညီ ရေဘေးကာကွယ်ရေး နည်းစနစ် အယူအဆသစ်တွေ ကို တီထွင် ကြံဆပြီး သူတို့ နိုင်ငံမှာကို လက်တွေ့ အသုံးချနေကြတာကို မကြာမီက သတိထားမိခဲ့ ဘူးပါတယ် ။

အဓိက အခြေခံ အယူအဆ ကတော့ ရိုးရိုးစင်းစင်းလေးဘဲ။

ကျွန်ေ တာ်တို့ သက်ရှိ လူသားတစ်တွေမှာ လူ့အခွင့် အရေး နဲ့ ရပိုင်ခွင့် တွေ ရှိကြသလိုအင်ဂျင်နီယာ ဒတိချ် ပညာရှင်တွေရဲ့ အတွေူအခေါ ်ဆန်းသစ် လိုက်ပုံကအသက်ဇီဝ မရှိတဲ့ ရေ နဲ့ ပတ်သက်ပြီး ကမ္ဘာပေါ်က နေရာ ဒေသ အသီးသီးမှာ စဉ်ဆက်မပြတ်စီးဆင်းနေကြတဲ့ မြစ်ချောင်းတွေ အနေနဲ့ လဲ သူတို့မှာ လဲ လူတွေရဲ့ လူ့အခွင့် အရေး လို ဘဲ မြစ်တွေအတွက် မြစ် အခွင့် အရေးတွေ ရှိရမယ်ဆိုတဲ့ အယူအဆပါဘဲ။

မြစ်တွေရဲ့ မြစ်အခွင့်အရေးက ဘာများပါလိမ့် ။

တစ်ခြားမဟုတ်ဘူး ။

Room for the River လို့ ခေါ ်တဲ့ မြ စ်တေ ွ ေ ချာင်းတွေ မှာ ပုံ မှန်ထက် စီးဆင်းတဲ့ ရေ ၊ မြစ်ရေ ကြီး လာခဲ့ ရင် ပိုလျံ များပြားလာတဲ့ ရေတွေ ကောင်းကောင်း စီးနိုင်အောင် ရေစီးလမ်းကြောင်း အသစ် နေရာ ပေး ဘို့ ဆိုတာပါဘဲ။

တစ်ကယ်တမ်းကတော့ မြစ်တွေချေုာင်းတွေ အများစု မှာ ခုမှ တွေးခေါ် ်လာကြတယ်ဆိုတဲ့ အယူအဆ ဖြစ်တဲ့ ရေစီးဆင်းရမဲ့လမ်းကြောင်းနေရာ ဖြစ်တဲ့ မြစ်ကြောင်းတစ်လျောက်မှာ Flood Ways ခေါ ်တဲ့ေ ရကြီးချိန် ရေစီး လမ်းကြောင်းတွေက မိုးရာသီအတွက် Flood Plains

ရေလှ ွးမ်းလွင်ပြင်တွေကို သဘာဝက ဖန်တီး ပေး ထားပြီးသားပါ။

မိခင် ဧရာဝတီ မြစ်ကြီးရဲ့ မြေပြန့် လွင်ပြင် စီးဆင်းရာ မြစ်ကြောင်းတစ်လျောက်မှာ ဧရာဝတီမြစ်ကြီးဟာ နွေ အခါမှာ ရေစီး လမ်းကြောင်း က တစ်မိုင် အတွင်း မြစ်ထဲမှာ ရှိနေတတ်ပေမဲ့ မြစ်ရေကြီးတဲ့ မိုးရာသီအချိန်မှာတော့ ဧရာဝတီရဲ့ ရေသွားလမ်းကြောင်း ရေလှ ွမ်း လွင်ပြင်ဟာ အကျယ်ဆုံး နေရာတွေမှာ ၄ မိုင်ကနေ ၅ မိုင်အထိ ပင် မြစ်ပြင် အကျယ် ရှိနေတတ်ပါတယ် ။

လူသားရယ်လို စတင် ဖြစ်ထွန်း လာကတည်းက ရေကြည်ရာ မြက်နု ရာရှာ ကြတဲ့ ခေတ်အဆက်ဆက် လူသားတွေဟာ သူတို့ အတွက် လူမှ ုစီးပွ ား ဘဝကို အထောက်အကူ ပြ ုတဲ့ မြစ်ကြီးတွေ နား မြစ်ကမ်းနားဖူး ပေါ ် မှာဘဲအခြေချ နေထိုင်လာကြတာဖြစ်တော့ ဖေါ ်ပြပါ ရေလွှ မ်းလွင်ပြင် ဧရိယာ အကျယ်တွေက တစ်နှစ်ထက်တစ်နှစ် လျော့လာတော့တယ် ။ ဒီမှာ သဘာဝရဲ့ ရေစီးကြောင်းသွားရာ ရေလှ ွမ်းလွင်ပြင် Flood Plain ထဲ ကို လူတွေ နေရာ ဝင် လု နေထိုင် စိုက်ပျိ ုးကြရာကနေစတင်ပြီး လူတွေအပေါ ် မြစ်ရေကြီးမှု ပြဿနာတွေ စတော့ တာပါဘဲ။ မြစ်တွေရဲ့ မြစ်အခွင့် အရေးကို လူတွေက ဝင်ရောက် နှောက်ယှက် ဖျက်ဆီးလိုက်သလို ဖြစ်ကုန်တယ်။

ဧရာဝတီ မြစ်ရီုးတစ်လျောက် မြစ်ရေကြီးရခြင်းအကြောင်းအချက်တွေ များစွာ ရှိနိုင်တဲ့ အထဲက အရေးကြီးအချက်တစ်ခု လဲ ဖြစ်ပါတယ် ။

ဒတ်ချ် အင်ဂျင်နီယာတွေက ဒီအချက်ကို အလေးထားကြတယ်။

မူလ ရေစီး ရာ ရေ လှ ွမ်း လွင် ပြင်တွေကို ပြန်ဖေါ ်ဘို့ကြိုးစားကြတယ်။

သူ့ နိုင်ငံရဲ့ မြစ်ဝကျွန်းပေါ် တစ်ခွင်မှာ တစ်ချိန် က တာတွေဆောက် ပြီးရေဘေးကာကွယ်ခဲ့ သော် လဲဘဲမြစ်ရေကြီးမှုတွေ ပုံမှန်ဆက်ဖြစ်နေတာ တွေ့နေကြရာက တစ်ဆင့် သမရီုးကျ အတွေးအခေါ် ်ကို မြေလှန်လိုက်ပြီး ရေကြီးတတ်တဲ့ တစ်ချိ ု့ နေရာ တွေမှာ ဆောက်ပြီး တာတွေ ဖျက်ပြီး မြစ်အတွက်ရေလမ်းကြောင်း ထပ်ပေး နိုင်ဘို့ လုံလောက်တဲ့ အကွာအဝေး ရောက်တဲ့ အထိ တာတွေကို နောက်ဆုတ် ရှေ ွ ဆောက်တဲ့ အလုပ်တွေ လုပ်ကြတယ် ။ အခြား နည်းတွေလဲ သုံးကြသေးတယ်။ မဟာ ဗြ ူဟာမြာက် စီမံကိန်း Dutch New Delta Plan ဒတိချ်တို့ ရဲ့ မြစ်ဝကျွန်းပေါ ် စီမံကိန်းသစ် အနေနဲ့ အင်ဂျင်နီယာတွေက ရေးဆွဲပြီး သက်ဆိုင်ရာကို တင်ပြတော့ အစိုးရကသဘောတူခွင့်ပြုလို့ ခုဆို နယ်သာလင်နိုင်ငံမှာ နှစ်တို နှစ်ရှည် စီမံကိန်း အသွင်နဲ့ အကောင်အထည်ဖေါ ်နေကြတယ်လို့ ကြားနေရပါတယ် ။

မြစ်ဆုံ နဲ့ ပတ်သက်ပြီး ဧရာဝတီမှာ ရေကြီးတာနဲ့ ဆက်စပ်ပြီး ကမ္ဘာ့ ဘဏ်မှာ ဒီနေ့ထိ အတိုင်ပင်ခံ အင်ဂျင်နီယာ လုပ်နေတဲ့ ဝါရင့် ဆရာသ မား တစ်ဦးနဲ့ မကြာမီက မေးမြန်းဆွေးနွေးဖြစ်ခဲ့ ပါတယ် ။

ကျွန်တော်က ဆည်မြောင်း အင်ဂျင်နီယာ ပီပီ ကျွန်တော့် အယူအဆကို တင်ပြခဲ့ တယ်။

ဟင်္သာတ မှာ ရေကြီးတာကို မြစ်ဆုံ ဆည် ဆောက်ပြီးတစ်နည်းဖြေရှင်း လို့ရတယ်ဆို တဲ့ အတွေးအမြင် သဘောထားကို ဒီဇိုင်းပုံထုတ်ပိုင်းတွေ အသေးစိတ် မသိသေးတဲ့ ကျွန်တော်က

ဧရာဝတီမှာ ဖြစ်ပေါ်ကြုံတွေ့နေရတဲ့ ရေကြီးမှ ုပြဿနာတွေက်ု ဆည်မဆောက် ဘဲ တာဆင့် တာမြှင့် နည်းတွေနဲ့ လုပ်သွား လို့မရနိုင်ဘူးး လားလို့ ကျွန်တောိက လုပ်နေကျ အလုပ်ကို အခြေခံပြီးဆွေးနွေးကြည့်တယ် ။

ဆရာထောက်ပြတာ က ဧရာဝ တီ မြစ်ကြီးရဲ့ ကြမ်းခင်း မြေမျက်နာပြင်က နှစ်တိုင်း အနယ်ချ နုန်းပို့ချပြီး နှစ်တိုင်း မြစ်ကြမ်းပြင် မြင့်နေတဲ့ အတိုင်း ခင်ဗျား တာတွေ လိုက်မြှင့် နေမလား လို့ ပြန် မေးပါတယ်။

သေချာတာတစ်ခုကတော့ အများစုသော ကျွန်တော်တို့ လို အင်ဂျင်နီယာ တစ်တွေ ဟာ ဧရာဝတီအကြောင်း ပညာရပ်ပိုင်းဆိုင်ရာမှာ ကောင်းကောင်း မသိကြသေးပါဘူး ။

လေ့ လာ သုတေသန ပြ ုမှ ု အလွန်တရာ အားနည်းခဲ့ တဲ့ ကံျန်တော်တို့ နိုင်ငံ နဲ့ ကျွန်တော်တို့အင်ဂျင်နီယာ လောကသားတွေ ဟာ ဧရာဝတီနဲ့ ပတ်သက်လို့ အများကြီး ဆက်လက် လေ့လာ ဘို့ လိုနေသေးကြောင်းပါ ခင်ဗျား။

အေးမြင့် ( ညောင်တုန်း )

မြန်မာ့ နှစ်ဆန်းတစ်ရက်နေ့

——–

ရည် ညွှန်း ( ၃ )

၃/၈/၂၀၁၈

My Facebook post )

ဥရောပ ရဲ့ မြောက်ပင်လယ် တစ်ဘက်တစ်ချက်စီက ရေတံခါးကြီးနှစ်ခု

တစ်ခုက

လန်ဒန် သိမ်းမြစ် ဝက ပင်လယ်ရေကြီးမှ ုဒဏ် ုကာကွယ်ဘို့ ဆောက်ထားတဲ့ ရေတံခါးကြီး

Thames Barrier

နောက်ပိုင်းမှာ Sea Level Rise နောင်တက်လာမဲ့ ပင်လယ်ရေ အမြင့်ကို လွတ်အောင် Design ကို Modify လုပ်ပြီး Deck Platform ကို ပြန်မြှင့်မယ်လို့ ကြားခဲ့ ဘူးတယ် ။ လုပ်ဖြစ်လားမသိဘူး။

မြောက်ပင်လယ် North Sea ရဲ့ အနောက်ဘက်ချမ်းမှာ ရှိပြီး အရှေ့ဘက် ချမ်းက နယ်သာလင်နိုင်ငံထဲဖြတ်စီးတဲ့ Rhine ရိုင်းမြစ် ပင်လယ် ဝမှာ Storm Surge Barrier ရေတံခါးကြီးတစ်ခု ကို ၁၉၈၀ ဝန်းကျင် ကဆောက်ခဲ့ တာရှိတယ်။

၁၉၅၃ ခုနှစ်က မြောက်ပင်လယ်မှာ ပင်လယ်ဒီလှီ ုင်း ကြီးတွေကြောင့် ပင်လယ် ရေမျက်နှာပြင် အောက် မှာ တာတွေပတ်ပြီးတည်ထားတဲ့ နယ်သာလန်နိုင်ငံရဲ့ အနိမ့်ပိုင်း မြစ်ဝကျွန်းပေါ ်ဒေသတွေမှာ တာတွေ ရေကျော်ကျိ ုးပေါက်ပြီး ရေကြီးနစ်မြ ုပ်မှ ုတွေ လူအသေအပျောက်တွေ ကြီးကြီးမားမားဖြစ်ခဲ့တယ် ။

တစ်ချိန်ထဲ လန်ဒန်ဘက်မှာလဲ သိမ်းမြစ် ရေကြီးပြီး လန်ဒန်မြိ ု့ပါ ရေလျံခဲ့တယ်လို့ ကြားခဲ့ဘူးတယ် ။

တိုက်တိုက်ဆိုင်ဆိုင် ပဲခူးမြိ ု့အနီး ပဲခူးစစ်တောင်းတူးမြောင်းတဝိုက်မှာ ထူးထူးခြားမိုးရေချိန်၁၀ လက္မခန့် ရွာခဲ့လို့ရေကြီးမှ ုတွေ ဖြစ် ခဲ့ဘူးတယ်လို့ အကြံပေး အင်ဂျင်နီယာကြီး ဆရာ ဦးထွေးမြင့် ထံက ကြားခဲ့ ရဘူးတယ် ။

သိမ်းမြစ်ဝရေတံခါးကြီးနဲ့ ရိုင်းမြစ်ဝရေတံခါးကြီးတွေဟာ ပင်လယ်က တက်လာနိုင်တဲ့ အမြင့်ဆုံးပင်လယ် ဒီရေနဲ့ ဒီလှိုင်းဒဏ်ကာကွယ်ဘို့ ဆောက်ထားတာလို့နားလည်ရပါတယ် ။

ရေတံခါးကြီးတစ်ခုစီက School of Thought ကိုယ့် ဒီဇိုင်းအမြင်နဲ့ ကိုယ် ဆောက်ထားကြတာ သတိပြု မိပါတယ် ။

နယ်သာလန်နိုင်ငံက ဆောက်တဲ့ Eastern Schelt Storm Surge Barrier ရေတံခါးကြီးဆောက်လုပ်စ အချိန် ပင်လယ်အောက်က ကြမ်းခင်းအောက်ခံ မြေသား ပြ ုပြင်ပုံတွေနဲ့ ရေတံခါး တိုင်ကြီးတွေ ကို ပင်လယ်ထဲမှာ ကျွန်းသစ်တစ်ခု လုပ်ပြီ း တိုင်တွေ တည်ဆောက် နေတာ ၁၉၈၂ နယ်သာလန် ပညာသင်ဘဝမှာ သွားရောက်လေ့ လာခဲ့ ရပါတယ်။

——

ရည်ညှ ွန်း ( ၄ )

မြစ်အတွက် နေရာပေးပါ – “တာတွေရဲ့ ပြဿနာ”။

**************************

အမေရိကန်နိုင်ငံဟာ တစ်ဘက်မှာ နည်းပညာအရ တစ်ဘက်ကမ်းခတ်လောက်အောင် တော်ထွန်းနေပေမဲ့ တစ်ဘက်မှာလည်း ပတ်ဝန်းကျင်နဲ့ ရာသီဥတုဆိုင်ရာ တွေးခေါ်ပုံက ရာစုနှစ်တစ်ခုလောက် နောက်ကျနေတဲ့အကြောင်း၊ တာတွေရဲ့ပြဿနာ မဟုတ်ဘဲ လူတွေရဲ့ ပြဿနာကို မီးမောင်းထိုးပြတဲ့ ဆောင်းပါးတစ်ပုဒ်လို့ ခံစားမိရပါတယ်။

ဒါကလည်း ဘေးဒုက္ခတွေရဲ့ ခြိမ်းခြောက်မှုအပေါ် လူတွေဘယ်လို နားလည်လက်ခံသလဲဆိုတာအပေါ် တစ်ပိုင်းအားဖြင့် မူတည်နေပါလိမ့်မယ်။ အမေရိကန်မှာ မြစ်နဲ့တာတွေကြောင့် ဖြစ်လာ ရလာတဲ့ ဒုက္ခတွေရဲ့ ခြိမ်းခြောက်နိုင်မှုက နယ်သာလန်မှာ ပင်လယ်တွေ၊ မြစ်တွေနဲ့ တာတွေကြောင့် ဖြစ်လာခဲ့တဲ့ ခြိမ်းခြောက်မှုလောက် ပြင်းထန်ပုံမရပါဘူး။ အမေရိကန်နိုင်ငံမှာ နယ်သာလန်မှာလို မြစ်အတွက် နေရာပေးပါ အစီအစဉ် သို့မဟုတ် အလားတူအစီအစဉ်မျိုး အကောင်အထည်ဖော်နိုင်ဖို့ ခက်ခဲမယ် ဆိုတာကို ဖော်ပြနေပါတယ်။

နောက် ဘယ်သူတွေက ဘာတွေကို ဘယ်လိုလုပ်ချင်ပါတယ်လို့ ဆိုစေဦးတော့ တကယ်လုပ်ကိုင်ခွင့်ရှိသူက လက်မခံရင် လုပ်လို့ မရနိုင်ဘူးဆိုတဲ့ နိုင်ငံရေးအကွက်ကိုလည်း မြင်ရပါတယ်။ အမေရိကန်နိုင်ငံမှာ တာတမံလုပ်ငန်းတွေကို ရှေးယခင်ကတည်းက အင်ဂျင်နီယာတပ်ဖွဲ့ကသာ လုပ်လာခဲ့တာဖြစ်ပြီး ဥပဒေအရရော လွှတ်တော်နဲ့ နိုင်ငံရေးသမားတွေအပေါ်မှာပါ လွှမ်းမိုးနိုင်တဲ့ အခွင့်အရေးတွေပါ ရနေသလိုဖြစ်နေလို့ ဒီအဖွဲ့ကိုကျော်ပြီး တခြားပညာရှင်တွေရဲ့ အမြင်တွေက တိုးမပေါက်နိုင်တာကိုလည်း ခံစားလို့ ရပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်မီးနဲ့ပတ်သက်ပြီး အများက နည်းမျိုးစုံနဲ့ အကြံပြုတောင်းဆိုနေကြပေမဲ့ တကယ်သော့ကိုင်ထားတဲ့ စွမ်းအင်နဲ့လျှပ်စစ်ဝန်ကြီးဌာနကသာ အခရာကျ ဆုံးဖြတ်သူ ဖြစ်နေသလိုပါပဲ။ သူမလုပ်ချင်ရင် ပြောသမျှဆိုသမျှတွေက အလဟသ ဖြစ်သွားရဖို့သာ ရှိပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ဆယ်စုနှစ်တွေကြာပြီးမှ ဖြစ်လာရလာတဲ့ မှားယွင်းမှုရဲ့ အဖြေတွေအတွက် တာဝန်ယူ တာဝန်ခံမှု ရနိုင်ဖို့ဆိုတာကလည်း အလွန်ခဲယဉ်းပါလိမ့်မယ်။

မြစ်ချောင်းတွေနဲ့ ပတ်သက်ရင် လက်ရှိမြန်မာနိုင်ငံမှာတော့ ေ ငွကြေးရင်းနှီးမြှုပ်နှံမှု အပါအဝင် မူဝါဒဆိုင်ရာတွေမှာပါ လွှမ်းမိုးထားနိုင်တာက အမျိုးသားရေအရင်းအမြစ် စီမံခန့်ခွဲမှု ကော်မီတီပဲ ဖြစ်ပါတယ်။ တစ်ကျောင်းတစ်ဂါထာ တစ်ဌာနတစ်မျိုး လုပ်နေကြမဲ့အစား ပူးပေါင်းလုပ်ဆောင်နိုင်ရင် ပိုကောင်းမှာ ဖြစ်ပါတယ်။ သို့သော် ဒီကော်မီတီရဲ့ အစည်းအဝေးတွေ လုပ်ဆောင်မှုတွေကို တွေ့နေရပေမဲ့ တကယ့် မြေပြင်ပေါ်နဲ့ ရေပြင်ထဲမှာ လက်တွေ့အကျိုးတွေရော ငွေကြေးဆိုင်ရာ အကျိုးဖြစ်မှုတွေ ဘယ်လောက် ရှိလာနေပြီလဲ ဆိုတာတော့ ထင်ထင်ရှားရှား မမြင်ရသေးပါဘူး။ အချိန်မကျသေးဘူးလို့ပဲ မှတ်ယူစောင့်ကြည့်နေရပါဦးမယ်။

မြန်မာနိုင်ငံမှာ အများအားဖြင့် အစိုးရဌာနတွေက “သာယာဇုန်” (Comfort zone) ထဲမှာပဲ နေတတ်ကြလို့ နည်းပညာအရရော လုပ်နိုင်စွမ်းပါ သမားရိုးကျပုံစံတွေကနေ ခွဲထက်စွမ်းဆောင်ဖို့ ခဲယဉ်းကြလေ့ ရှိပါတယ်။ ဒါပေမဲ့ အမေရိကန်မှာ အင်ဂျင်နီယာတပ်ဖွဲ့ရဲ့ အားကြီးလွှမ်းမိုးမှုမျိုး၊ လုပ်သင့်တာထက် လုပ်နိုင်တာကိုပဲ ဦးစားပေး လုပ်နေတာမျိုးထက် နည်းပညာအရရော ငွေကြေးအရပါ ပိုမိုအကျိုးရှိပြီး ရှေရှည်အတွက်ပါ ကောင်းမွန်ခေတ်မီတဲ့နည်းလမ်းတွေနဲ့ လုပ်ဆောင်နေတာမျိုးကိုသာ မြင်ချင်မိပါတယ်။

မြစ်အတွက် နေရာပေးပါ – “တာတွေရဲ့ ပြဿနာ”

Room for the River – “The Problem with Levees”

သိန်းမော် (သြဂုတ်လ ၃ ရက်၊ ၂ဝ၁၉ ခုနှစ်) ဆောင်းပါး။

*********************************

(ရေကြီးရေလျှံမှုတွေကို တားဆီးကာကွယ်ရာမှာ တာတွေဟာ အလွန်အဖိုးတန်ပါတယ်။ ဒါပေမဲ့ သူတို့တစ်မျိုးတည်း အပေါ်မှာ မှီခိုလွန်းနေတာက အလုပ်မဖြစ်ဘူးဆိုတာ လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုကထဲက သိခဲ့ကြတဲ့အရာပါ။)

မစ္စစ်စီပီ၊ မစ်ဆိုရီ၊ အိုဟိုင်ယိုး၊ အီလီနွာနှင့် အခြား များစွာသော အမေရိကန်နိုင်ငံအတွင်းရှိ မြစ်ကြီးများအားလုံး၏ သမိုင်းတစ်လျှောက် ရေကြီးရေလျှံမှုများ ကြုံခဲ့ကြရသည်။ လူမှုအသိုင်းအဝိုင်းများ အများစုကြား သမိုင်းဘာသာ ကျောင်းသင်ခန်းစာများအတွင်းနှင့် မိသားစုထမင်းဝိုင်းများအတွင်း ၁၉၂၇၊ ၁၉၃၇၊ ၁၉၉၃ နှင့် ၂ဝ၁၁ ခုနှစ် ရေကြီးရေလျှံဖြစ်မှုကြီးများအကြောင်း အမှတ်တရ ရှိနေကြဆဲ ပြောဆိုဆွေးနွေးနေကြဆဲ ဖြစ်နေကြသေးသည်။ အမေရိကန်နိုင်ငံအတွင်းရှိ တာအများစုကို တူးဖောက်ကြည့်ပါက ရေကြီးရေကျော် ကြုံခဲ့ရတိုင်း အကြိမ်ကြိမ် မြှင့်တင်ထားခဲ့ကြသည်များကို၊ သစ်ပင်များ၏ ပင်စည်များအတွင်းမှ နှစ်ကွင်းများ ကဲ့သို့ပင်၊ အထပ်ထပ် တွေ့ရှိကြရမည် ဖြစ်သည်။

၂ဝ၁၉ ခုနှစ်အတွင်းတွင်လည်း မြစ်ကြီးများ အများစုအတွင်း စံချိန်ကျိုးအောင်နှင့် စံချိန်ကျိုးလုနီးနီး ရေကြီးရေလျှံဖြစ်မှုများနှင့် ကြုံတွေ့လာရသည်နှင့်အတူ ရှေ့တွင် မည်သို့ဆက်လက်ဆောင်ရွက်ကြမည်ကို ဂရုတစိုက် စောင့်ကြည့်ကြဖို့ လိုသည်။ အထူးသဖြင့် ပြီးခဲ့သည့် ရာစုနှစ်တစ်ခုလုံး နိုင်ငံအတွင်း ကြီးမားသည့် ဘေးဒုက္ခများနှင့် ကြုံတွေ့လာစေခဲ့သည့် မအောင်မြင်သည့် “တာတစ်မျိုးတည်း” အင်ဂျင်နီယာ နည်းဗျူဟာကိုသာ ဆက်လက်သုံးစွဲလာမည်ကို ဆန်းစစ်ဝေဖန်ကာ ဆန့်ကျင်ကြဖို့ လိုအပ်သည်။

သမိုင်းကို ငြင်းပယ်သူများသည် တွေ့ကြုံခဲ့ဖူးသည့် အမှားများကို ထပ်ခါတလဲ ပြန်လည်လုပ်ဆောင် တတ်ကြလေ့ရှိသည်။ ၁၈၄၉ ခုနှစ် နယူးအော်လန်း ပြည်နယ်အတွင်း ဘေးဒုက္ခများ ကျရောက်စေခဲ့သည့် မစ္စစ်စီပီမြစ် အောက်ပိုင်း ရေကြီးရေလျှံ ဖြစ်မှုများအပေါ် တစ်မျိုးသားလုံးက စိတ်ဝင်စားခဲ့ကြပြီး၊ နိုင်ငံအနောက်ပိုင်း မြစ်များတစ်လျှောက် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံဖြစ်မှုများမှ ကာကွယ်နိုင်ရန် မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို သိရှိနိုင်ရန်အတွက် ကွန်ဂရက်လွှတ်တော်က လေ့လာဆန်းစစ်မှု နှစ်ခုကို တစ်ပြိုင်နက်တည်း ပြုလုပ်စေခဲ့သည်။

နာမည်ကျော်ကြားလှသည့် မြို့ပြအင်ဂျင်နီယာ ချားလ်စ် အယ်လေ က မစ္စစ်စီပီနှင့် အိုဟိုင်ယိုး မြစ်များအတွက် ဆန်းစစ်ချက် တင်သွင်းရာတွင် ရေကြီးရေလျှံ ဖြစ်မှုများကို ကာကွယ်တားဆီးရန်အတွက် မိုးရေကို အလွှာများဖြင့် အထပ်ထပ် ထိန်းချုပ်စုပ်ယူ ထားနိုင်ရန် တာများ၊ တမံများ၊ ရေစုရေလှောင်ကန်များ၊ ရေဖြတ်စီးရန် လမ်းကြောင်းများ၊ ရေထွက်ပေါက်များနှင့် ရေတိမ်ဒေသများကို ပေါင်းစပ်ဖန်တီးပေးရန် လိုအပ်ကြောင်း တင်ပြခဲ့သည်။ အမေရိကန် အင်ဂျင်နီယာတပ်ဖွဲ့မှ အေ အေ ဟမ်းဖရီး ဦးဆောင်သည့် ဒုတိယအစုကမူ ဆန့်ကျင်ဘက်အမြင်ဖြစ်သည့် ရေကြီးရေလျှံ ဖြစ်မှုများကို ထိန်းချုပ်နိုင်ရန်အတွက် တာတစ်မျိုးတည်းကိုသာ ဇောက်ချ ဖန်တီးတည်ဆောက်ပေးရန် လိုသည်ဟု တင်ပြခဲ့ကြသည်။ ရေဘက်ဆိုင်ရာလုပ်ငန်းများကို လက်တွေ့ လုပ်ကိုင်နေသည့် အမေရိကန် အင်ဂျင်နီယာတပ်ဖွဲ့၏ အခွင့်အာဏာနောက်ခံဖြင့် ဟမ်းဖရီး၏ “တာတစ်မျိုးတည်း” အယူအဆကသာ ဆယ်စုနှစ်ပေါင်းများစွာ ဆက်လက် လွှမ်းမိုးနေခဲ့သည်။

မစ္စစ်စီပီမြစ် အောက်ပိုင်း ရေကြီးရေလျှံဖြစ်မှုများကို ကာကွယ်နိုင်ရန်အတွက် ရေထွက်ပေါက်များ၊ ရေစုရေလှောင်ကန်များ၊ ရေဖြတ်စီးရန် လမ်းကြောင်းများ၊ မြစ်လက်တက်များကို လမ်းလွှဲပေးမှုများနှင့် တာများ တည်ဆောက်ပေးခြင်း စသည့် အဆိုပြုနည်းလမ်းများစွာ ရရှိခဲ့ကြောင်း၊ အဆိုပြုချက်အားလုံးကိုလည်း အမေရိကန် အင်ဂျင်နီယာတပ်ဖွဲ့မှ အသေးစိတ် လေ့လာဆန်းစစ်ချက်များ ပြုလုပ်ခဲ့ကြောင်း၊ တာစနစ်များမှလွဲ၍ အခြား အဆိုပြုချက်များ အားလုံးကို ဆောင်ရွက်ရန် မသင့်လျော်သဖြင့် ပယ်ချခဲ့ကာ၊ တာပတ်သည့်စနစ်သည်သာ မှန်ကန် သင့်လျော်သည့် နည်းလမ်းဖြစ်ကြောင်း တင်ပြခဲ့သည်ဟု ဟမ်းဖရီးက ရေးသားခဲ့သည်။

၁၉ ရာစုအဆုံးထိနှင့် ၂ဝ ရာစု ပထမဆယ်စုနှစ်များ အတွင်း အမေရိကန် အင်ဂျင်နီယာတပ်ဖွဲ့က အခြားဖြစ်နိုင်သည့် နည်းလမ်းများကို ရှောင်ရှားကာ၊ ရှိသမျှ အရင်းအမြစ်များနှင့် အရင်းအနှီးများကို တာများတည်ဆောက်ခြင်းနှင့် မြှင့်တင်ခြင်း၊ တာများကို မြစ်ကြောင်းများနှင့် နီးနိုင်သမျှနီးကပ်စွာ တည်ဆောက်ခြင်းများကို လုပ်ဆောင်ခဲ့သည်။ တာတစ်မျိုးတည်း အစီအစဉ်အောက်တွင် ရေစီးကို ထိန်းချုပ်ပေးခြင်းဖြင့် ဖြစ်လာသည့် မြစ်ကြောင်းတည့်မတ်မှုများကြောင့် အဆိုးဆုံး ရေကြီးရေလျှံမှုများကိုပင် လုံခြုံဘေးကင်းစွာ လွှဲဖယ်သယ်ဆောင်သွားနိုင်စေလိမ့်မည်ဟူသည့် ယုံကြည်ချက်ဖြင့် သဘာဝမြစ်ကြောင်းများနှင့် ထွက်ပေါက်များကို တာများဖြင့် ဖြတ်ပိတ်ခြင်းမျိုး များလည်း ပါဝင်ခဲ့သည်။

တာတစ်မျိုးတည်း အစီအစဉ်အပေါ် ယုံကြည်မှုများမှာ ၁၉၂၇ ခုနှစ်တွင် ရုတ်တရက် လမ်းဆုံးသွားခဲ့သည်။ ဇန္နဝါရီလအတွင်း မစ္စစ်စီပီမြစ်၏ အပိုင်းတချို့မှာ ရေကြီးရေလျှံအမှတ်များ၏ အပေါ်တွင် ရောက်ရှိနေခဲ့ပြီး၊ မစ်ဆိုရီမြစ်ဝှမ်းဒေသတွင် နှင်းများ အရည်ပျော်ခြင်းနှင့် နွေဦးနှင့် နွေရာသီကာလများအတွင်း မိုးကြီးမှုများနှင့် ထပ်မံ ကြုံတွေ့လာခဲ့ရသည်။ ဆယ်စုနှစ်ပေါင်းများစွာ အင်ဂျင်နီယာတပ်ဖွဲ့က တစ်လျှောက်လုံး ထိန်းသိမ်းလာခဲ့သည့် မစ္စစ်စီပီမြစ်သည် မမ်ဖိစ်တွင် တာများကျိုးကျမှုကြောင့် မက်ဆီကို ပင်လယ်ကွေ့အတွင်း ဧကသန်းပေါင်းများစွာ ရေလွှမ်းမိုးခံရပြီး လူ ၁,ဝဝဝ မှ ၃,ဝဝဝ သို့မဟုတ် ၃,ဝဝဝ ကျော်အကြားဖြစ်နိုင်သည့် အသက်များ ဆုံးရှုံးခဲ့ကြရသည်။

၁၉၂၇ ရေကြီးရေလျှံဖြစ်မှုများ၏ လူမှုရေးနှင့် နိုင်ငံရေး အကျိုးဆက်များက အမေရိကန်နိုင်ငံကို အပြောင်းအလဲ ဖြစ်လာစေခဲ့ပြီး၊ ရေကြီးရေလျှံ ဖြစ်မှုများကို ထိန်းချုပ်မှုဆိုင်ရာ အယူအဆတွင် နိုင်ငံ၏ ဦးတည်ရာကို ၁၈ဝ ဒီဂရီ ချိုးကွေ့စေခဲ့သည်။ မိုးရေကို ထိန်းချုပ်နိုင်ရန် အတွက် တမံများတည်ဆောက်မှုကို စနစ်တကျ ငြင်းပယ်လာခဲ့ရာမှ အင်ဂျင်နီယာတပ်ဖွဲ့သည် ၁၉၆၅ ခုနှစ်ခန့်အထိ အဓိကကျသည့် တမံပေါင်း ၂၂၂ ခုကို တည်ဆောက်လာခဲ့ပြီး ယနေ့အချိန်တွင် နိုင်ငံအနှံ့ တမံ ၇ဝဝ ခန့်ထိ ရှိလာခဲ့သည်။ မစ္စစ်စီပီမြစ် အတွက် အင်ဂျင်နီယာတပ်ဖွဲ့က တာတစ်မျိုးတည်း အစီအစဉ်ကို ဂျက်ဒွင်စီမံချက်ဖြင့် အစားထိုးကာ မြစ်လက်တက်များပေါ်တွင် တမံများကို တည်ဆောက်ခဲ့ပြီး၊ ရေဖြတ်စီးရန် လမ်းကြောင်းများနှင့် အခြားနည်းလမ်းများကိုပါ ဆောင်ရွက်ခဲ့မှုကြောင့်၊ ၁၉၂၇ ခုနှစ်မှစကာ ၂ဝ၁၁ နှင့် ၂ဝ၁၉ ခုနှစ်များအတွင်း ဆိုးရွားလှသည့် အခြေအနေများအတွင်း အပါအဝင် မစ္စစ်စီပီမြစ် အောက်ပိုင်း လွင်ပြင်ဒေသကို ရေကြီးရေလျှံ ဖြစ်မှုများမှ ကျယ်ပြန့်စွာ အကာအကွယ် ပေးနိုင်ခဲ့သည်။

၁၉၂၇ ခုနှစ်မှစကာ ယနေ့အထိနှင့် မစ္စစ်စီပီမြစ် အောက်ပိုင်းမှ အမေရိကန် တစ်နိုင်ငံလုံးအထိ လျင်မြန်စွာ ပြောင်းလဲလာခဲ့သည်။ လူမှုအသိုင်းအဝိုင်းများနှင့် တစ်နိုင်ငံလုံးရှိ ရေလျှံကွင်း စိုက်ပျိုးမြေများကို အကာအကွယ်ပေးရာတွင် တာများမှာ အဓိကနေရာမှ ဆက်လက် ပါဝင်လျက်ရှိနေသည်။ တမံများနှင့် ရေစီးဖြတ်လမ်းများက တာများကို အထောက်အကူပေးလျက် ရှိနေကြသည့်အပြင်၊ မြေပြင်တည်ဆောက်မှုမဟုတ်သည့် အမျိုးသားရေကြီးမှု အာမခံအစီအစဉ်ကဲ့သို့သော စီမံချက်များကလည်း ရေကြီးရေလျှံဖြစ်နိုင်သည့် မြေပြင်များပေါ်တွင် လူနေမှုနှင့် ဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်းများကို ကန့်သတ်ထားသည်။

အမေရိကန်နိုင်ငံတွင် မြစ်အတွက်နေရာပေးပါ အစီအစဉ် စတင်မှုအဖြစ် တာများကို မြစ်နှင့်ဝေးရာနေရာများတွင် ပြုလုပ်ပေးခြင်းဖြင့် အနီးဝန်းကျင်တွင် နေထိုင်သူများကို ရေကြီးရေလျှံ ဖြစ်မှုများမှ လုံခြုံမှုတိုးလာစေပြီး၊ ပတ်ဝန်းကျင်နှင့် အပန်းဖြေမှုဆိုင်ရာ အကျိုးများကို ကျယ်ပြန့်စွာ ရရှိလာစေသည်။ သို့ရာတွင် ……. ကောင်းကင်တွင် မိုးညို့လာပြီး၊ မြစ်ရေတက်လာသည်နှင့် ရေလျှံကွင်းတွင် နေထိုင်သူများနှင့် ယင်းတို့၏ နိုင်ငံရေးကိုယ်စားလှယ်များက တောင်းဆိုလာလေ့ ရှိသည်မှာ တာများကို များများနှင့် ကြီးကြီး လုပ်ပေးရန်ဟူ၍သာ ဖြစ်သည်။

ဥပမာအားဖြင့် ၂ဝဝ၇ ခုနှစ် ကျယ်ပြန့်သည့် ရေကြီးရေလျှံ ဖြစ်မှုများအပြီး၊ အီလီနွာမြစ်နှင့် မစ္စစ်စီပီမြစ်အထက်ပိုင်း တစ်လျှောက် စိုက်ပျိုးမြေများကို လာမည့်နှစ် ၅ဝဝ အထိ လုံခြူံမှုရှိလာစေရန်အတွက် ဒေါ်လာ ၆ ဘီလီယန် ကုန်ကျမည့် တာများ တည်ဆောက်ရန် မစ္စစ်စီပီမြစ်အထက်ပိုင်း ဘက်စုံစီမံချက်ကို အင်ဂျင်နီယာတပ်ဖွဲ့က ရေးဆွဲခဲ့သည်။ ကုန်ကျမည့်တန်ဖိုး မြင့်မားလွန်းခြင်းနှင့် တစ်ဒေါ်လာ ရင်းနှီးတိုင်း တရားဝင် ကုန်ကျစရိတ်အပေါ် အကျိုးဖြစ်မှုအချိုး ဝ.ဝ၅ မှ ၅ ဆင့်သာ ရှိသော်လည်း၊ ယင်းစီမံချက်ကို အင်ဂျင်နီယာ တပ်ဖွဲ့၏ မစ္စစစ်စီပီမြစ်ဝှမ်းကော်မရှင်နှင့် ပြည်နယ်သုံးခုမှ အုပ်ချုပ်ရေးမှုးများက ထောက်ခံခဲ့ကြသည်။ ယင်းစီမံချက်အတွက် လွှတ်တော်က ငွေကြေးခွင့်ပြုမှုများ မရှိခဲ့သော်လည်း၊ စီမံချက်ကို ထောက်ခံသူများက ယနေ့တိုင် ဆက်လက် တောင်းဆိုစည်းရုံးလျက် ရှိနေကြဆဲ ဖြစ်သည်။

၂ဝ၁၉ ခုနှစ်အတွက် ရေကြီးရေလျှံဖြစ်မှုများမှာ စောစီးစွာ စတင်ခဲ့ပြီး၊ မစ်ဆိုရီမြစ်၏ အစိတ်အပိုင်းများနှင့် မြစ်လက်တက်များတွင် ရေမှတ်များမှာ မတ်လအတွင်းက စံချိန်တင် မြင့်တက်ခဲ့သည်။ ရေကြီးရေလျှံဖြစ်မှုများအတွင်း ပျက်စီးဆုံးရှုံးမှုများမှာ မြစ်အများစုနှင့် ဗဟိုနှင့် တောင်ပိုင်းဗဟိုဒေသများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့သည်။ ပျက်စီးမှုနှင့် ကုန်ကျစရိတ်များကို မသိရှိရသေးသော်လည်း မြစ်ဆုံနှင့် အိုမာဟာဒေသ အကြား မစ်ဆိုရီမြစ်အတွင်း တာပေါင်း ၁၆ဝ ကျိုးပေါက်မှုများကို ပြင်ဆင်ရန်အတွက်ပင် ဒေါ်လာ ၁.၉ ဘီလီယန် လိုအပ်မည်ဟု ဆိုသည်။

ထို့အပြင် ကွန်ဂရက်လွှတ်တော်တွင်လည်း ၂ဝ၂ဝ ခုနှစ်အတွက် ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုများကို လုပ်ဆောင်နိုင်ရန်အတွက် ရေအရင်းအမြစ်များ ဖွံ့ဖြိုးရေးဥပဒေကို ရေးဆွဲနိုင်ရန်၊ ရေကြီးရေလျှံမှုများနှင့် ဆက်စပ်နေသည့် အကြီးစားတည်ဆောက်မှုများနှင့် စီမံကိန်းများကို ဆွေးနွေးလျက် ရှိနေကြသည်။ ယင်းမှာ အင်ဂျင်နီယာတပ်ဖွဲ့၏ မြို့ပြနှင့် အရေးပေါ် လုပ်ငန်းများအဖွဲ့ ခေါင်းဆောင် ဗိုလ်မှုးချုပ် မိုက်ကယ်ဝဲ့လ်ချ် ပြောသကဲ့သို့ပင် ကောင်းမွန်သည့် အရေးပေါ်အခြေအနေကို လုံးဝလက်မလွှတ်ရန်မျိုး ဖြစ်နေသည်။

တာများမှာ ရေကြီးရေလျှံဖြစ်ပြီးတိုင်း အလိုအလျောက် တောင်းဆိုကြသည့် အရာမျိုးဖြစ်နေသည်။ ဒေသတွင်း နေထိုင်သူများနှင့် နိုင်ငံရေးသမားများက ရေကြီးရေလျှံဖြစ်မှုများကို အပြီးတိုင်အလုံးစုံ တားဆီးပေးနိုင်မည့် ဖျက်ဆီးမရနိုင်သည့် အတားအဆီးများကို တွေးမြင်ကြည့်လေ့ ရှိကြသည်။ ပြည်ထောင်စု အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေး အေဂျင်စီကလည်း တာများ၏နောက်တွင်ရှိနေသည့် မြေပြင်ကို နောက်ထပ် အနည်းဆုံး နှစ် ၁ဝဝ တိုင် ရေလျှံကွင်း ဖြစ်မလာစေရန်အတွက်၊ အမေရိကန် ရေကြီးရေလျှံမြေပုံကို ယင်းပုံစံအတိုင်း အတိအကျ ဖြစ်စေရန် မျက်လှည့်ပြသကဲ့သို့၊ ရေးဆွဲနေသည်။ လက်တွေ့တွင် တာများက ယင်းတို့ကာကွယ်ထားသည့် အကျယ်အဝန်းအတွင်း အမြဲလိုလို ရေကြီးရေလျှံဖြစ်နိုင်သည့် လက်ကျန်အန္တရာယ်ကို ထားခဲ့လေ့ ရှိသည့်အတွက်၊ ရေကြီးရေလျှံ ဖြစ်နိုင်သည့် အန္တရာယ် လုံးဝမရှိနိုင်ဟု ယုံကြည်ကာ ရေလျှံကွင်းများအတွင်း နေထိုင်သူများအနေဖြင့် ညမအိပ်သင့်ကြပေ။

ထို့အပြင် မြစ်တစ်ဘက်ရှိ ရေလျှံကွင်းတစ်ခု၏ အပိုင်းတစ်ခုကို ရေမလျှံစေရန်အတွက် တာများက အကာအကွယ်ပေးခြင်းဖြင့်၊ မြစ်၏အခြားဘက်ကမ်း သို့မဟုတ် မြစ်ညာဘက်နှင့် မြစ်အောက်ဘက်ရှိ နီးစပ်ရာမြေပြင်သို့ ရေကြီးရေလျှံဖြစ်နိုင်သည့် အန္တရာယ်ကို အတိုင်းအဆ တစ်ခုအထိ လွှဲပြောင်းပေးလေ့ ရှိသည်။ မည်သို့ပင်ဖြစ်စေ လွန်ခဲ့သည့် နှစ်ပေါင်း ၁၇ဝ က ချားလ်စ်အယ်လေ ဆိုခဲ့သလိုပင် အမေရိကန်နိုင်ငံအတွင်း များမှ ကာကွယ်ရာတွင် တာများမှာ လုပ်ငန်း၏ အပိုင်းတစ်ခု ဖြစ်နေသည်။ အရေးကြီးသည်မှာ ယင်းတို့ကို ကျယ်ပြန့်သည့်ရေကြီးရေလျှံဖြစ်မှု ကာကွယ်ရေး နည်းဗျူဟာ၏ အစိတ်အပိုင်း တစ်ခုအဖြစ် အသုံးချရန်ဖြစ်သည်။

၂ဝ၁၉ ခုနှစ် ရေကြီးရေလျှံဖြစ်မှုများမှ ပြင်ဆင်မှုများအတွက် ရင်းနှီးမြှုပ်နှံမှုအားလုံးကို အလုံးအရင်းဖြင့် တာတစ်မျိုးတည်း နည်းလမ်းဖြင့် ဖြေရှင်းမည်လား သို့မဟုတ် ဤရင်းနှီးမြှုပ်နှံမှုကို အမြော်အမြင်နှင့် အကျိုးရှိစွာ အဆင့်ဆင့် သတိထားလျက် သုံးစွဲမည်လားဆိုသည့် အမျိုးသားရေးဆိုင်ရာ လမ်းဆုံလမ်းခွတွင် ရောက်ရှိလာနိုင်သည်။ လက်ရှိ ရေကြီးရေလျှံ ဖြစ်မှုများအပြီး တာများပြင်ဆင်သည့် ဥပဒေက ယနေ့အထိ အင်ဂျင်နီယာတပ်ဖွဲ့၏ လုပ်ငန်းများ အားလုံးအတွက် ရက်ရောလှသည့် ငွေကြေးခွဲဝေမှုကို ခွင့်ပြုထားသည်။ မကြာခဏ ကျိုးပေါက်ခဲ့သည့် တာများကိုလည်း ယခင်က ပြင်ဆင်ခဲ့သည့် အကြိမ်ရေ သို့မဟုတ် ကုန်ကျခဲ့သည့် အခွန်ငွေ စသည်များကို ဆန်းစစ်မှု မရှိဘဲ ပြန်လည်ပြင်ဆင်ခဲ့ကြသည်။ အင်ဂျင်နီယာတပ်ဖွဲ့အနေဖြင့် လိုအပ်ချက်များကို လျှော့ပေါ့ပေးရန်အတွက် စဉ်းစားနေသည်ဟု ဆိုကြသဖြင့် တာများကို စီမံခန့်ခွဲနေကြသူများအနေဖြင့် မိမိတို့လုပ်ဆောင်ရန် အချက်များကို ပျက်ကွက်နေကြသော်လည်း ပြင်ဆင်စရိတ်များကို ရနိုင်ခြေ ရှိနေသည်။

၂ဝ၁၉ ခုနှစ်နှင့် အနာဂါတ် ရေကြီးရေလျှံ ဖြစ်မှုများအတွက် အင်ဂျင်နီယာတပ်ဖွဲ့နှင့် ကွန်ဂရက်လွှတ်တော်တို့သည် ပြည်ထောင်စု အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေး အေဂျင်စီမှ သင်ခန်းစာများကို ရယူသင့်ကြသည်။ အမျိုးသား ရေကြီးမှုအာမခံ အစီအစဉ်သည်လည်း အချိန်နှင့်အမျှ ထပ်ခါတလဲလဲ ပြင်ဆင်ခဲ့ရသည့် အမေရိကန် ရေလျှံကွင်းများပေါ်မှ ပိုင်ဆိုင်မှုများအတွက် ပြင်ဆင်စရိတ်များ လျော့နည်းလာစေရေး ရွေးချယ်စရာ နည်းလမ်းများကို အားပေးမြှင့်တင်ရန်အတွက် မူဝါဒဆိုင်ရာ ပြောင်းလဲမှုများ လိုအပ်သည်ဆိုသည့် သင်ခန်းစာကို ခက်ခဲလှသည့် အတွေ့အကြုံများကြားမှ ရယူနိုင်ခဲ့ကြသည်။

တာများအတွက် ထပ်ခါတလဲလဲ ပြင်ဆင်စရိတ်များကို လက်ခံရရှိသူများအနေဖြင့်လည်း တာများကို နောက်ဆုတ်ပေးခြင်း သို့မဟုတ် လက်ရှိ ရန်ပုံငွေချထားရေး ဥပဒေအရ ခွင့်ပြုမထားသေးသည့် မြေယာဝယ်ယူခြင်း စသည့် အလားတူ အခြားနည်းလမ်းများကို ရွေးချယ်စဉ်းစားရန် လိုအပ်ကောင်း လိုအပ်လာနိုင်သည်။ ပိုမိုစနစ်တကျဖြစ်လာစေရန်အတွက် ဒေသဆိုင်ရာ တရားစီရင်ရေးအဖွဲ့များနှင့် အမေရိကန် အသိုင်းအဝိုင်း တစ်ခုလုံးအတွက် တာများနောက်တွင် နေထိုင်ခြင်းအတွက် လက်ကျန်အန္တရာယ်ရှိမှုကို အသိအမှတ်ပြုရန်နှင့် ဖွံ့ဖြိုးမှုအသစ်များကို အခြားရွေးချယ်စရာများနှင့် ရေကြီးရေလျှံဖြစ်မှုများ မကြုံရနိုင်သည့် နေရာဒေသများဆီသို့ လမ်းကြောင်းပေးရန် လိုအပ်သည်။

တစ်ခါက သတင်းထောက်တစ်ယောက်၏ တာများကို ဘာ့ကြောင့်မုန်းတီးပါသနည်း ဟူသည့် အမေးအတွက် ရေကြီးရေလျှံဖြစ်မှု အန္တရာယ်များကို စီမံခန့်ခွဲရာတွင် သုံးစွဲရမည့် နည်းလမ်းများစွာအနက် တာများသည်လည်း တန်ဖိုးရှိသည့် နည်းလမ်းများဖြစ်ကြောင်းနှင့် တာတစ်မျိုးတည်းကိုသာ အသုံးပြုခြင်းသည် မှားယွင်းသည့် လမ်းကြောင်းတစ်ခု ဖြစ်သည်ဆိုသည်မှာ အသစ်အဆန်းမဟုတ်ဘဲ လွန်ခဲ့သည့် ရာစုနှစ် တစ်ခုမျှလောက်ကပင် အမေရိကန် အဖွဲ့အစည်းအနေဖြင့် နားလည်ထားခဲ့ကြပြီး ဖြစ်ကြောင်း ရှင်းပြခဲ့မိသည်။

ယနေ့ ၂ဝ၁၉ ခုနှစ်နှင့် အနာဂါတ်တွင် ကြုံလာရမည့် ရေကြီးရေလျှံဖြစ်မှုများအတွက် ဖြစ်သင့်သည်ထက် ဖြစ်နိုင်သည်ကိုသာ ရွေးချယ် ဆောင်ရွက်လေ့ရှိသည့် နိုင်ငံရေးအရ အမြတ်ထုတ်ရန် ကြိုးစားမှုများကို ဆန့်ကျင်ရန်နှင့် ရေကြီးရေလျှံဖြစ်မှုအန္တရာယ်များကို မည်ကဲ့သို့ အကောင်းဆုံး ရင်ဆိုင်စီမံနိုင်သည်ဆိုသည့် ခက်ခဲစွာရရှိထားသည့် သင်ခန်းစာများကို အသုံးချရန် လိုအပ်ပါသည်။

သိန်းမော် (သြဂုတ်လ ၃ ရက်၊ ၂ဝ၁၉ ခုနှစ်)

***************


ဒီဆောင်းပါးက နည်းပညာအရရော နိုင်ငံရေးအရပါ စိတ်ဝင်စားစရာမို့ ဖတ်မိတာနဲ့ ချက်ချင်းပြန်ရေးလိုက်မိတာပါ။ စာများများရေးနိုင်ဖို့ ရေပါကူးလို့ရမဲ့ သန့်ရှင်းကြည်လင် လှပတဲ့ မြစ်ကမ်းခြေတစ်ခုကို ရှာနေဆဲပါ။

၂ဝ၁၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ထုတ် သိပ္ပံနည်းကျ အမေရိကန် စာစုများမှ နီကိုလာ့စ် ပင်တာ ရေးသားသည့် “တာတွေရဲ့ ပြဿနာ” ဆောင်းပါးကို ပြန်ဆိုပါသည်။

Translation of an article posted on August 1, 2019 on the Scientific American blog “The Problem with Levees” written by Nicholas Pinter.


အမေရိကန်နိုင်ငံဟာ တစ်ဘက်မှာ နည်းပညာအရ တစ်ဘက်ကမ်းခတ်လောက်အောင် တော်ထွန်းနေပေမဲ့ တစ်ဘက်မှာလည်း ပတ်ဝန်းကျင်နဲ့ ရာသီဥတုဆိုင်ရာ တွေးခေါ်ပုံက ရာစုနှစ်တစ်ခုလောက် နောက်ကျနေတဲ့အကြောင်း၊ တာတွေရဲ့ပြဿနာ မဟုတ်ဘဲ လူတွေရဲ့ ပြဿနာကို မီးမောင်းထိုးပြတဲ့ ဆောင်းပါးတစ်ပုဒ်လို့ ခံစားမိရပါတယ်။

ဒါကလည်း ဘေးဒုက္ခတွေရဲ့ ခြိမ်းခြောက်မှုအပေါ် လူတွေဘယ်လို နားလည်လက်ခံသလဲဆိုတာအပေါ် တစ်ပိုင်းအားဖြင့် မူတည်နေပါလိမ့်မယ်။ အမေရိကန်မှာ မြစ်နဲ့တာတွေကြောင့် ဖြစ်လာ ရလာတဲ့ ဒုက္ခတွေရဲ့ ခြိမ်းခြောက်နိုင်မှုက နယ်သာလန်မှာ ပင်လယ်တွေ၊ မြစ်တွေနဲ့ တာတွေကြောင့် ဖြစ်လာခဲ့တဲ့ ခြိမ်းခြောက်မှုလောက် ပြင်းထန်ပုံမရပါဘူး။ အမေရိကန်နိုင်ငံမှာ နယ်သာလန်မှာလို မြစ်အတွက် နေရာပေးပါ အစီအစဉ် သို့မဟုတ် အလားတူအစီအစဉ်မျိုး အကောင်အထည်ဖော်နိုင်ဖို့ ခက်ခဲမယ် ဆိုတာကို ဖော်ပြနေပါတယ်။

နောက် ဘယ်သူတွေက ဘာတွေကို ဘယ်လိုလုပ်ချင်ပါတယ်လို့ ဆိုစေဦးတော့ တကယ်လုပ်ကိုင်ခွင့်ရှိသူက လက်မခံရင် လုပ်လို့ မရနိုင်ဘူးဆိုတဲ့ နိုင်ငံရေးအကွက်ကိုလည်း မြင်ရပါတယ်။ အမေရိကန်နိုင်ငံမှာ တာတမံလုပ်ငန်းတွေကို ရှေးယခင်ကတည်းက အင်ဂျင်နီယာတပ်ဖွဲ့ကသာ လုပ်လာခဲ့တာဖြစ်ပြီး ဥပဒေအရရော လွှတ်တော်နဲ့ နိုင်ငံရေးသမားတွေအပေါ်မှာပါ လွှမ်းမိုးနိုင်တဲ့ အခွင့်အရေးတွေပါ ရနေသလိုဖြစ်နေလို့ ဒီအဖွဲ့ကိုကျော်ပြီး တခြားပညာရှင်တွေရဲ့ အမြင်တွေက တိုးမပေါက်နိုင်တာကိုလည်း ခံစားလို့ ရပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်မီးနဲ့ပတ်သက်ပြီး အများက နည်းမျိုးစုံနဲ့ အကြံပြုတောင်းဆိုနေကြပေမဲ့ တကယ်သော့ကိုင်ထားတဲ့ စွမ်းအင်နဲ့လျှပ်စစ်ဝန်ကြီးဌာနကသာ အခရာကျ ဆုံးဖြတ်သူ ဖြစ်နေသလိုပါပဲ။ သူမလုပ်ချင်ရင် ပြောသမျှဆိုသမျှတွေက အလဟသ ဖြစ်သွားရဖို့သာ ရှိပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ဆယ်စုနှစ်တွေကြာပြီးမှ ဖြစ်လာရလာတဲ့ မှားယွင်းမှုရဲ့ အဖြေတွေအတွက် တာဝန်ယူ တာဝန်ခံမှု ရနိုင်ဖို့ဆိုတာကလည်း အလွန်ခဲယဉ်းပါလိမ့်မယ်။

မြစ်ချောင်းတွေနဲ့ ပတ်သက်ရင် လက်ရှိမြန်မာနိုင်ငံမှာတော့ ငွကြေးရင်းနှီးမြှုပ်နှံမှု အပါအဝင် မူဝါဒဆိုင်ရာတွေမှာပါ လွှမ်းမိုးထားနိုင်တာက အမျိုးသားရေအရင်းအမြစ် စီမံခန့်ခွဲမှု ကော်မီတီပဲ ဖြစ်ပါတယ်။ တစ်ကျောင်းတစ်ဂါထာ တစ်ဌာနတစ်မျိုး လုပ်နေကြမဲ့အစား ပူးပေါင်းလုပ်ဆောင်နိုင်ရင် ပိုကောင်းမှာ ဖြစ်ပါတယ်။ သို့သော် ဒီကော်မီတီရဲ့ အစည်းအဝေးတွေ လုပ်ဆောင်မှုတွေကို တွေ့နေရပေမဲ့ တကယ့် မြေပြင်ပေါ်နဲ့ ရေပြင်ထဲမှာ လက်တွေ့အကျိုးတွေရော ငွေကြေးဆိုင်ရာ အကျိုးဖြစ်မှုတွေ ဘယ်လောက် ရှိလာနေပြီလဲ ဆိုတာတော့ ထင်ထင်ရှားရှား မမြင်ရသေးပါဘူး။ အချိန်မကျသေးဘူးလို့ပဲ မှတ်ယူစောင့်ကြည့်နေရပါဦးမယ်။

မြန်မာနိုင်ငံမှာ အများအားဖြင့် အစိုးရဌာနတွေက “သာယာဇုန်” (Comfort zone) ထဲမှာပဲ နေတတ်ကြလို့ နည်းပညာအရရော လုပ်နိုင်စွမ်းပါ သမားရိုးကျပုံစံတွေကနေ ခွဲထက်စွမ်းဆောင်ဖို့ ခဲယဉ်းကြလေ့ ရှိပါတယ်။ ဒါပေမဲ့ အမေရိကန်မှာ အင်ဂျင်နီယာတပ်ဖွဲ့ရဲ့ အားကြီးလွှမ်းမိုးမှုမျိုး၊ လုပ်သင့်တာထက် လုပ်နိုင်တာကိုပဲ ဦးစားပေး လုပ်နေတာမျိုးထက် နည်းပညာအရရော ငွေကြေးအရပါ ပိုမိုအကျိုးရှိပြီး ရှေရှည်အတွက်ပါ ကောင်းမွန်ခေတ်မီတဲ့နည်းလမ်းတွေနဲ့ လုပ်ဆောင်နေတာမျိုးကိုသာ မြင်ချင်မိပါတယ်။


——-

တင်စန်း

၄/၈/၂၀၁၉

အလွန်ကောင်းမွန်သည့်ဆောင်းပါးတစ်ခုဖြစ်ပါသည်လက်ရှိမြန်မာနိုင်ငံ၏အခြေအနေကိုမီးမောင်းထိုးပြသည်ကဲ့သို့တွေ့မြင်နေရပါသည်။မတည်ဆောက်သင့်သည့်နေရာများတွင်တာတမံများတည်ဆောက်မှုများ၏အကျိုးဆက်များကိုမြင်တွေ့နေရပါပြီ။အနာဂါတ်ကာလများတွင်ပိုမိုကောင်းမွန်သောသဘာဝပါတ်ဝန်းကျင်များတိုးတက်ဖြစ်ပေါ်လာစေရေးအတွက်မလိုအပ်သောတာတမံများလျော့ချခြင်း ရေလမ်းကြောင်းများဖွင့်ပေးခြင်းအထူးသဖြင့်မြစ်ချောင်းများဆက်စပ်အင်းများရေလျံကွင်းများဖွင့်ပေးခြင်းဖြင့်ရေကြီးမှုအန္တရာယ်များအထိုက်အလျောက်လျော့ပါးသွားစေနိုင်မည်ဖြစ်ပါသည်


———

ရည်ညှ ွန်း ( ၅ )

၂၀၁၈ သြဂုတ်လ က ဖြစ်ခဲ့တာ

5/8/2018 7 Days News

ရေဘေးကြောင့် လယ်ယာမြေဧက သုံးသိန်းကျော်ထိခိုက်ပျက်စီး


သြဂုတ် – ၄ ၊၂၀၁၈

ရေကြီးရေလျှံဖြစ်စဉ်တွေကြောင့် တစ်နိုင်ငံလုံးမှာ လယ်ယာမြေဧက ၁၁ သိန်းကျော် ရေလွှမ်းခဲ့ပြီး ဧက သုံးသိန်းကျော် ကတော့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ စိုက်ပျိုးရေး ၊မွေးမြူ ရေးနဲ့ ဆည်မြောင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းဆီက သိရပါတယ်။

ရေဘေးရင်ဆိုင်ခဲ့ရတဲ့ဒေသတွေကတော့ ပဲခူတိုင်း ၊ တနသာၤရီတိုင်း ၊ ကရင်ပြည်နယ် ၊မွန်ပြည်နယ် ၊ ဧရာဝတီ တိုင်းတို့ဖြစ်ပြီး ပဲခူတိုင်းကတော့ ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။


ဝန်ကြီးဌာနက ကောက်ယူထားတဲ့ စာရင်းအရ ပဲခူးတိုင်းက ဧကငါးသောင်း ၊ ဧရာဝတီတိုင်းက ဧကသုံးသောင်း ၊ ကရင်ပြည်နယ် ဧက ခုနှစ်ထောင် ၊ တနသာၤရီတိုင်းက ဧက ကိုးရာ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။


ထိခိုက်ပျက်စီးခဲ့ရတယ်တဲ့ လယ်ယာမြေတွေအတွက် မျိုးစပါးကို ထောက်ပံပေးမယ့်အပြင် နည်းပညာ ပိုင်း လည်းပံ့ပိုးပေးမယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းက မိုးကောင်းခဲ့တာကြောင့် တိုင်ဒေသကြီးနဲ့ပြည်နယ်အချို့မှာ ရေကြီးရေ လျှံမှု ဖြစ်စဉ်တွေဖြစ်ပွားခဲ့တာပါ ။

ရုပ်သံသတင်းထောက် – စောအောင်မင်းဦး

#ရေကြီးရေလျှံ #လယ်ယာမြေ #မျိုးစပါး #7DAY TV


————————

My post /5/8/2019


၂၀၁၈ ဒီအချိန် ဒီလ ဒီနေ့ မှာ ဖြစ်ခဲ့တာ

ရေဘေးတွေက နှစ်စဉ် ကြုံတွေ့နေကြရအုံးမှာပါ

ဘာလုပ်ကြမလဲ

ဘာဆက်လုပ်ကြ မလဲ

ရေကြီးလာတိုင်း နှစ်စဉ်လုပ်နေကြ ရေဘေး ကယ်ဆယ်ရေး ပစ္စည်းတွေ

စားစရာတွေ ဘဲ ဆက်ဝေနေကြအုံးမှာဘဲလား

အလှ ူအတန်း ရက်ရော ကြတဲ့ မြန်မာလူမျိ ုးတွေ ဆိုတာတော့ မငြင်းပါဘူး

အရင် နောက်ဆုံး အစိုးရ လက်ထက် ကတည်းက ဒီနေ့ ဒီမိုကရေစီ အစိုးရ ကာလ အထိ

ဪနိုင်ငံတော်အဆင့်ရေအရင်းအမြစ်ကော်မီတီ ဆိုတာ ရှိခဲ့တယ်