Languages :Myanmar မြန်မာစာမြန်မာစကား

ဗမာလူမျိုးသည် တိဗက်-တရုတ် စကားပြောအုပ်စုမှဖြစ်သည်။ဗမာလူမျိုး၏အစသည် တရုတ်နိုင်ငံယူနန်ပြည်နယ်မှဖြစ်သည်။အေဒီ ၇၅၅မှာ ယူနန်နယ်က မြန်မာ-ယီစကားပြောနိုင်ငံ နန်ချောင်(Nanzhao)က ပတ်ဝန်းကျင်ဒေသတွေကို နယ်ချဲ့လာပါတယ်။

အေဒီ ၈၃၂မှာ နန‌်ချောင်နိုင်ငံက မြန်မာပြည်အလယ်ပိုင်းက ပျူနိုင်ငံကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ဒီလိုသိမ်းပိုက်လိုက်ခြင်းက ဗမာတွေနိုင်ငံသစ်တည်ထောင်ဖို့ ခြေလှမ်းသစ်က အစပြုလိုက်တာပဲဖြစ်တယ်။

နန်ချောင်တပ်တွေကျုးကျော်ပြီးတဲ့နောက်မှာ ဗမာတွေက အလယ်ပိုင်းဧရာဝတီမြစ်ဘေးသို့ပြောင်းရွှေ့ပြီး ပုဂံနိုင်ငံ(အေဒီ ၈၄၉ -၁၂၈၇)ကိုတည်ထောင်ခဲ့ပါသည်။

ပုဂံဘုရင်အနော်ရထာ အုပ်စိုးခဲ့ကာလအတွင်း ပုဂံနိုင်ငံက ရွှေခေတ်ဖြစ်ခဲ့ပါတယ်။

အေဒီ ၁၀၁၈ မှာ ပုဂံနိုင်ငံက အာရိယာန်စကားပြောနိုင်ငံ ဝေသာလီ(Vesali)ကို ကျူးကျော်သိမ်းပိုက်ခဲ့ပါတယ်။ထိုကာလအတွင်း ဗမာလူမျိုးအများစုက ဝေသာလီနိုင်ငံသို့အခြေချသွားခဲ့ကြပါတယ်။ဝေသာလီခေတ်နောက်ပိုင်းတည်ထောင်တဲ့ ရခိုင်နိုင်ငံရဲ့နာမည်များကတော့ အာရိယာန်နာမည်မဟုတ်တော့ကြောင်းတွေ့ရှိရပါတယ်။

ဗမာစကားသည် lolo-Burmeseစကားထဲက Burmishထဲတွင်ပါဝင်သည်။

၁၁ ရာစု ပုဂံခေတ်တွင် ပါဠိ၊ပျူ၊မွန်၊ မြန်မာ ဘာသာစကား ၄ မျိုး ဖြင့်
ကျောက်စာ ရေးထိုး ခဲ့ သည့် အနော်ရထာမင်းကြီး ၏ ရှေးရှေး တုန်းက ပုဂံနေပြည်တော်

ဗမာစကားအုပ်စုကိုနှစ်ခုခွဲထားပါတယ်။Northern Burmishနဲ့Southern Burmishတို့ဖြစ်ပါတယ်။Northern Burmishမှာ ဇိုင်ဝါး၊အာချန်၊လော်ဝေါ်တို့ပါဝင်ကြပြီး Southern Burmishမှာ ဗမာ၊ရခိုင်၊မရမာ၊မြိတ်၊အင်းသား၊ဓနုတို့ပါဝင်ပါတယ်။Southern Burmishနဲ့Northern Burmishမှာ Northern Burmishစကားတွေဖြစ်တဲ့ ဇိုင်ဝါး၊လော်ဝေါ်၊အာချန် တို့က ဗမာ၊ရခိုင် စကားတို့ထက် ပိုရှေးကျတာတွေ့ရှိရပါတယ်။

ရခိုင်လူမျိုးက အေဒီ ၁၁ရာစုမှ ဗမာလူမျိုးထဲက ရွေ့ပြောင်းပြီး ရခိုင်ဒေသ‌သို့ပြောင်းရွေ့နေထိုင်သူတွေဖြစ်ကြပါတယ်။ဝေသာလီ‌ခေတ်အထိအုပ်စိုးတဲ့ရှေးရခိုင်‌တွေက အာရိယာန်လူမျိုးဖြစ်ပြီး ယနေ့ရခိုင်လူမျိုးတွေကတော့ ဗမာလူမျိုးကဲ့သို့ပင် တိဗက်မြန်မာလူမျိုးဖြစ်ကြပါတယ်။

Credit: Facebook post